လီဗာပူးရဲ့ ၄ယောက်မြောက် ဒဏ်ရာရ ကစားသမား ဖြစ်လာခဲ့ပါတယ်။

အာဖရိကနေးရှင်းဖလား ခြေစစ်ပွဲမှာ ဂူနီယာအသငးအတွက်ကစားခဲ့တဲ့ပွဲမှာ တံကောက်ကြောဒဏ်ရာရရှိခဲ့တာ ဖြစ်ပြီး ဒီဒဏ်ရာကိုတော့ ဓာတ် မှန်ရိုက်စစ်ဆေးဖို့ လိုအပ်နေတာ ဖြစ်ပါတယ်။

Photo - The National

 

ဂူနီယာအသင်းနဲ့အတူ ပါဝင် ကစားခဲ့တဲ့ အာဖရိကနေရှင်းဖလား ခြေစစ်ပွဲမှာ ရရှိခဲ့တဲ့ ဒဏ်ရာကြောင့် လီဗာပူး ကစားသမား ကီတာအနေနဲ့ ဓာတ်မှန်ရိုကစစ်ဆေးဖို့ လိုအပ်နေပါတယ်။

ဘာပြောခဲ့မှန်းမသိခဲ့ပေမယ့် မော်ရင်ဟိုကို စွဲချက်တင်ခဲ့တဲ့ FA 

ကီတာအနေနဲ့ တံကောက်ကြော ဒဏ်ရာကို ခံစားခဲ့ရတာ ဖြစ်ပြီး အခု ဒဏ်ရာ မတိုင်မီကလည်း ဒီလ အစော ပိုင်းက နာပိုလီအသင်းနဲ့ ကစားခဲ့တဲ့ ချန်ပီယံလိဂ် ပွဲမှာလည်း ကျောဒဏ်ရာ ရရှိထားသူ ဖြစ်ပါတယ်။

Photo - Record

 

အခုလို နိုင်ငံတကာပွဲ မကစားမီမှာတော့ မန်စီးတီးနဲ့ ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်ကို ပါဝင်ကစားပေးနိုင်ခဲ့ပေ မယ့် အခုအချိန်မှာတော့ နောက်ထပ် ဒဏ်ရာ ထပ်မံ ခံစားခဲ့ရပြန်တာ ဖြစ်ပါတယ်။

ကီတာက လီဗာပူးအသင်းအတွက် လိုက်ပ်ဇက်အသင်းကနေပြောင်းရွှေ့လာပြီးကတည်းက ၁၀ ပွဲ ပါဝင်ကစား ပေးထားနိုင်တဲ့ ကစားသမား ဖြစ်ပါတယ်။

Photo - UK Express

 

အခုလို ဒဏ်ရာရရှိခဲ့တာကတော့ လီဗာပူးအသင်းရဲ့ ၄ ယောက်မြောက် ဒဏ်ရာရ ကစားသမားဖြစ်လာခဲ့ပြီး ကီတာရဲ့ရှေ့မှာ မိုဟာမက်ဆာလာ၊ဆာဒီယို မာနေး၊ဗာဂျယ် ဗန်ဒိုက်တို့ ဒဏ်ရာအသီးသီးရရှိထားကြပါတယ်။

လီဗာပူးအသင်းကတော့ လာမယ့်တစ်ပတ်မှာ ဟက်ဒါဖီးနဲ့ ကစားဖို့ရှိနေပြီး အခုလို အဓိက  ကစားသမား ၄ ဦး ဒဏ်ရာရနေလို့ အခက်ကြုံရဖွယ်ရှိနေပါတယ်။

Share

Loading Next Article...
က္က