ဟာဇက်ကို လက်မလွှတ်ရအောင် ကြိုးစားသွားမှာပါ။

ချယ်လ်ဆီးအသင်းဟာ အသင်းရဲ့ အဓိကကစားသမား အီဒင်ဟာဇက်ကို စာချုပ်သက်တမ်းတိုးဖို့အတွက် စီစဉ်နေပြီဖြစ်ပါတယ်။ Daily Mail သတင်းစာရဲ့ ဖော်ပြချက်အရ နောက်လအတွင်းမှာ စာချုပ်သစ်အတွက် ဆွေးနွေးမှုတွေ ပြုလုပ်သွားမယ်လို့ သိရပြီး မြင့်မားတဲ့ ခံစားခွင့် တွေကို ဟာဇက်အတွက် ပေးချေပြီး ရီးရဲလ်မက်ဒရစ်ကို မပြောင်းရွှေ့အောင် ကြိုးစားတော့မှာ ဖြစ်ပါတယ်။

Photo : Daily Mail

 

နိုင်ငံတကာပွဲစဉ်တွေ ကစားနေစဉ်အတွင်းမှာ ရီးရဲလ်မက်ဒရစ်နဲ့ ပတ်သက်တဲ့ မှတ်ချက်ပြုစကားတွေကို ဟာဇက်က ပြောကြားခဲ့ပြီးနောက် ချယ်လ်ဆီးက စာချုပ်သစ်ချုပ်ဆိုဖို့ စိုင်းပြင်းလာခဲ့တာပါ။ အသက် (၂၇)နှစ်အရွယ် ကစားသမားက ရီးရဲလ်မှာ ကစားဖို့အတွက် ငယ်ငယ်လေး ကတည်းက အိပ်မက်မက်နေခဲ့တာလို့ ဝန်ခံခဲ့တာ ဖြစ်ပါတယ်။

နိုက်ကလပ်မှာ ရန်ဖြစ်ခဲ့လို့ ယူရို(၈)သိန်း ဒဏ်ကြေးဆောင်ရမယ့် ဘာစီလိုနာကစားသမား 

Photo : Daily Mail

 

နည်းပြဆာရီလက်အောက်မှာ ဟာဇက်က ပျော်ရွှင်နေတယ်လို့ ချယ်လ်ဆီးက ယူဆနေပြီး ခရစ္စမတ်ကာလမတိုင်ခင်မှာ စာချုပ်ချုပ်ဆိုဖို့ ဆောင်ရွက်နေတာ ဖြစ်ပါတယ်။ ဇန်နဝါရီမှာ အသက် (၂၈)နှစ်ပြည့်တော့မယ့် ဟာဇက်ဟာ ချယ်လ်ဆီးနဲ့ ၂၀၂၀ ခုနှစ်အထိ စာချုပ်သက်တမ်း ရှိနေတာ ဖြစ်ပြီး ဒီရာသီမှာ အသင်းအတွက် ပရိးမီးယားလိဂ်သွင်းဂိုး (၇)ဂိုး သွင်းယူပြီး ခြေစွမ်းပြနေပါတယ်။

Photo : Daily Mail

 

လက်ရှိမှာ ဟာဇက်က တစ်ပတ်လုပ်ခ ပေါင် (၂၂၀၀၀၀)အထိ ရရှိနေပြီး ချယ်လ်ဆီးက ကမ်းလှမ်းမယ့် စာချုပ်သစ်မှာတော့ တစ်ပတ်လုပ်ခ ပေါင်သုံးသိန်းအထိ ရရှိမယ်လို့ သိရပါတယ်။ ဟာဇက်ရဲ့ ပြောစကားတွေကလည်း လာလီဂါမှာ ရလာဒ်ဆိုးရွားနေတဲ့ ရီးရဲလ်အတွက် မျှော်လင့်ချင်စရာကောင်းနေပြီး ရော်နယ်ဒိုရဲ့ နေရာကို အကောင်းဆုံး အစားထိုးနိုင်မယ့် ကစားသမားအဖြစ် ဟာဇက်ကို ရှုမြင်နေခဲ့ပါတယ်။

Photo : Marca

 

ဒီအတွက်ကြောင့်လည်း အသင်းရဲ့ အဓိကကစားသမားကို လက်မလွှတ်ရဖို့အတွက် ချယ်လ်ဆီးက ကြိုတင်ပြင်ဆင်နေပြီး ခရစ္စမတ်မတိုင်ခင်ကာလမှာ စာချုပ်သစ်ကို အပြီးသတ်ချုပ်ဆိုနိုင်ဖို့ အားထုတ်နေခဲ့ပါတယ်။ ဟာဇက်ကလည်း စတန်းဖို့ဒ်ဘရစ်ချ်မှာ ဆက်ရှိနေဖို့ ဆန္ဒရှိမယ်လို့ ချယ်လ်ဆီးက မျှော်လင့်နေပါတယ်။

Share

Loading Next Article...
က္က