ဒီနေ့ညနေ (၆)နာရီမှာ ကစားကြမှာပါ။

နိုင်ငံတကာပွဲစဉ်တွေအပြီးမှာ အမှတ်ပေးလိဂ်ပြိုင်ပွဲတွေက ပြန်လည်ရောက်ရှိလာပါပြီ။ ဒီလို ရောက်ရောက်ချင်းမှာပဲ ပရီးမီးယားလိဂ်မှာ ပွဲကြီးပွဲကောင်းတစ်ပွဲက စနေနေ့ရဲ့ အစောဆုံးအချိန်မှာ စောင့်ကြိုနေပါတယ်။ အဲဒီပွဲကတော့ စတန်းဖို့ဒ် ဘရစ်ချ်မှာ ကစားမယ့် ချယ်လ်ဆီးနဲ့ မန်ယူတို့ရဲ့ ပွဲစဉ်ပဲ ဖြစ်ပါတယ်။ ဒါကြောင့် ဒီပွဲစဉ်နဲ့ ပတ်သက်ပြီး သက်ဆိုင်တဲ့ အကြောင်းအရာတွေကို ဖော်ပြပေးလိုက်ပါတယ်။

 

ထိပ်တိုက်တွေ့ဆုံမှု

Photo : 101 Great Goals

 

- ပရီးမီးယားလိဂ်မှာ (၅၂)ကြိမ်မြောက် တွေ့ဆုံတာဖြစ်ပါတယ်။ ချယ်လ်ဆီးက (၁၈)ပွဲနိုင်ထားပြီး မန်ယူက (၁၅)ပွဲနိုင်ကာ (၁၈)ပွဲ သရေကျထားပါတယ်။

- ချယ်လ်ဆီးကွင်းမှာ နောက်ဆုံးတွေ့ခဲ့တဲ့ (၄)ကြိမ်မှာ မန်ယူနိုင်ပွဲလုံးဝမရှိခဲ့ပဲ (၃)ပွဲရှုံး (၁)ပွဲ သရေကျခဲ့ပါတယ်။

- မနှစ်က အက်ဖ်အေဖလားဗိုလ်လုပွဲမှာလည်း ချယ်လ်ဆီးက (၁-ဝ) ဂိုးနဲ့ အနိုင်ရထားပါတယ်။

Photo : 101 Great Goals

 

- ချယ်လ်ဆီးကွင်းမှာ နောက်ဆုံးတွေ့ခဲ့တဲ့ (၁၆)ပွဲကို ချယ်လ်ဆီးက (၁)ပွဲပဲ ရှုံးခဲ့ပြီး (၁၀)ပွဲထိ နိုင်ထားပါတယ်။

- ဖာဂူဆန်အနားယူသွားပြီးနောက်ပိုင်း မန်ယူဟာ ချယ်လ်ဆီးကို စတန်းဖို့ဘရစ်ချ်မှာ အနိုင်မရခဲ့ပဲ (၅)ပွဲရှုံး (၁)ပွဲသရေကျခဲ့ပါတယ်။

နှစ်ဖက်အသင်းသတင်းများ

GettyImages-1044599404.jpg

Photo : 101 Great Goals

 

- နှစ်သင်းစလုံးမှာ အဓိကကစားသမားတွေ ဒဏ်ရာအနာတရ ကင်းစင်နေပါတယ်။

- ဂျက်ဆီလင်ဂတ်ကတော့ ဒီပွဲမှာ ပါဝင်နိုင်မှာ မဟုတ်သေးပါဘူး။

- ချယ်လ်ဆီးမှာ အီဒင်ဟာဇက်က ခြေစွမ်းပြနေပြီး ပရီးမီးယားလိဂ်ဂိုး (၇)ဂိုး ရထားပါတယ်။

Photo : 101 Great Goals

 

- မန်ယူမှာတော့ လူကာကူက ပရီးမီးယားလိဂ် (၄)ဂိုး သွင်းထားပေမယ့် နောက်ဆုံး (၇)ပွဲဆက် ဂိုးပေါက်ပျောက်ဆုံးနေပါတယ်။

- ချယ်လ်ဆီးက ဒီရာသီမှာ ရှုံးပွဲမရှိသေးပဲ အမှတ်ပေးဇယားကို အမှတ်တူနဲ့ ဦးဆောင်နေပါတယ်။

- မန်ယူကတော့ (၃)ပွဲအထိ ရှုံးထားပြီး အဆင့် (၁၀)မှာ ရပ်တည်နေရပါတယ်။

 

ထူးခြားချက်များ

- မန်ယူကစားသမားတွေဖြစ်တဲ့ ဟွမ်မာတာ၊ လူကာကူ နဲ့ မာတစ်တို့က အသင်းဟောင်းနဲ့ ပြန်ရင်ဆိုင်ရမှာပါ။ မော်ရင်ဟိုကလည်း ကိုင်တွယ်ခဲ့ဖူးတဲ့ အသင်းဟောင်းနဲ့ ရင်ဆိုင်ရတာ ဖြစ်ပါတယ်။

- ချယ်လ်ဆီးနည်းပြ ဆာရီအတွက်တော့ မန်ယူနဲ့ ပထမဆုံးအကြိမ် တွေ့ဆုံဖူးတာ ဖြစ်ပါတယ်။

Photo : Evening Standard

 

- ချယ်လ်ဆီးကွင်းလယ်လူ ဒရင့်ဝါတာဟာ မန်ယူအသင်း အကယ်ဒမီက ထွက်ပေါ်ခဲ့တာ ဖြစ်ပါတယ်။

- ဘယ်လ်ဂျံယံအသင်းဖော်တွေဖြစ်တဲ့ ဟာဇက် နဲ့ လူကာကူတို့ကတော့ ပြိုင်ဘက်တွေအဖြစ် ပြန်လည်ရင်ဆိုင်ရတာ ဖြစ်ပါတယ်။

 

ဖြစ်နိုင်ဖွယ် လူစာရင်း

 

ပေါလ်မာဆွန်ရဲ့ ခန့်မှန်းချက်

ဒီပွဲကိုသာ မန်ယူ ရှုံးခဲ့မယ်ဆိုရင် မော်ရင်ဟိုအတွက် ပိုပြီးဖိအားတွေ များသွားမှာပါ၊ ရာသီအစကတည်းက ကျွန်တော်ပြောခဲ့ဖူးပါတယ်၊ မန်ယူက ဆုဖလားထက် ထိပ်ဆုံးလေးသင်းစာရင်းအတွက်ပဲ ယှဉ်ပြိုင်ရမှာပါလို့၊ လက်ရှိမှာ ထိပ်ဆုံးကအသင်းနဲ့လည်း (၇)မှတ်တောင် သူတို့

ကွာဟနေပါပြီ၊ ဒီပွဲကို ရှုံးသွားမယ်ဆို (၁၀)မှတ် ဖြစ်သွားမှာပါ။ ကျွန်တော်ကတော့ ချယ်လ်ဆီးဘက်မှာ ရှိမှာပါ၊ သူတို့က မန်ယူထက် အများကြီး တောင့်တင်းပါတယ်။ ချယ်လ်ဆီး ၃-၁ မန်ယူပါပဲ။

Share

Loading Next Article...
က္က