Sky Sport က ဘောလုံးကျွမ်းကျင်သူတွေ သုံးသပ်ထားတာပါ။

မန်ချက်စတာယူနိုက်တက်အသင်းဟာ စနေနေ့မှာ ချယ်ဆီးအသင်းရဲ့စတန်းဖို့ဒ်ဘရစ်ဂျ်ကို သွားရောက်ယှဉ်ပြိုင်ကစားရမှာဖြစ်ပြီး နည်းပြမော်ရင်ဟိုအနေနဲ့ အသင်းဟောင်းချယ်ဆီးအသင်းနဲ့ပွဲစဉ်မှာ တိုက်စစ်နဲ့ ကစားသင့်သလား၊ မကစားသင့်ဘူးလားဆိုတာကို Sky Sport ရဲ့ ဘောလုံးရေးရာကျွမ်းကျင်သူတွေဖြစ်တဲ့ ချာလီနီကိုလတ်စ်၊ ပေါလ်မာဆွန်တို့က သုံးသပ်ပေးထားပါတယ်။


မန်ချက်စတာယူနိုက်တက်အသင်းရဲ့နည်းပြ မော်ရင်ဟိုဟာ ချယ်ဆီးအသင်းမှာ နည်းပြအဖြစ် ၂ ရာသီကြာနည်းပြပြီးနောက် မန်ချက်စတာယူနိုက်တက်အသင်းကို ပြောင်းရွှေ့ကိုင်တွယ်ခဲ့သူဖြစ်ပြီး ယခုရာသီမှာ ရလဒ်ကောင်းတွေ ရရှိဖို့ ရုန်းကန်နေရသူဖြစ်ပါတယ်။

ဆာရီရဲ့ချယ်ဆီးအသင်းကတော့ ယခုရာသီမှာ ရှုံးပွဲတစ်ပွဲမှ မရှိသေးဘဲ ဂိုးကွာခြားချက်နဲ့ အမှတ်ပေးဇယား အဆင့် ၂ နေရာမှာရပ်တည်နေတာဖြစ်ပါတယ်။ မန်ချက်စတာယူနိုက်တက်အသင်းဟာ ပြီးခဲ့တဲ့နယူးကာဆယ်အသင်းနဲ့ပွဲစဉ်မှာ ရှုံးနိမ့်နေရာကနေ ဒုတိယပိုင်းမှာ ၃ ဂိုးလိုက်သွင်းပြီး အနိုင်ရရှိသွားခဲ့တာဖြစ်တာကြောင့် ချယ်ဆီးအသင်းနဲ့ပွဲစဉ်မှာ တိုက်စစ်နဲ့ကစားသင့်၊ မကစားသင့်ကို ဘောလုံးရေးရာကျွမ်းကျင်သူတွေကို မေးမြန်းခဲ့ပါတယ်။

 

ချာလီနီကိုလတ်

 

နယူးကာဆယ်နဲ့ပွဲတုန်းက မန်ယူအသင်းမှာ နည်းစနစ်လည်းမရှိ၊ အကြံအစည်လည်းမရှိဘဲ တိုက်စစ်ကို တွန်းထိုးပြီး ပြန်ကယ်တင်နိုင်ခဲ့တာပါ။ ချယ်ဆီးကတော့ အဲဒါနဲ့ ကွဲပြားခြားနားပါတယ်။ အဲဒီပွဲစဉ်က မော်ရင်ဟိုဆီကနေ ရွေ့လျားသွားခဲ့တာဖြစ်ပြီး သူ သိတဲ့အရာတစ်ခုက ပြိုင်ဘက်အသင်းကို ဘယ်လို အသက်ရှူမှားအောင်လုပ်ရမလဲဆိုတာပါ။

သူ အဓိကအာရုံစိုက်ရမှာက ဟာဇက်ကို ဘယ်လို တားဆီးမလဲဆိုတာပဲ။ ဒီပွဲဟာ လူကာကူကို တိုက်စစ်မှာ အချိန်ပိုင်းအခြားတစ်ခုလောက်ထားပြီး ခံစစ်ပုံစံပြင်ထားရမယ့်ပွဲဖြစ်ပါလိမ့်မယ်။ မော်ရင်ဟိုအတွက် ချယ်ဆီးအသင်းကို လာပြီး ကစားဖို့အတွက် နည်းလမ်းမရှိနိုင်ပါဘူး။ တော်တော်လေး အသက်ရှူမှားတဲ့အလုပ်တစ်ခုဖြစ်လိမ့်မယ်။

 

ပေါလ်မာဆွန်

 

ခင်ဗျား အသင်းရဲ့ပုံစံတွေကိုကြည့်ပြီး မန်ချက်စတာယူနိုက်တက်အသင်း ဘာအခွင့်အရေးများ ရနိုင်မလဲလို့ တွေးခဲ့တယ်မလား။ သူတို့ တခြားနေ့တွေတုန်းက ၂ ဂိုး ဂိုးမရှိနဲ့ ရှုံးနိမ့်နေရာကနေ ပြန်လာနိုင်ခဲ့တယ်။ ဒါပေမယ့် အဲဒါက အကွဲအပြဲအပေါ်မှာ ဖြေရှင်းရမယ့်အစား ဖုံးကွယ်ထားတာပဲ။ တစ်ဖက်နဲ့တစ်ဖက် ၂ ဂိုးစီသရေကျနေတဲ့အချိန်မှာ နယူးကာဆယ်က မိုဟာမက်ဒိန်းက ထောင့်ကန်ဘောကနေ ဂိုးသွင်းရမယ့်အခွင့်အရေးကို လွဲချော်ခဲ့တယ်။ တကယ်လို့သာ ဂိုးသွားခဲ့မယ်ဆိုရင် ကွဲပြားခြားနားတဲ့ပုံပြင်တစ်ခုဖြစ်လာမှာပါ။

ပြန်လာနိုင်ဖို့အတွက် တိုက်ပွဲဝင်သွားတာ မျှတတဲ့ကစားပွဲပါပဲ။ ဒါပေမယ့် ပြဿနာက မန်ယူအသင်းက ဒီလိုမျိုးပွဲစဉ်တွေမှာ ပုံမှန်အားဖြင့် ရလဒ်ကို ပြောင်းပြန်လှန်နိုင်ပေမယ့် ချယ်ဆီးနဲ့ပွဲစဉ်မှာတော့ မဖြစ်နိုင်ဘူးထင်ပါတယ်။ ဘာလို့လဲဆိုတော့ အီဒင်ဟာဇက်ရှိနေတဲ့အတွက်ကြောင့်ပဲ။ ဒီပွဲက ကြီးမားတဲ့ပွဲစဉ်ဖြစ်ပြီး နည်းပြတွေဟာ သူတို့ရဲ့ကစားသမားတွေကို တစ်ဦးနဲ့တစ်ဦး ဘယ်လိုလှဲသိပ်မလဲ ဒါမှမဟုတ် အခြားသူတစ်ယောက်ကို အသက်ရှူမှားအောင် ဘယ်လိုလုပ်မလဲဆိုတဲ့ ပုံစံမျိုးရအောင် ၄၈ နာရီသာ အချိန်ရခဲ့ပါတယ်။ အဲဒါက နည်းပြနှစ်ယောက်အပေါ်မှာ နည်းနည်းမမျှတပါဘူး။

မန်ယူအသင်းအနေနဲ့ ဟိုဆေးရဲ့နည်းအတိုင်းပဲ ကစားဖို့လိုတယ်လို့ ထင်ပါတယ်။ ခင်ဗျား ၂ ဂိုး ဂိုးမရှိနဲ့ ရှုံးနိမ့်နေတဲ့အချိန်မှာ ခင်ဗျား ရှုံးစရာ ဘာမှမရှိတော့ဘူး။ ဒီပွဲစဉ်က မတူူညီတဲ့ပွဲစဉ်ပါ။ လုံးဝကြီး ရှင်းရှင်းလင်းလင်းကို မတူညီတဲ့ပွဲပါ။ သူတို့ တိုက်စစ်ကို တိုက်၊ တိုက်၊ တိုက်ဆိုပြီး ကျွန်တော် မြှောက်ပေးနေတာမဟုတ်ဘူးနော်။ သူတို့ ချယ်ဆီးနဲ့ပွဲစဉ်မှာ သူတို့ တိုက်စစ်ကို ကျစ်ကျစ်လစ်လစ်ဖြစ်အောင် ထိန်းသိမ်းထားသင့်ပြီး တကယ်လို့ သူတို့ ဖွင့်ပြီးကစားလိုက်မယ်ဆိုရင်တော့ အနိုင်ရတဲ့သူက တစ်ဦးပဲ ရှိတော့မှာပါ။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က