၂ဂိုးစီ သရေကျခဲ့တာပါ။

ဒီတစ်ပတ် ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံးပွဲတစ်ပွဲဖြစ်တဲ့ ချယ်လ်ဆီး နဲ့ မန်ယူ တို့ရဲ့ ပွဲကို ဒီနေ့ညနေ (၆)နာရီမှာ ကစားခဲ့ကြပါတယ်။ ခြေစွမ်းပြနေပြီး ရှုံးပွဲမရှိသေးတဲ့ ချယ်လ်ဆီး၊ ဖိအားတွေနဲ့ တွေ့နေတဲ့ မော်ရင်ဟို၊ အသင်းဟောင်းနဲ့ ပြန်ကစားရမယ့်ပွဲ အစရှိတဲ့ အချက်တွေက ဒီပွဲရဲ့ အရှိန်ကို မြင့်တက်စေခဲ့ပြီး ပရိသတ်တွေအတွက်လည်း ကြည့်ကောင်းမယ့်ပွဲလို့ အားခဲထားခဲ့ကြပါတယ်။

 

အိမ်ရှင် ချယ်လ်ဆီးမှာ အဓိကကစားသမားအားလုံး ပါဝင်ခဲ့ပြီး မိုရာတာ၊ ဟာဇက်၊ ဝီလီယံ၊ ကိုဗာဆစ်၊ ကန်တေ၊ ဒေးဗစ်လုဇ်၊ ဂျော်ဂျင်ဟို အစရှိတဲ့ အားထားရတဲ့ ကစားသမားတွေ ပါဝင်ခဲ့ပါတယ်။ မန်ယူမှာတော့ အသင်းခေါင်းဆောင် ဗလန်စီယာမပါဝင်ခဲ့ပဲ အက်ရှ်လေယန်း ပါဝင်ခဲ့ပြီး ဒီဂီယာ၊ ပေါ့ဂ်ဘာ၊ မာတစ်၊ မာတာ၊ လူကာကူ၊ ရက်ဖို့ဒ်၊ မာရှယ်တို့ ပါဝင်ခဲ့ပြီး ဆန်းချက်ဇ်ကတော့ အရန်လူစာရင်းမှာသာ ရှိခဲ့ပါတယ်။

 

ချယ်လ်ဆီးက ကစားကွက်အသာ၊ ဘောလုံးပိုင်ဆိုင်မှုအသာ၊ တိုက်စစ်ထိုးဖောက်နိုင်မှုအသာနဲ့ ကစားနိုင်ခဲ့တဲ့ပွဲဖြစ်ပါတယ်။ မန်ယူကတော့ ခံစစ်ကို အားပြုခဲ့ပြီး ဟာဇက်ကို ထိန်းချုပ်ဖို့ ဦးတည်ကစားခဲ့ပါတယ်။ ချိတ်ဆက်ကစားမှုအပိုင်းမှာ ချယ်လ်ဆီးက သိသိသာသာ အသာစီး ရခဲ့ပြီး မန်ယူကတော့ ချိတ်ဆက်မှုပိုင်း အားနည်းခဲ့ပါတယ်။

 

ပွဲချိန် (၂၁)မိနစ်မှာတော့ ထောင့်ကန်ဘောကတဆင့် ရူဒီဂါက ခေါင်းတိုက်သွင်းယူခဲ့လို့ ချယ်လ်ဆီးတို့ အဖွင့်ဂိုးရသွားပါတယ်။ ဒီဂိုးက ပေါ့ဂ်ဘာ နဲ့ လင်ဒီလော့ဖ်တို့ကြား နားလည်မှုလွဲပြီး ဒေးဗစ်လုဇ်ကို ထိန်းချုပ်ဖို့သာ အာရုံစိုက်ပြီး ရူဒီဂါကို မကပ်ထားခဲ့တဲ့ အကျိုးဆက်ကြောင့် ပေးခဲ့ရတာပါ။ ဒီနောက်ပိုင်းမှာလည်း ချယ်လ်ဆီးကပဲ အသာစီးနဲ့ ကစားခဲ့ပြီး ပထမပိုင်း ပြီးဆုံးခဲ့ပါတယ်။

 

ဒုတိယပိုင်းမှာတော့ ချေပဂိုးရဖို့ မန်ယူက အားထည့်ကစားခဲ့ပါတယ်။ ဒါကြောင့်လည်း (၅၅)မိနစ်မှာ ချယ်လ်ဆီးနောက်တန်း ဖြတ်ထုတ်ပုံ မပီပြင်မှုကနေ မာရှယ် အခွင့်အရေးရခဲ့ပြီး အပိုင်ကန်သွင်းနိုင်ခဲ့လို့ ချေပဂိုး ရသွားခဲ့ပါတယ်။ ချေပဂိုးရသွားပြီးနောက် မန်ယူက ကစားကွက် ပိုကောင်းသွားပြီး ချယ်လ်ဆီးကို တန်ပြန်ပြီး ထိုးဖောက်လာခဲ့ပါတယ်။

 

(၇၃)မိနစ်မှာ မာတာရဲ့ တစ်ကိုယ်တော်အစွမ်းကနေ ရက်ဖို့ဒ်ကို ပြန်ချအပေး၊ ရက်ဖို့ဒ်က မာရှယ်ကို ပြန်ပြီး ဖန်တီးပေးရာမှာ မာရှယ်က ချယ်လ်ဆီးဂိုးသမား ကီပါရဲ့ ဘယ်ဘက်ထောင့်ကို အပိုင်ဝေ့ဝိုက်ကန်သွင်းပြီး ဦးဆောင်ဂိုး ပြန်ယူသွားခဲ့ပါတယ်။ ဒီနောက်မှာ ချယ်လ်ဆီးနည်းပြ ဆာရီက ဆက်တိုက်လူစားလဲလှယ်ခဲ့ပြီး ချေပဂိုးရဖို့ အားထုတ်ခဲ့ပါတယ်။

 

ပွဲပြီးခါနီးလေ အကြိတ်အနယ်ရှိလာလေဖြစ်ပြီး ချယ်လ်ဆီးက တိုက်စစ်၊ မန်ယူက ခံစစ်ပုံစံ ဖြစ်သွားခဲ့ပါတယ်။ နာကျင်အချိန်ပိုကို (၆)မိနစ်အထိ ပေးထားခဲ့ပြီး ပြီးခါနီးလေ ချယ်လ်ဆီးက ဖိအားပေးကစားလေ ဖြစ်ခဲ့ပါတယ်။ နောက်ဆုံးမိနစ်မှာတော့ ချယ်လ်ဆီးတို့ ချေပဂိုးရခဲ့ပြီး ဘာကလေက သွင်းယူပေးခဲ့လို့ ပွဲအပြီးမှာ သရေရလာဒ်နဲ့ နှစ်သင်းလုံးကျေနပ်ခဲ့ရပါတယ်။

Share

Loading Next Article...
က္က