ဒရော့ဘာရဲ့ စံချိန်ကို ကျော်တက်ခဲ့ပြီးပါပြီ။

ကိန်းဂဏန်းအချက်အလက်များအရ မန်ချက်စတာယူနိုက်တက်တိုက်စစ်မှူး လူကာကူဟာ ချယ်လ်ဆီးဂန္ထဝင် တိုက်စစ်မှူးဟောင်းကြီး ဒီဒီရာဒရော့ဘာရဲ့ ပရီးမီးယားလိဂ်သွင်းဂိုး အရေအတွက်ကို ကျော်လွန်သွားခဲ့ပြီ ဖြစ်ပါတယ်။ ချယ်လ်ဆီး၊ ဝက်ဘရွန်းစ်၊ အဲဗာတန်တို့မှာ ကစားခဲ့ဖူးတဲ့ လူကာကူက ဒရော့ဘာထက် တစ်ဂိုးအသာရနေတာ ဖြစ်ပါတယ်။

Photo : 101 Great Goal

 

ပရီးမီးယားလိဂ်ရဲ့ ဂိုးသွင်းအများဆုံး ကစားသမားအဖြစ် အလန်ရှီးယားက သွင်းဂိုးပေါင်း (၂၆၀) နဲ့ ထိပ်ဆုံးမှာ ဦးဆောင်နေခဲ့ပြီး ဒုတိယနေရာမှာတော့ မန်ယူတိုက်စစ်မှူးဟောင်း ဝိန်းရွန်နီက (၂၀၈)ဂိုးနဲ့ ရပ်တည်နေပါတယ်။ လူကာကူက စုစုပေါင်းသွင်းဂိုး (၁၀၅)ဂိုး နဲ့ အဆင့့် (၈)နေရာမှာ ရှိနေပြီး ဒရော့ဘာက (၁၀၄)ဂိုး သွင်းယူထားတာ ဖြစ်ပါတယ်။

ကြိုးစားမှုရဲ့ ရလာဒ် (သို့) လုခ်ရှော ပေးခဲ့တဲ့ သင်ခန်းစာ 

Photo : 101 Great Goal

အသက် (၂၅)နှစ်အရွယ် တိုက်စစ်မှူး လူကာကူက ဒရော့ဘာရဲ့ စံချိန်ကို ကျော်တက်ခဲ့အပြီးမှာ အွန်နရီရဲ့ စံချိန်မှတ်တမ်းကို ချိုးဖျက်ဖို့ ရည်ရွယ်ထားတယ်လို့ ဆိုပါတယ်။ ဘယ်လ်ဂျီယံအသင်းမှာ လက်ထောက်နည်းပြအဖြစ် တာဝန်ယူခဲ့ပြီး အခု မိုနာကိုအသင်းနည်းပြဖြစ်လာတဲ့ အွန်နရီကတော့ ပရီးမီးယားလိဂ်သွင်းဂိုး (၁၇၅)ဂိုး သွင်းယူခဲ့တာ ဖြစ်ပါတယ်။ ဘယ်လ်ဂျီယံမှာ သူတို့နှစ်ယောက်က လက်တွဲခဲ့ကြသူ တွေလည်း ဖြစ်ပါတယ်။

Photo : Goal.com

 

"ကျွန်တော်တို့ နေ့တိုင်းစကားပြောဖြစ်ခဲ့တယ်၊ ပရီးမီးယားလိဂ်ရဲ့ ဂိုးသွင်းအများဆုံး စာရင်းမှာပါနေတဲ့ သူ့လိုလူတစ်ယောက်နဲ့ ပြောခဲ့ရတာက အရမ်းကောင်းမွန်ပါတယ်၊ သူ့ကို ကျွန်တော် ပြောခဲ့တာက ခင်ဗျားရဲ့ သွင်းဂိုးပေါင်း ၁၇၅ ဂိုးကို လိုက်မီဖို့ ကျွန်တော် လိုက်လာမယ်လို့ပေါ့" လို့ လူကာကူက မန်ယူအသင်းရဲ့ ဝက်ဘ်ဆိုက်ကို ပြောခဲ့ပါတယ်။

Photo : 101 Great Goal

 

"ကျွန်တော်က ရယ်မောပြီး သူ့ကို ပြောခဲ့တာဆိုပေမယ့် ကျွန်တော် တကယ့်ကို အတည်ကြီးပြောနေတာဆိုတာကို သူ သိပါတယ်" လို့လည်း လူကာကူက ထပ်ပြောခဲ့ပါတယ်။ လူကာကူ အနေနဲ့ အွန်နရီရဲ့ ဂိုးသွင်းစံချိန်ကို လိုက်မီဖို့အတွက်ဆိုရင်တော့ နောက်ထပ်ဂိုးပေါင်း (၇၀)သွင်းယူဖို့ လိုအပ်နေသေးတာ ဖြစ်ပါတယ်။

Photo : 101 Great Goal

 

လူကာကူဟာ ဘယ်လ်ဂျီယံအသင်းရဲ့ သမိုင်းတစ်လျှောက် သွင်းဂိုးအများဆုံး ကစားသမားအဖြစ်လည်း ရပ်တည်နေသူ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း လက်ရှိမှာ လူကာကူဟာ မန်ယူအတွက် ပြိုင်ပွဲစုံ (၇)ပွဲဆက်တိုက် ဂိုးပေါက်ပျောက်ဆုံးနေလို့ ဝေဖန်ခံနေရသူ ဖြစ်ပါတယ်။

Share

Loading Next Article...
က္က