လက်ဒဏ်ရာကြောင့် ဆေးရုံရောက်နေတာပါ။

ဆာဒီယိုမာနေးဟာ နိုင်ငံတကာအားလပ်ရက်မှာ နောက်ဆုံးဒဏ်ရာရရှိသွားခဲ့တဲ့ လီဗာပူးကစားသမားဖြစ်လာခဲ့ပြီး အသင်းရဲ့အဓိကအားထားရတဲ့ မိုဟာမက်ဆာလာ၊ ဗန်ဒိုက်၊ မာနေးတို့ ဒဏ်ရာရရှိနေတာကြောင့် လီဗာပူးအသင်းနည်းပြ ယာဂင်ကလော့ပ်အတွက် ခေါင်းခဲစရာဖြစ်ခဲ့ပြီဖြစ်ပါတယ်။

manes.JPG 



ဆီနီဂေါလက်ရွေးစင်တိုက်စစ်မှူး ဆာဒီယိုမာနေးဟာ ဆူဒန်အသင်းနဲ့ ယှဉ်ပြိုင်ကစားမယ့်ပွဲစဉ်မတိုင်မီ လေ့ကျင့်ရေးမှာ လက်ဒဏ်ရာရရှိခဲ့တာကြောင့် ဆေးရုံကို သွားရောက်ပြသခဲ့ရပြီး ဘယ်ဖက်လက်မကျိုးသွားခဲ့တယ်လို့ သိရပါတယ်။

ဘာနေဗျူးကို ဟယ်ရီကိန်း လာရောက်ဖို့ ရာမို့စ် သွေးဆောင်ခဲ့တာလား 

မာနေးရဲ့ဒဏ်ရာဟာ အရမ်းမပြင်းထန်ပေမယ့် ဆူဒန်အသင်းနဲ့ ယှဉ်ပြိုင်ကစားမယ့်ပွဲစဉ်မှာ အရန်ခုံမှာ ထိုင်နေရမယ့်အစား ဆီနီဂေါအသင်းအတွက် ပါဝင်ကစားပေးခဲ့မယ်ဆိုရင်တော့ လက်ရှိအခြေအနေထက် ပိုမိုဆိုးရွားသွားနိုင်တယ်လို့ သိရပါတယ်။

 

မာနေးရဲ့ဒဏ်ရာသတင်းဟာ မိုဟာမက်ဆာလာ၊ ဗန်ဒိုက်တို့ ဒဏ်ရာကြောင့်် နိုင်ငံတကာတာဝန်တွေက အိမ်စောစောပြန်လာခဲ့ရတာ မြင်တွေ့ခဲ့ရတဲ့ ယာဂင်ကလော့ပ်အတွက် နောက်ထပ် သတင်းဆိုးတစ်ခုဖြစ်လာခဲ့ပြီဖြစ်ပြီး နိုင်ငံတကာအားလပ်ရက်အပြီး ဟက်ဒါစ်ဖီးလ်အသင်းနဲ့ ကစားရမယ့်ပွဲစဉ်ကို လွဲချော်ဖွယ်ရှိနေတာဖြစ်ပါတယ်။

[No available link text] 

မိုဟာမက်ဆာလဟာ အီဂျစ်အသင်းက ဆွာဇီလန်အသင်းကို ၄ ဂိုး ၁ ဂိုးနဲ့ အနိုင်ရရှိခဲ့တဲ့ပွဲစဉ်မှာ ကြွက်သားနာကျင်ဒဏ်ရာရရှိခဲ့တာဖြစ်ပြီး ဗန်ဒိုက်ကတော့ နယ်သာလန်အသင်းက ဂျာမနီအသင်းကို ၃ ဂိုး ဂိုးမရှိနဲ့ အနိုင်ရရှိခဲ့တဲ့ပွစဉ်မှာ နံရိုးဒဏ်ရာပြဿနာ ရရှိခဲ့တာဖြစ်ပါတယ်။

Share

Loading Next Article...
က္က