မန်စီးတီးအသင်းမှာတော့ အဓိက ကစားသမား ဒီဘရိုင်း ပြန်လည်ပါဝင်လာနိုင်တာ တွေ့ရပါတယ်။

မန်စီးတီးအသင်းကတော့ လာမယ့် ကြားရက်မှာ ရှက်တာဒိုးနက်အသင်းနဲ့ချန်ပီယံလိဂ်ပွဲစဉ်အဖြစ်လည်းကောင်း၊စပါးအသင်းကတော့ PSV အသင်းနဲ့လည်းကောင်း အသီးသီး ယှဉ်ပြိုင်ကစားကြဦးမှာ ဖြစ်ပါတယ်။



Photo - BBC SPORT

 

စနေနေ့ည မှာ နိုင်ငံတကာပွဲတွေအပြီး ဥရောပ လိဂ်တွေ ပြန်လည်စတင်ကစားခဲ့ရာမှာတော့ အင်္ဂလန်ပရီးမီးယားလိဂ်ကတော့ ည ၈ နာရီခွဲအချိန်မှာ တစ်ပြိုင်နက်တည်း ၆ ပွဲ ယှဉ်ပြိုင်ကစားခဲ့ကြပါတယ်။

စတန်းဖို့ဒ်ဘရစ်ချ်မှာ တစ်မှတ်စီ ခွဲယူခဲ့ကြတဲ့ ချယ်လ်ဆီး နဲ့ မန်ယူ 

ဒီ ၆ ပွဲမှာအသင်းကြီးပွဲစဉ်တွေအဖြစ် မန်စီးတီးနဲ့ဘန်လေ၊ဝက်စ်ဟမ်းနဲ့စပါးအသင်းတို့ပွဲစဉ်တွေပါဝင်ခဲ့ပြီး မန်စီးတီးက ဘန်လေကို ၅ ဂိုးပြတ်နဲ့ အနိုင်ရခဲ့သလို စပါးအသင်းကလည်း ဝက်စ်ဟမ်းကို အဝေးကွင်းမှာ အနိုင်ရဖို့ ခက်ခက်ခဲခဲ ရုန်းကန်ခဲ့ရပါတယ်။

Photo - BBC SPORT

 

မန်စီးတီးအသင်းအတွက် သွင်းဂိုး ၅ ဂိုးကို မတူညီတဲ့ ကစားသမားတွေဖြစ်တဲ့ အဂူရို၊ဘာနန်ဒိုဆေးလ်ဗား၊ဖာနန်ဒင်ဟို၊မာရက်ဇ်နဲ့ ဆာနေးတို့က သွင်းပေးခဲ့တာ ဖြစ်ပါတယ်။

ဒီပွဲမှာအနိုင်ရခဲ့လို့ မန်စီးတီးအသင်းက ရမှတ် ၂၃ မှတ်နဲ့ အဆင့် ၁ နေရာကို လွတ်လွတ်ကျွတ်ကျွတ် ဦးဆောင်နိုင်ခဲ့ပြီ ဖြစ်ပါတယ်။ အကြောင်းကတော့ ဒုတိယနေရာက မူလ ရမှတ် ၂၀ နဲ့ ရမှတ်တူရှိနေတဲ့ ချဲလ်ဆီးအသင်းကတော့ ၆ နာရီမှာ ကစားခဲ့တဲ့ အစောပွဲမှာ မန်ယူကို သရေကျခဲ့လို့ ၂၁ မှတ်နဲ့သာ ဒုတိယနေရာမှာ ရပ်တည်နေနိုင်တော့တာကြောင့်လည်း ဖြစ်ပါတယ်။

Photo - BBC SPORT

 

စပါးအသင်းကတော့ အဝေးကွင်းမှာ တိုက်စစ်မှူး လာမယ်လာရဲ့ သွင်းဂိုးတစ်ဂိုးတည်းနဲ့ ဝက်စ်ဟမ်းအသင်းကို ကပ်အနိုင်ရခဲ့ပြီး ချန်ပီယံလိဂ် ဝင်ခွင့်တစ်နေရာဖြစ်တဲ့ အဆင့် ၃ နေရာကို ဆုပ်ကိုင်ထားနိုင်ဆဲပါ။

တစ်ချိန်တည်းမှာ ကစားတဲ့ အခြားပွဲစဉ်တွေမှာတော့ ဘုန်းမောက်နဲ့ ဆောက်သမ်တန်တို့ ဂိုးမရှိ သရေကျခဲ့ပြီး၊ကာဒစ်က ဖူဟမ်ကို ၄-၂ ဂိုး၊ ဘရိုက်တန်က အဝေးကွင်းမှာ နယူးကာဆယ်ကို ၁-၀ ဂိုး၊ဝက်ဖို့ဒ်ကလည်း အဝေးကွင်းမှာ ဝုလ်ဗာဟမ်တန်ကို ၂-၀ ဂိုးတို့နဲ့ အသီးသီး အနိုင်ရရှိခဲ့ ပါတယ်။

Photo - BBC SPORT

 

ည ၁၁ နာရီအချိန်မှာတော့ မာဆေးဆိုဒ်က လီဗာပူးအသင်းက ဟက်ဒါဖီးလ်အသင်းကို အဝေးကွင်းသွားရောက်ကစားမှာ ဖြစ်ပြီး အနိုင်ရမှသာ အဆင့် ၂ နေရာကို တက်လှမ်းရယူနိုင်မှာဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က