ကစားသမားဘဝကို ချယ်ဆီးမှာ ကုန်ဆုံးဖို့ပြဿနာမရှိဘူးလို့ ပြောခဲ့တာပါ။

ချယ်ဆီးအသင်းရဲ့ကြယ်ပွင့််တောင်ပံကစားသမား အီဒင်ဟာဇက်ဟာ ၎င်းရဲ့ကစားသမားဘဝ နောက်ဆုံးအချိန်အထိ ချယ်ဆီးအသင်းမှာဆက်ရှိနေဖို့အတွက် ပြဿနာမရှိကြောင်း ပြောကြားခဲ့ပါတယ်။ ချယ်ဆီးအသင်းကို ၂၀၁၂ ခုနှစ်မှာ လိုင်လီအသင်းကနေ ပြောင်းရွှေ့ခဲ့တဲ့ ဟာဇက်ဟာ ရီးရဲမက်ဒရစ်အသင်းကို ပြောင်းရွှေ့ဖို့ သတင်းတွေထွက်ပေါ်နေသူဖြစ်ပါတယ်။



eden-hazard-chelsea-real-madrid-composite_x6q5g45sqydn1tkuxoy193l2j.jpg

အသက် ၂၇ နှစ်အရွယ်ရှိပြီဖြစ်တဲ့ အီဒင်ဟာဇက်ဟာ ချယ်ဆီးအသင်းအတွက် အဓိကကျတဲ့အခန်းကဏ္ဍကနေ ပါဝင်ကစားပေးနေတဲ့ကစားသမားဖြစ်ပြီး အသင်းနဲ့အတူ ပရီးမီးယားလိဂ်ဖလားအပါအဝင် ဆုဖလားများစွာ ကိုင်မြှောက်ခဲ့တဲ့ကစားသမားဖြစ်ပါတယ်။

ရီးရဲမက်ဒရစ်အသင်းက ဟာဇက်ကို ခေါ်ယူဖို့ကမ်းလှမ်းတော့မယ်ဆိုတဲ့ ကောလာဟလသတင်းတွေ ထွက်ပေါ်နေချိန်မှာ အီဒင်ဟာဇက်ကိုယ်တိုင်က အသင်းကနေ ထွက်ခွာကောင်း ထွက်ခွာနိုင်တယ်လို့ ဝန်ခံပြောကြားခဲ့ပြီး ရီးရဲမက်ဒရစ်အသင်းအတွက် ကစားပေးဖို့ဟာ ငယ်ဘဝ အိပ်မက်ဖြစ်တယ်လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

 

ချယ်ဆီးအသင်းနည်းပြသစ် မူရီဇီယိုဆာရီရဲ့လက်အောက်မှာ အကောင်းဆုံးပုံစံနဲ့ ရာသီအစကို ကျော်ဖြတ်နိုင်ခဲ့တဲ့ ဟာဇက်က ကစားသမားဘဝ အနားယူတဲ့အချိန်အထိ ချယ်ဆီးအသင်းမှာ ရှိနေလိမ့်မယ်လို့ Sky Sport ကို ပြောကြားခဲ့ပါတယ်။

"ကျွန်တော် ချယ်ဆီးအသင်းနဲ့ပဲ အဆုံးသတ်နိုင်ပါတယ်"

"ဘာပြဿနာမှ မရှိပါဘူး။ ကျွန်တော် အသင်းနဲ့အတူ ပျော်ရွှင်နေပါတယ်။ ကျွန်တော့်မိသားစုကလည်း ဒီမှာ ပျော်ရွှင်နေပါတယ်"

"အဲဒီတော့ ကျွန်တော် စပိန်ကို မသွားဘူးဆိုရင်လည်း ဘာပြဿနာမှ မရှိပါဘူး။ ကျွန်တော် ပရိသတ်တွေကိုလည်း ချစ်ပါတယ်။ ပရိသတ်တွေကလည်း ကျွန်တော့်ကို ချစ်မယ်လို့ ထင်ပါတယ်။ အနာဂတ်မှာ ဘာဖြစ်လာမလဲဆိုတော့ ကျွန်တော် ပျော်ရွှင်နေလိမ့်မယ်။ ဒါပါပဲ"လို့ ပြောကြားခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က