နောက်ဆုံးပြိုင်ပွဲစုံ ၇ ပွဲမှာ တစ်ဂိုးမှမသွင်းယူနိုင်ခဲ့ပါဘူး။

မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ဂန္တဝင်ကွင်းလယ်ကစားသမား ပေါလ်စခိုးက မန်ချက်စတာယူနိုက်တက်အသင်းအနေနဲ့ လူကာကူကို ရှေ့တန်းတင်မယ်ဆိုရင် ပရီးမီးယားလိဂ်ဖလားကို ရရှိနိုင်မှာမဟုတ်ဘူးလို့ ပြောကြားခဲ့ပါတယ်။ ဘယ်လ်ဂျီယံလက်ရွေးစင်တိုက်စစ်မှူး လူကာကူဟာ ၎င်းရဲ့အကောင်းဆုံးပုံစံကို လက်ရှိအချိန်အထိ မရရှိသေးပါဘူး။

GettyImages-1026182574.jpg 

လူကာကူဟာ မန်ချက်စတာယူနိုက်တက်အသင်းနဲ့ နောက်ဆုံးကစားခဲ့တဲ့ ပြိုင်ပွဲစုံ ၇ ပွဲမှာ တစ်ဂိုးမှ သွင်းယူပေးနိုင်ခဲ့ခြင်းမရှိဘဲ ပုံမှန်ခြေစွမ်းပျောက်ဆုံးနေတဲ့ကစားသမားဖြစ်ပါတယ်။ မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ဂန္တဝင်ကစားသမား ပေါလ်စခိုးက လူကာကူလို တိုက်စစ်မှူးကို တိုက်စစ်မှာထားရင် ပရီးမီးယားလိဂ်ဖလားရရှိဖို့အတွက် ရုန်းကန်ရလိမ့်မယ်လို့ ပြောကြားခဲ့ပါတယ်။

ချန်ပီယံလိဂ်ဖလားကို မကိုင်မြှောက်နိုင်ခဲ့တဲ့ ကမ္ဘာ့ထိပ်တန်းအဆင့် ကစားသမား ၅ ဦး 

"ခင်ဗျား သူ့လိုမျိုး တိုက်စစ်မှူးမျိုးနဲ့ဆိုရင် အမှတ်ပေးဖလားကို ရမလားဆိုတာ ကျွန်တော်ကတော့ မသေချာဘူး"

"သူ့ရဲ့ပင်နယ်တီဧရိယာအပြင်ဘက်က ကစားပုံမျိုးက သိပ်မကောင်းဘူးလို့ ထင်ပါတယ်"

"သူ ကြိုးကြိုးစားစားကစားလားဆိုတာလည်း ကျွန်တော့်အတွက် မသေချာပါဘူး။ သူက ကောင်းကောင်းကစားနိုင်ပြီး ဂိုးတွေအများကြီး သွင်းယူနိုင်သေးတဲ့ ငယ်ရွယ်တဲ့ကစားသမားတစ်ယောက်ပါ"

 

"သူက လျင်မြန်ပြီး သန်မာပါတယ်။ ဒါပေမယ့် လူကာကူဟာ ကိုယ့်ကိုယ်ကို ယုံကြည်မှုပျောက်ဆုံးနေတဲ့ မန်ချက်စတာယူနိုက်တက်အသင်း ကစားသမားတွေထဲက တစ်ဦးပါ"

"သူူ ဘယ်လောက်အထိ ကောင်းကောင်းကစားနိုင်လဲဆိုတာ သူ စဉ်းစားမိမယ်လို့ ကျွန်တော် မထင်ပါဘူး။ ဒါပေမယ့် သူ အကူအညီလိုနေပါတယ်။ ဘာလို့လဲဆိုတော့ အခု မန်ယူအသင်းရဲ့အထောင်တိုက်စစ်မှာ ကစားနိုင်တဲ့သူ ဘယ်သူရှိလို့လဲ"

"ကျွန်တော်တို့အသင်းမှာ အထောင်တိုက်စစ်ကစားသမား ၄ ဦးရှိခဲ့ပါတယ်။ အန်ဒီကိုး၊ ရှယ်ရင်ဂမ်၊ ဆိုးရှား၊ ဒွိုက်ယော့ခ်တို့ပေါ့။ သူတို့လည်း ခက်ခဲတဲ့အချိန်တွေကို ဖြတ်သန်းနေရတဲ့အချိန်မှာ ကစားသမားတိုင်း လုပ်ရတဲ့ တစ်စုံတယောက်က လူစားဝင်ကစားဖို့ စောင့်နေတာမျိုးရှိခဲ့တယ်"

"အဲဒါက သူတို့ရဲ့ စွမ်းဆောင်ရည်ကို အကူအညီပေးနိုင်ခဲ့တယ်။ ဘာလို့လဲဆိုတော့ သူတို့ ကောင်းကောင်းမကစားနိုင်ရင် သူတို့ အထုတ်ခံရတော့မယ်ဆိုတာ သိနေတယ်လေ။ လူကာကူလည်း အဲဒီလို လုပ်ပေးဖို့ လိုကောင်းလိုနေမယ်ထင်ပါတယ်"လို့ ပြောကြားခဲ့ပါတယ်။

Share

Loading Next Article...
က္က