အီတလီကို သွားရောက်ကစားလိုတယ်လို့ ဝန်ခံခဲ့ပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းရဲ့ တိုက်စစ်မှူး လူကာကူဟာ အနာဂတ်မှာ အီတလီကို သွားရောက်ကစားဖို့ မျှော်လင့်ထားကြောင်း ဝန်ခံပြောကြားခဲ့ပြီး မန်ချက်စတာယူနိုက်တက်အသင်းမှာ ကာလရှည်ဆက်ရှိနေဖို့အတွက် မရေမရာဖြစ်နေကြောင်းကို လှစ်ဟပြခဲ့ပါတယ်။



gettyimages-1046626340.jpg

Photos: Metro

ဘယ်လ်ဂျီယံလက်ရွေးစင်တိုက်စစ်မှူး လူကာကူဟာ မန်ချက်စတာယူနိုက်တက်အသင်းအတွက် ယခုရာသီမှာ ၇ ပွဲပါဝင်ကစားပေးထားပြီး ၄ ဂိုးသွင်းယူပေးထားတဲ့ကစားသမားဖြစ်ပါတယ်။ ဒါပေမယ့် လူကာကူဟာ ယခုရာသီမှာ ၎င်းရဲ့ပုံမှန်ခြေစွမ်းပြန်လည်ရရှိဖို့ ရုန်းကန်နေရဆဲဖြစ်ပြီး အနာဂတ်နဲ့ပတ်သက်ပြီး Gazetta dello Sport နဲ့ တွေ့ဆုံရာမှာ မန်ယူအသင်းမှာ ရေရှည်ဆက်ရှိနေနိုင်မှာမဟုတ်ကြောင်း အရိပ်အမြွက် ပြောကြားလိုက်တာဖြစ်ပါတယ်။

Photos: Goal

 

လူကာကူဟာ အသင်းဖော်ဖြစ်တဲ့ ပေါ့ဂ်ဘာနည်းတူ မန်ချက်စတာယူနိုက်တက်အသင်းကနေ ထွက်ခွာလိုကြောင်းကို ထုတ်ဖော်ပြောကြားခဲ့တာဖြစ်ပြီး ဘယ်အချိန်မှာ အသင်းကနေ ထွက်ခွာမလဲဆိုတာကိုတော့ ပြောကြားခဲ့ခြင်းမရှိပါဘူး။ လူကာကူရဲ့ညီဖြစ်တဲ့ ဂျော်ဒန်ဟာ လာဇီယိုအသင်းမှာ ကစားနေတာဖြစ်ပြီး လူကာကူကို အီတလီမှာ ကစားဖို့ဆန္ဒရှိလားလို့ သတင်းထောက်က မေးမြန်းခဲ့တာဖြစ်ပါတယ်။

ချန်ပီယံလိဂ်ဖလားကို မကိုင်မြှောက်နိုင်ခဲ့တဲ့ ကမ္ဘာ့ထိပ်တန်းအဆင့် ကစားသမား ၅ ဦး 

"ဘာလို့ မကစားရမှာလဲ။ အဲဒါတကယ်ဖြစ်လာလိမ့်မယ်လို့ ကျွန်တော်မျှော်လင့်ပါတယ်"လို့ ပြောကြားခဲ့ပါတယ်။

လူကာကူက မန်ချက်စတာယူနိုက်တက်အသင်းနဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ တစ်အုပ်စုတည်းကျရောက်နေတဲ့ ဂျူဗင်တပ်အသင်းဟာ ဥရောပရဲ့အကောင်းဆုံးအသင်းတွေထဲကတစ်သင်းဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

"လုံးဝသံသယဖြစ်စရာ မရှိပါဘူး။ ဂျူဗင်တပ်က ဥရောပရဲ့ အကောင်းဆုံးအသင်းတွေထဲကတစ်သင်းပါ"

"သူတို့ရဲ့ ခုံတန်းမှာ ကောင်းမွန်တဲ့နည်းပြတစ်ဦး ရှိနေပါတယ်။ အသင်းရဲ့နေရာတိုင်းမှာလည်း ထူးခြားကောင်းမွန်တဲ့ကစားသမားတွေလည်း ရှိနေပါတယ်"လို့ ပြောကြားခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က