ဂိုးဖန်တီးမှုအကြိမ် (၁၀၀) အမြန်ဆုံးပြည့်မြောက်ခဲ့တာပါ။

ချယ်လ်ဆီးအသင်းရဲ့ ကွင်းလယ်ကစားသမား ဖာဘရီဂတ်စ်ဟာ ဂင်းနစ်စံချိန်တင် မှတ်တမ်းစာအုပ်အတွင်းမှာ ထည့်သွင်းဖော်ပြ ခံလိုက်ရပြီဖြစ်ပါတယ်။ ၂၀၁၉ ခုနှစ်အတွက် ပြုလုပ်ခဲ့တဲ့ ကမ္ဘာ့ဂင်းနစ်စံချိန်မှတ်တမ်းတွေထဲမှာ ဖာဘရီဂတ်စ်ဟာ ပရီးမီးယားလိဂ်ရဲ့ ဂိုးဖန်တီးပေးပို့မှု အကြိမ် (၁၀၀)ကို အမြန်ဆုံးပြည့်မြောက်ခဲ့တဲ့ ကစားသမားအဖြစ် မှတ်တမ်းတင် ခံခဲ့ရတယ်လို့ SportBible က ဖော်ပြခဲ့ပါတယ်။

Photo : Sportbible

 

ဒီစံချိန်ကို ရရှိဖို့အတွက် ဖာဘရီဂတ်စ်ဟာ ပွဲပေါင်း (၂၉၃)ပွဲ ကစားခဲ့ရပါတယ်။ ချယ်လ်ဆီးက စတုတ်စီးတီးအသင်းကို (၄-၂) ဂိုးနဲ့ အနိုင်ရရှိခဲ့တဲ့ ၂၀၁၆ ပရီးမီးယားလိဂ်ပွဲစဉ်မှာ ဖာဘရီဂတ်စ်က ဂိုးဖန်တီးပေးနိုင်မှု အကြိမ် (၁၀၀) ပြည့်မြောက်ခဲ့တာဖြစ်ပါတယ်။ ဒီစံချိန်ဟာ မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ ကစားသမားဟောင်းကြီး ရွိုင်ယန်ဂစ်ရဲ့ စံချိန်ကို ကျော်တက်နိုင်ခဲ့တာပါ။ ဂစ်ကတော့ ဂိုးဖန်တီးမှု အကြိမ် (၁၀၀) ပြည့်ဖို့ ပွဲပေါင်း (၃၆၇)ပွဲ ကစားခဲ့ရပါတယ်။

ဆာအဲလက်စ်ဖာဂူဆန် ပြောပြခဲ့တဲ့ ဝိန်းရွန်နီရဲ့ အကြောင်း 

"ကျွန်တော်က မြန်ဆန်တဲ့သူ၊ သန်မာတဲ့သူ၊ အရမ်းကြီးအပြောင်းအလဲလွယ်တဲ့သူမဟုတ်ပါဘူး၊ ပြီးတော့ အရမ်းကြီးလည်း မခုန်နိုင်ပါဘူး၊ ဒါပေမယ့် ဒီလိုစံချိန်မှတ်တမ်းရခဲ့တာဟာ ကျွန်တော့်ရဲ့ ကစားသမားဘဝမှာ ဂုဏ်အယူရဆုံး တစ်ခုဖြစ်လာခဲ့ပါပြီ၊ ကျွန်တော့်ရဲ့ အလုပ်က ဒါပဲလေ၊ အဲဒီအတွက် ကျွန်တော် ကောင်းကောင်းလုပ်နိုင်ခဲ့လို့ပါ" လို့ ဖာဘရီဂတ်စ်က ပြောခဲ့ပါတယ်။

Photo : Sportbible

 

"ကျွန်တော်က အရမ်းကံကောင်းတဲ့ ကစားသမားပါ၊ ဒင်းနစ်ဘားကမ့်၊ သီယာရီအွန်နရီ၊ ပက်ထရစ်ဗီအဲရာတို့လို ကစားသမားတွေနဲ့ ကြုံကြိုက်ခဲ့ရလို့ပါ၊ အာဆင်နယ်ကို ရောက်လာခဲ့တော့ ကျွန်တော် မြင်ခဲ့ရတာတွေကို ယုံတောင်မယုံကြည်ခဲ့မိပါဘူး" လို့လည်း ဖာဘရီဂတ်စ်က သူ့ရဲ့ အာဆင်နယ်ကစားဘဝအစကို ပြန်ပြောင်းပြ ပြောဆိုခဲ့ပါတယ်။ ဖာဘရီဂတ်စ်ဟာ အခြားစံချိန်တစ်ခုအဖြစ် ၃၀ စက္ကန့်အတွင်း မြေမကျဘောလုံးကို (၁၅)ကြိမ် ပေးပို့နိုင်တဲ့ မှတ်တမ်းကိုလည်း ပိုင်ဆိုင်ခဲ့ပါတယ်။

Photo : Give Me Sports

 

Guinness World Records 2019 မှာတော့ ဖာဘရီဂတ်စ်လိုမျိုး စံချိန်မှတ်တမ်းပါဝင်ခဲ့တဲ့ အခြားပရီးမီးယားလိဂ်ကစားသမားတွေနဲ့ အသင်းလည်း ပါဝင်ခဲ့ပါတယ်။ မိုဟာမက်ဆာလာက ပရီးမီးယားလိဂ်ရဲ့ တစ်ရာသီအတွင်း ဂိုးသွင်းအများဆုံးကစားသမား (၃၂)ဂိုး၊ တစ်ရာသီအတွင်း ဂိုးအများဆုံးသွင်းနိုင်ခဲ့တဲ့ ပွဲအရေအတွက် (၂၄) အစရှိတဲ့မှတ်တမ်းတွေ ဖော်ပြခံခဲ့ရပါတယ်။

Photo : Goal.com

 

စပါးတိုက်စစ်မှူးဟယ်ရီကိန်းကတော့ ပြက္ခဒိန်တစ်နှစ်အတွင်း ပရီးမီးယားလိဂ်သွင်းဂိုးအများဆုံး သွင်းယူနိုင်သူ (၃၉)၊ ပြက္ခဒိန်တစ်နှစ်အတွင်း ဟက်ထရစ်အများဆုံး ရရှိသူ (၆) အဖြစ် သတ်မှတ်ခံရခဲ့ပါတယ်။ ပရီးမီးယားလိဂ်ဖလား ရရှိခဲ့တဲ့ မန်စီးတီးအသင်းကတော့ ရမှတ်အများဆုံး(၁၀၀)၊ နိုင်ပွဲအများဆုံး (၃၂)ပွဲ၊ ဂိုးသွင်းအများဆုံး (၁၀၆) နဲ့ နိုင်ပွဲဆက်မှုအများဆုံး (၁၈)ပွဲ အစရှိတဲ့ စံချိန်တွေပိုင်ဆိုင်ခဲ့မှုကို ဖော်ပြခံခဲ့ရပါတယ်။

Share

Loading Next Article...
က္က