ပြန်လည်ဝယ်ယူခွင့်သဘောတူညီမှု ရရှိထားတာပါ။

၂၀၁၈ ခုနှစ်ရဲ့ မေလ (၁၉)ရက်နေ့မှာ မန်ချက်စတာယူနိုက်တက်ရဲ့ ကျောနံပါတ် (၇)ကို ဝတ်ဆင်ခဲ့ဖူးတဲ့ ကစားသမားဟောင်း ဒီပိုင်းဟာ လိုင်ယွန်က နိုက်ကို (၃-၂) နဲ့ နိုင်ခဲ့တဲ့ပွဲမှာ အသင်းအတွက် ဟက်ထရစ်ဂိုး သွင်းယူလိုက်ပါတယ်။ ပွဲအပြီးမှာတော့ လိုင်ယွန်အသင်းရော၊ ပရိသတ်တွေပါ ကွင်းအတွင်းမှာ ပျော်ရွှင်စွာအောင်ပွဲခံနေခဲ့ကြပါတယ်။ ဘာလို့လဲဆိုတော့ ချန်ပီယံလိဂ် ဝင်ခွင့် တစ်နေရာစာအတွက် သူတို့အသင်း သေချာသွားခဲ့လို့ပါပဲ။

Photo : ESPN

 

အဲဒီနေ့မှာပဲ မန်ယူအသင်းဟာ အက်ဖ်အေဖလားဗိုလ်လုပွဲမှာ ချယ်လ်ဆီးကို တစ်ဂိုး-ဂိုးမရှိနဲ့ ရှုံးပြီး ဆုဖလားလက်မဲ့ရာသီကို ဖြတ်သန်းနေခဲ့ ရပါတယ်။ ဒီပိုင်းက လိုင်ယွန်အသင်းအတွက် (၂၂)ဂိုး သွင်းယူပြီး ခြေစွမ်းပြခဲ့ပြီး မန်ယူအတွက် ဂိုးသွင်းအများဆုံး ကစားသမားတွေအဖြစ် ရပ်တည်ခဲ့တဲ့ ရက်ဖို့ဒ် နဲ့ လင်ဂတ်တို့က တစ်ဦးကို (၁၃)ဂိုးစီ သွင်းယူပေးနိုင်ခဲ့ပါတယ်။ သွင်းဂိုးတွေက ပြီးခဲ့တဲ့ ရာသီမှာ မန်ယူအသင်း ကြုံတွေ့ခဲ့ရတဲ့ ဆိုးကျိုးတွေရဲ့ အပိုင်းအစတွေ ဖြစ်ခဲ့ပါတယ်။ အမှတ်ပေးဇယားမှာ ဒုတိယနေရာ ရပ်တည်နိုင်ခဲ့ပြီး သူတို့ရဲ့ သွင်းဂိုးက ၆၈ ဂိုးပါ။ ချန်ပီယံဖြစ်ခဲ့တဲ့ မန်စီးတီးထက် (၃၈)ဂိုးတိတိ လျော့နည်းခဲ့တာပါ။ တစ်ရာသီလုံးမှာ တစ်ပွဲကို တစ်ဂိုးနှုန်းလောက် မန်ယူက မန်စီးတီးထက် နည်းခဲ့တယ်လို့ ယေဘုယျအားဖြင့် တွက်ဆလို့ ရပါတယ်။

သိထားသင့်တဲ့ ဆော်ဒီမင်းသား မိုဟာမက်ဘင်ဆယ်လ်မန်းရဲ့ အကြောင်းအရာတချို့ 

Photo : 101 Great Goals

 

ဒီရာသီမှာလည်း တိုက်စစ်ပိုင်းပြသနာကို မန်ယူ ကြုံတွေ့နေပြန်ပါပြီ။ ဒါဘီကို ရှုံးနိမ့်ပြီး ဖလားတစ်လုံးလက်လွှတ်ခဲ့ရသလို အမှတ်ပေးပွဲ မှာလည်း (၃)ပွဲ ရှုံးနိမ့်ခဲ့ပြီးပါပြီ။ အမှတ်ပေးဖလားအကြိမ် (၂၀) ရခဲ့တဲ့အသင်းဟာ တန်းတက်အသင်း ဝုလ်ဗ်ရဲ့ နောက်မှာ ရပ်တည်နေရပြီး ရဂိုးထက် ပေးဂိုးက များနေခဲ့ပါတယ်။ ပြီးခဲ့တဲ့ နေးရှင်းလိဂ်ပြိုင်ပွဲမှာ နယ်သာလန်က ဂျာမနီကို သုံးဂိုးပြတ်အနိုင်ရခဲ့ပြီး ဒီပိုင်းက တစ်ဂိုးသွင်းခဲ့ ပါတယ်။ ဘယ်လ်ဂျီယံနဲ့ ကစားခဲ့တဲ့ ပွဲမှာလည်း ဒီပိုင်းရဲ့ တိုက်စစ်ဆင်မှုကနေ ဟော်လန်တို့ ဂိုးရရှိခဲ့တာကို မြင်တွေ့ခဲ့ရပါတယ်။  ဒီပိုင်းရဲ့ ခြေစွမ်းနဲ့ ပတ်သက်ပြီး ရော်နယ်ကိုးမန်းက အခုလို ပြောသွားပါတယ်။

Photo : Goal.com

 

"တကယ့်ကစားသမားကောင်းပါပဲ၊ ထိပ်တန်းအဆင့်ကို သူ ရောက်ရှိလာပါပြီ၊ လိုင်ယွန်မှာ သူပြသနေတဲ့ ခြေစွမ်းနဲ့ ဟော်လန်အတွက် ပြသနေတဲ့ ခြေစွမ်းက တကယ့်ထူးရှယ်ပါ" လို့ ပြောပါတယ်။ PSV အသင်းနဲ့ စတင်တောက်ပခဲ့တဲ့ ဒီပိုင်းဟာ ဟော်လန်လိဂ်ရဲ့ ဂိုးသွင်း အများဆုံး ကစားသမား၊ ဂိုးဖန်တီးမှုအများဆုံး ကစားသမားအဖြစ် ရပ်တည်နိုင်ခဲ့ပြီး အသင်းကို (၇)နှစ်အတွင်း အမှတ်ပေးဖလား ရရှိစေခဲ့သူပါ။ မန်ယူနည်းပြ ဗန်ဂါးလက်ထက်မှာ ဒီပိုင်းကို ပေါင် ၂၅သန်းနဲ့ အိုးထရက်ဖို့ဒ်အရောက် ခေါ်ဆောင်ခဲ့ပြီး ဂန္ထဝင်ကျောနံပါတ် (၇)ကို ပေးအပ်ခဲ့ပါတယ်။ ဒီပိုင်းရဲ့ ဂျာစီဟာ ရော်နယ်ဒို နဲ့ မက်ဆီတို့ရဲ့နောက် အရောင်းရဆုံးဂျာစီအဖြစ် ရပ်တည်နိုင်ခဲ့တဲ့အထိ ဒီပိုင်းက တောက်ပခဲ့ပါတယ်။

Photo : Eurosports

 

ဒီပိုင်းရဲ့ အစောပိုင်း မန်ယူအသင်းပွဲစဉ်တွေက အထင်ကြီးစရာ ခြေစွမ်းနဲ့ စတင်ခဲ့ပါတယ်။ ဒါပေမယ့် တိုက်စစ်ကို အတူတကွ ပုံဖော်ခဲ့တဲ့ ဘယ်နောက်ခံလူ လုခ်ရှော ဒဏ်ရာရသွားချိန်မှာ ဒီပိုင်းအတွက် ကံဆိုးမှုတွေ စတင်ခဲ့ပါတော့တယ်။ မန်ယူမှာ ဒီပိုင်းရဲ့ ခြေစွမ်းက ဆိုးဆိုးရွားရွား ဖြစ်ခဲ့ပြီး ပုံမှန်ကစားခွင့်မရတော့တဲ့အထိကို အခြေအနေဆိုးဝါးခဲ့ပါတယ်။ နည်းပြသစ်မော်ရင်ဟိုလက်ထက်မှာ ဒီပိုင်းအတွက် မျှော်လင့်ချက်တချို့ ရှိခဲ့ပေမယ့်လည်း အဆုံးသတ်မှာတော့ အိုးထရက်ဖို့ဒ်ကို သူ ကျောခိုင်းခဲ့ရပါတယ်။ ပြန်လည်ဝယ်ယူနိုင်ခွင့်ဆိုတဲ့ သဘောတူညီချက်ပါ စာချုပ်နဲ့ ဒီပိုင်းကို လိုင်ယွန်အသင်းထံ မော်ရင်ဟိုက ရောင်းချလိုက်ခဲ့ပါတယ်။

 

အိုးထရက်ဖို့ဒ်ကို ကျောခိုင်းခဲ့ပြီး (၂)နှစ်အကြာမှာတော့ ဒီပိုင်းရဲ့ သတင်းက မီဒီယာစာမျက်နှာတွေထက် ပြန်လည် ရောက်ရှိလာခဲ့ပါတယ်။ အပတ်တိုင်းခြေစွမ်းပြတယ်၊ ဂိုးသွင်းတယ်၊ ဖန်တီးပေးတယ်၊ လှပတဲ့ ဖရီးကစ်ကန်ချက်တွေ၊ အံ့မခန်းပေးပို့မှုတွေနဲ့အတူ ပြင်သစ်မြေပေါ်မှာ ဒီပိုင်းက ပြန်လည်တောက်ပခဲ့တဲ့ ဖီးနစ်ငှက်ဖြစ်ခဲ့ပါတယ်။ လက်ရှိမှာ မန်ယူအသင်းရဲ့ တိုက်စစ်ပိုင်းက ဖန်တီးနိုင်စွမ်းနည်းပါးနေပြီး အဆုံးသတ်ပိုင်း အားနည်းနေပါတယ်။ ဒီအချိန်မှာ တိုက်စစ်ပြသနာကို ဖြေရှင်းဖို့ အသင့်တော်ဆုံးက ဒီပိုင်းပါပဲ။ ငြီးငွေ့စရာကောင်းတဲ့ တိုက်စစ် ကစားပုံ၊ ရွေးချယ်စရာရှားပါးနေတဲ့ တောင်ပံပြသနာအတွက် အဖြေက ဒီပိုင်းပါ။ ဒီပိုင်းကို အခွင့်အရေးပေးဖို့အတွက် အချိန်ကျလာပြီလို့ ထင်ပါတယ်။ အဓိကအားသာချက်က ပြန်လည်ဝယ်ယူခွင့်ဆိုတဲ့ အချက်ပါ။ ရီးရဲလ်က မာရီယာနိုဒီယက်ဇ်ကို ပြန်လည် ခေါ်ယူခဲ့တဲ့ အပြောင်းအရွှေ့မျိုးကို မန်ယူ ဖန်တီးသင့်ပါတယ်။

Photo : Irish Mirror

 

အသက် (၂၄)နှစ်အရွယ် ကစားသမား၊ ပွဲအဖြေကို ပြောင်းလဲနိုင်စွမ်းရှိတဲ့ ကစားသမားဟာ အသင်းဟောင်းအတွက် အောင်မြင်မှုတွေကို ပြန်လည်ယူဆောင်ပေးဖို့ အသင့်တော်ဆုံးအချိန်ရောက်နေပြီဆိုတာ မော်ရင်ဟို သတိပြုမိပါလေစ။ သတိပြုမိပါစေလို့ပဲ မျှော်လင့်ရင်း...။

Share

Loading Next Article...
က္က