ကန်တီဟာ ချယ်လ်ဆီးအသင်းမှာ တစ်ပတ်လုပ်ခ ပေါင် တစ်သိန်းခွဲနဲ့ စာချုပ်သက်တမ်း သုံးနှစ်ကျန်ရှိနေပါသေးတယ်။

ချယ်လ်ဆီးကွင်းလယ်ကစားသမား ကန်တီကို စပိန်ထိပ်သီး ရီးယဲလ်မက်ဒရစ်အသင်းက ပေါင်သန်း၈၀ နဲ့ခေါ်ယူဖို့စိတ်ဝင်စားနေပါတယ်။ ဒါပေမယ့် ကာယကံရှင်ကစားသမားကတော့ ချယ်လ်ဆီးမှာဆက်ရှိဖို့ ဆန္ဒရှိနေပြီး စာချုပ်သစ်ချုပ်ဆိုနိုင်ဖို့အတွက် ဆွေးနွေးမှုတွေလုပ်နေတယ်လို့ အင်္ဂလန်မီဒီယာတွေက ဖော်ပြနေကြပါတယ်။

NINTCHDBPICT000443130871.jpg

Photo: The Sun

 

မနေ့ညက လီဗန်တေးကို ရှုံးနိမ့်ပြီးနောက်မှာ ရီးယဲလ်မက်ဒရစ်အသင်းဟာ သူတို့ရဲ့ကွင်းလယ်ခံစစ်အတွက် ကစားသမားသစ် အားဖြည့်ဖို့ကို အရှိန်မြှင့်ဆောင်ရွက်လာပါတယ်။ ရီးယဲလ်ရဲ့ပစ်မှတ်ထဲမှာ ချယ်လ်ဆီးက အသက် ၂၇နှစ်အရွယ် ပြင်သစ်ကွင်းလယ်ကစားသမား ကန်တီလည်း ပါဝင်နေပါတယ်။ ရီးယဲလ်မက်ဒရစ်အသင်းဟာ ကန်တီကို ကာလရှည်စောင့်ကြည့်နေတာဖြစ်ပြီး ပြောင်းရွှေ့ကြေးပေါင် သန်း၈၀ သတ်မှတ်ထားပါတယ်။

Photo: The Sun

ချယ်ဆီးပရိသတ်တွေဆီက လေးစားမှုမရခဲ့ပေမယ့် ဆာရီနဲ့ ဒုလက်ထောက်ကို ခွင့်လွှတ်ခဲ့တဲ့ မော်ရင်ဟို 

ပြင်သစ်ကွင်းလယ်ကစားသမား ကန်တီဟာ ချယ်လ်ဆီးအသင်းမှာ တစ်ပတ်လုပ်ခ ပေါင် တစ်သိန်းခွဲနဲ့ စာချုပ်သက်တမ်း သုံးနှစ်ကျန်ရှိနေပါသေးတယ်။ ကန်တီဟာ ချယ်လ်ဆီးမှာပျော်ရွှင်နေတယ်ဆိုပေမယ့် ရီးယဲလ်မက်ဒရစ်ရဲ့သတင်းတွေကြောင့် ချယ်လ်ဆီးအသင်းဟာ ကစားသမားကို အလျှင်အမြန် စာချုပ်သက်တမ်းတိုးဖို့စီစဉ်နေပါတယ်။ လက်ရှိအချိန်မှာတော့ ကန်တီနဲ့ချယ်လ်ဆီးတို့ဟာ စာချုပ်သက်တမ်းတိုးဖို့အတွက် ဆွေးနွေးနေပါတယ်။

Photo: The Sun

 

ကန်တီဟာ လက်စတာအသင်းပရီးမီးယားလိဂ်ချန်ပီယံဖြစ်ပြီးနောက်မှာ တဟုန်ထိုးကျော်ကြားလာပြီး ချယ်လ်ဆီးကိုပြောင်းရွှေ့ခဲ့ပါတယ်။ ချယ်လ်ဆီးကိုပြောင်းရွှေ့ပြီးနောက် ၂၀၁၆-၁၇ပရီးမီးယားလိဂ်ချန်ပီယံ ထပ်ဖြစ်ခဲ့သလို ချယ်လ်ဆီးရဲ့တစ်နှစ်တာအကောင်းဆုံးကစားသမားအဖြစ်လည်း ရွေးချယ်ခံခဲ့ရပါတယ်။ လက်ရှိအချိန်မှာ ကန်တီကို ရီးယဲလ်မက်ဒရစ်အပြင် ဂျုဗင်တပ်၊ ပီအက်စ်ဂျီစတဲ့အသင်းတွေကလည်း စိတ်ဝင်စားနေတယ်လို့ သတင်းတွေထွက်ပေါ်နေပါတယ်။

Share

Loading Next Article...
က္က