ESPN နဲ့ အင်တာဗျူးမှာ ပြောခဲ့တာပါ။

မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ဂန္ထဝင်ကစားသမားကြီး ပေါလ်စခိုးက မန်ယူအသင်းကို မက်ဆီ ရောက်လာပါကလည်း ရုန်းကန်ရ လိမ့်မယ်လို့ ပြောဆိုလိုက်ပါတယ်။ ESPN နဲ့ အင်တာဗျူးအစီအစဉ်မှာ ပေါလ်စခိုးက သူ့ရဲ့ အမြင်တွေကို ဝေဖန် သုံးသပ်ပြခဲ့ပြီး မော်ရင်ဟိုရဲ့ လက်အောက်မှာ ကစားသမားတွေ ရုန်းကန်နေရတဲ့ အကြောင်းရင်းကိုလည်း ရှင်းလင်းခဲ့ပါတယ်။



Photo : Daily Mail

 

"အသင်းကို ဘယ်လိုကစားသမားမျိုးပဲလာလာ ရုန်းကန်နေရမှာပဲလို့ ခံစားရတယ်၊ ကျွန်တော်တို့ လီယွန်နယ်မက်ဆီကို ခေါ်ခဲ့ရင်တောင်မှ သူလည်း ဒီအသင်းမှာ ခက်ခက်ခဲခဲ ရုန်းကန်နေရမှာပါပဲ၊ နောက်ကြောင်းပြန်ပြောဆိုရတာမျိုး ကျွန်တော် မကြိုက်ပါဘူး၊ ကျွန်တော်တို့ ဘယ်လိုကစားခဲ့တယ်၊ ဘယ်လိုတွေ ပြုမူခဲ့တယ်ဆိုတာပေါ့၊ ဒါပေမယ့် လက်ရှိအသင်းက ကစားသမားတွေကို ကြည့်မယ်ဆိုရင် သူတို့မှာ အရည်အသွေးနည်းပါးနေတာလို့ ကျွန်တော် မထင်ဘူး"

ဘာပြောခဲ့မှန်းမသိခဲ့ပေမယ့် မော်ရင်ဟိုကို စွဲချက်တင်ခဲ့တဲ့ FA  

Photo : Daily Mail

 

"သူတို့မှာ တခြားထိပ်တန်းအသင်းတွေကလိုမျိုး ကမ္ဘာ့အဆင့်ကစားသမားတွေ မရှိတာနဲ့ ကြုံနေရတယ်၊ ကွင်းလယ်ကနေ ထိန်းချုပ်ပေးနိုင်တဲ့ ကစားမျိုးလည်းပဲ မရှိဘူး၊ ကီဗင်ဒီဘရိုင်း၊ ဟာဇက် ဒါမှမဟုတ် ဒေးဗစ်ဆေးဗားတို့လိုပေါ့၊ ကျွန်တော်တို့အသင်းမှာ ရှိတာက ဂျက်ဆီလင်ဂတ်၊ သူ့ရဲ့ အကောင်းဆုံးနေရာက ဘယ်နေရာလဲ ခင်ဗျား သိနိုင်ပါ့မလား၊ မသိနိုင်ပါဘူး"

Photo : Daily Mail

 

"ဟွမ်မာတာဆိုလည်း အရည်အသွေးပြည့်ဝတဲ့ ကစားသမားပါ၊ ဒါပေမယ့် နည်းပြ သူ့ကို ညာခြမ်းမှာပဲ ကစားခိုင်းနေတယ်၊ သူ့မှာရှိတဲ့ ခြေထောက်တွေနဲ့ ဒီနေရာမှာ သူ ဘယ်လိုလုပ်ကစားနိုင်ပါ့မလဲ၊ မာရှယ် နဲ့ ရက်ဖို့ဒ်ဆို တကယ်အရည်အချင်းရှိတဲ့ ကစားသမားတွေပါ၊ သူတို့ တိုးတက်လာဖို့အတွက် ယုံကြည်မှုပြည့်ဝဖို့ လိုအပ်နေသေးတယ်၊ ဒီကစားသမားတွေက တခြားအသင်းမှာသာဆို အရမ်းတန်ဖိုးရှိတဲ့ ကစားသမားတွေ ဖြစ်လာမှာပါ၊ မာရှယ်ကို ဒီလိုပုံစံမျိုးလို့ ကျွန်တော်တော့ ထင်တယ်" လို့ ပေါလ်စခိုးက ပြောခဲ့ပါတယ်။

Photo : Daily Mail

 

ဒါ့အပြင် ပေါလ်စခိုးက မန်ချက်စတာယူနိုက်တက်အသင်းကို လီဗာပူးလ်အသင်းလို အဖြစ်မျိုးနဲ့ ကြုံတွေ့ရမှာကိုလည်း စိုးရိမ်နေပါတယ်။ လီဗာပူးလ်ဟာ အမှတ်ပေးဖလားကို ရရှိဖို့အတွက် ကြိုးစားလာခဲ့တာ (၂၉)နှစ် ရှိလာခဲ့ပြီ ဖြစ်ပါတယ်။ ဒီရာသီမှာတော့ ယာဂင်ကလော့ပ်ရဲ့အသင်းဟာ ခြေစွမ်းပြကစားနေပြီး အမှတ်ပေးဖလားကို စိန်ခေါ်နေတဲ့ အသင်းတစ်သင်းဖြစ်နေခဲ့ပါတယ်။

Photo : Daily Mail

 

"အသင်းက အခုဆို လွန်ခဲ့တဲ့နှစ်တွေက လီဗာပူးလ်လို ဖြစ်နေပါတယ်၊ တူညီတဲ့ အမှားတွေကို ကျူးလွန်နေပါတယ်၊ ဒီလိုအဆင့်မျိုး ရောက်လာအောင် နှစ်တိုင်းမှာ ကစားသမားတွေ သူတို့ဝယ်တယ်၊ နည်းပြတွေကို ပြောင်းလဲခဲ့တယ်၊ မန်စီးတီး နဲ့ လီဗာပူးလ်လို ပုံစံမျိုး ဖြစ်လာအောင် ကျွန်တော်တို့ ပြန်ကြိုးစားသင့်နေပါပြီ" လို့ ပေါလ်စခိုးက ပြောဆိုသွားခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က