ချယ်လ်ဆီးမှာ လက်တွဲခဲ့ဖူးသူတွေပါ။

မန်ချက်စတာယူနိုက်တက်အသင်းရဲ့ နည်းပြ မော်ရင်ဟိုက သူ့အနေနဲ့ ဟာဇက်ကို မန်ချက်စတာယူနိုက်တက်အသင်းထံ ခေါ်ယူသွားချင် ပေမယ့်လည်း ချယ်လ်ဆီးအသင်းက ရောင်းချသွားမှာ မဟုတ်ဘူးလို့ ပြောဆိုလိုက်ပါတယ်။ BBC သတင်းဌာနရဲ့ ဖော်ပြချက်အရ မော်ရင်ဟိုက ဟာဇက်ကို ခေါ်ယူချင်ပေမယ့် ချယ်လ်ဆီးက ရောင်းချသွားမှာ မဟုတ်တဲ့အကြောင်းကိုလည်း ရှင်းလင်းခဲ့ပါတယ်။

Photo : BBC

 

အသက် (၂၇)နှစ်အရွယ် ဟာဇက်ဟာ မော်ရင်ဟိုနဲ့ ချယ်လ်ဆီးမှာ လက်တွဲခဲ့ဖူးသူတွေ ဖြစ်ပါတယ်။ ဟာဇက်ကိုယ်တိုင်ကလည်း မော်ရင်ဟိုနဲ့ နောက်တစ်ကြိမ် လက်တွဲခွင့် ရဖို့ မျှော်လင့်နေတယ်လို့ ဘယ်လ်ဂျီယံသတင်းစာ HLN နဲ့ အင်တာဗျူးခဲ့တုန်းက ပြောကြားခဲ့ပါသေးတယ်။ ဟာဇက်က လက်ရှိအချိန်မှာ ချယ်လ်ဆီးအတွက် ပရီးမီးယားလိဂ်ဂိုး (၇)ဂိုး သွင်းယူပေးထားပြီး ခြေစွမ်းပြနေသူပါ။

Photo : The Independent

 

"ကျွန်တော်တို့မှာ ဆက်ဆံရေးကောင်းတွေရှိပါတယ်၊ ချန်ပီယံအဖြစ်လည်း အတူတကွ အောင်ပွဲခံဖူးခဲ့ပါတယ်၊ ဒီအတွက် သူနဲ့ကျွန်တော့်ကြား ဆက်ဆံရေးတွေက ကောင်းတယ်လို့ ခံစားရပါတယ်၊ သမိုင်းမှတ်တမ်းတွေအရဆိုရင် ချယ်လ်ဆီး ချန်ပီယံဖြစ်ခဲ့တုန်းက ဟာဇက်က အကောင်းဆုံးကစားသမား ဖြစ်ခဲ့တာပါ" လို့ မော်ရင်ဟိုက ပြောပါတယ်။

Photo : Goal.com

"'ဒါတွေက ကျွန်တော်နဲ့ ဖြစ်ခဲ့သလို၊ အန်တိုနီယိုကွန်တီနဲ့လည်း သူ ချန်ပီယံဖြစ်ခဲ့ပါတယ်၊ ဒီရာသီကတော့ အခုမှ အစပဲရှိသေးပေမယ့် သူက ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံးကစားသမား ဖြစ်နေခဲ့ပါပြီ၊ ဒီအတွက် ချယ်လ်ဆီးက လိဂ်မှာ ထိပ်ဆုံးရောက်နေတာက ဟာဇက်ကြောင့်ပါ၊ ဘာလို့လဲဆိုတော့ သူက မတူကွဲပြားတဲ့အရာတွေကို ပြုလုပ်နိုင်တဲ့ ကစားသမားမျိုး ဖြစ်နေလို့ပါပဲ"

Photo : MK Bet 24/7

 

"မန်ချက်စတာယူနိုက်တက်မှာ သူနဲ့အတူ လက်တွဲချင်ပါတယ်၊ ဒါပေမယ့် ချယ်လ်ဆီးက သူ့ကို ကျွန်တော်တို့အသင်းဆီ ရောင်းမှာမဟုတ်ပါဘူး၊ ဒါက ပြသနာမရှိပါဘူး၊ ဘာလို့လဲဆိုတော့ ချယ်လ်ဆီးအသင်း တာဝန်ရှိသူတွေက ဘောလုံးလောကမှာ အတွေ့အကြုံနဲ့ ဆင်ခြင်နိုငစွမ်း ရှိသူတွေမို့ပါ၊ သူတို့အနေနဲ့ အီဒင်ကို မန်ယူကို ဘယ်တော့မှ ရောင်းမှာ မဟုတ်ပါဘူး" လို့ မော်ရင်ဟိုက ထပ်မံပြောကြားခဲ့ပါတယ်။

Share

Loading Next Article...
က္က