ဂန္ထဝင်ကစားသမားကြီးတွေပါ။

ပရီးမီးယားလိဂ်က ကမ္ဘာပေါ်မှာ ထင်ပေါ်ကျော်ကြားမှုအရှိဆုံး နဲ့ ဆွဲဆောင်မှုအရှိဆုံး လိဂ်တစ်ခုဖြစ်ပါတယ်။ ကလပ်အသင်းကြားမှာ ငွေကြေးသုံးစွဲနိုင်ခဲ့ ကွာဟချက်တွေ နည်းပါးလာခဲ့ပြီးနောက်မှာ အသင်းကြီး၊ အသင်းငယ်မရွေး ထိပ်တန်းကစားသမားတွေကို ခေါ်ယူလာနိုင်ခဲ့ပြီးနောက် ယှဉ်ပြိုင်ရ ပိုခက်တဲ့ ပြိုင်ပွဲရယ်လို့လည်း ဖြစ်လာခဲ့ပါတယ်။

 

ကမ္ဘာကျော် ကစားသမားတွေ အမြောက်အမြား လာရောက်ကစားခဲ့ကြပြီး အောင်မြင်သူတွေ၊ ကျရှုံးသူတွေဟာ ကိုယ်စီကိုယ်ငှ အသီးသီး ခေါင်းမော့ခဲ့ကြ၊ ထွက်ခွာခဲ့ကြတာတွေလည်း အများကြီး ရှိခဲ့ပါတယ်။ သီယာရီအွန်နရီ၊ နစ္စတယ်ရွိုင်း၊ ပေါလ်စခိုးလ် နဲ့ ဖရန့်လမ်းပတ်တို့လို ဂန္ထဝင်ကစားသမားတွေဟာ ပရီးမီးယားလိဂ်မှာ ကျော်ကြားခဲ့ကြပါတယ်။

 

ဆာအဲလက်စ်ဖာဂူဆန်၊ အာဆင်ဝင်းဂါး၊ မော်ရင်ဟို တို့လို နာမည်ကျော်နည်းပြတွေရဲ့ ပြိုင်ဆိုင်မှုတွေကိုလည်း မြင်တွေ့ခဲ့ပြီးသားမို့ ပရီးမီးယားလိဂ်ရဲ့ ပြင်းထန်တဲ့ ပြိုင်ဆိုင်မှုတွေ အကြေင်းက ထွေထွေထူးထူး ပြောနေစရာ လိုမယ်မထင်ပါဘူး။ ဒီလို လိဂ်ပြိုင်ပွဲမှာ နာမည်ကျော် ကစားသမားတွေ ဖလားရဖို့ မလွယ်ကူဘူးဆိုတာ လွယ်လွယ်လေးနဲ့ ခန့်မှန်းလို့ရတာမို့ ဒါက သိပ်တော့ အံ့သြစရာ မဟုတ်ပါဘူး။

 

ဒါပေမယ့် တစ်လတာအကောင်းဆုံး ကစားသမားဆုကို နာမည်ကျော်ကစားသမားတွေ မရခဲ့ဖူးဘူးဆိုတာက အံ့သြဖို့တော့ ကောင်းနေမှာ သေချာပါတယ်။ လှပတဲ့သွင်းဂိုးတွေ၊ အံ့မခန်းပေးပို့မှုတွေ၊ ပြင်းပြတဲ့ စိတ်ဓာတ်နဲ့ ကစားခဲ့တဲ့ ကစားသမားတချို့ဟာ ပရီးမီးယားလိဂ်ရဲ့ တစ်လတာအကောင်းဆုံးကစားသမားဆုကို မရရှိခဲ့ဖူးဘူးဆိုတာက နည်းနည်းတော့ ထူးဆန်းနေမှာပါ။

 

ဇာဘီအလွန်ဆို (လီဗာပူးလ်)

ပီတာရှမိုက်ကယ် (မန်ယူ)

ဆိုးကမ်းဘဲလ် (အာဆင်နယ်)

မက်ခီလီလီ (ချယ်လ်ဆီး)

အက်ရှ်လေကိုး (ချယ်လ်ဆီး)

ဒရော့ဘာ (ချယ်လ်ဆီး)

ဂယ်ရီနဗီးလ် (မန်ယူ)

ပက်ထရစ်ဗီအဲရာ (အာဆင်နယ်)

ဂျင်မီကာရေဂါ (လီဗာပူးလ်)  တို့ (၉)ဦးဟာ ပရီးမီးယားလိဂ်ရဲ့ တစ်လတာအကောင်းဆုံးဆုကို တစ်ကြိမ်တစ်ခါမှ မရရှိခဲ့ဖူးတဲ့ ဂန္ထဝင်ကစားသမားကြီးတွေဖြစ်ပါတယ်။ အမှတ်တမဲ့ဆိုရင် သတိထားမိမှာမဟုတ်ပေမယ့် သေချာတွေးကြည့်ရင်တော့ ပရီးမီးယားလိဂ်မှာ လျှမ်းလျှမ်းတောက် အောင်မြင်ခဲ့တဲ့ ဒီကစားသမားတွေဟာ တကယ်ပဲ အဲဒီဆုကို မရရှိခဲ့ဖူးပါဘူး။

Share

Loading Next Article...
က္က