မိုဟာမက်ဘင်ဆယ်လ်မန်နဲ့ အသင်းအရောင်းအဝယ် ကိစ္စကို ဆွေးနွေးဖို့ရှိနေပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းကို ဆော်ဒီတော်ဝင်မင်းသား မိုဟာမက်ဘင်ဆယ်လ်မန် ဝယ်ယူတော့မယ်ဆိုတဲ့သတင်းက ဒီရက်ပိုင်းတွေမှာ အတော်လေးပျံ့နှံ့လာပါတယ်။ အခုတော့ ဆော်ဒီမင်းသားလက်ထဲကို မန်ယူရောက်မရောက်ဆိုတာကို လာမယ့်တစ်ပတ်အတွင်းသိရတော့မယ်လို့ Mirror သတင်းဌာနကဖော်ပြအတိအကျဖော်ပြလာပါပြီ။

0_FBL-ENG-PR-MAN-UTD-MAN-CITY.jpg

Photo: Mirror

 

မန်ချက်စတာယူနိုက်တက်အသင်းကို ၂၀၀၅ခုနှစ်ကတည်းက အမေရိကန်သူကြွယ်သူဌေးတွေဖြစ်တဲ့ ဂလေဇာမိသားစုက ပိုင်ဆိုင်ခဲ့ပါတယ်။ ပရိသတ်တွေရဲ့ထောက်ခံမှု၊မထောက်ခံမှုတွေ၊ ကစားသမားအရောင်းအဝယ်တွေ၊ အောင်မြင်မှု၊ ကျုရှုံးမှုတွေနဲ့ ဘောလုံးလောကရဲ့အနိမ့်အမြင့်အတက်အကျတွေကို ၁၃နှစ်ကြာရင်ဆိုင်ပြီးတဲ့နောက်မှာ ဂလေဇာဟာ မန်ယူကို စွန့်ခွာဖို့ ပြင်ဆင်နေပါပြီ။ ပြီးခဲ့တဲ့ရက်ပိုင်းတွေကတည်းက မန်ယူအသင်းကို ဆော်ဒီမင်းသား မိုဟာမက်ဘင်ဆယ်လ်မန် ဝယ်ယူတော့မယ်ဆိုတဲ့သတင်းတွေထွက်ခဲ့ပြီး ကောလာဟလတွေလို့အများစုက ထင်ခဲ့ကြပါတယ်။

Photo: Mirror

မော်ရင်ဟိုကို တိုင်မှတ်ပြီး နှပ်သုတ်လိုက်တာလား ဆာရီ 

အခုတော့ဒီသတင်းတွေအမှန်ဖြစ်လာဖို့အတော်လေးကို နီးစပ်လာနေပါပြီ။ လန်ဒန်အခြေစိုက်သတင်းဌာနဖြစ်တဲ့ Mirror ရဲ့ဖော်ပြချက်အရ ဆော်ဒီမင်းသားနဲ့ ဂလေဇာတို့ဟာ လာမယ့် တစ်ပတ်အတွင်းဒီကိစ္စကို ဆွေးနွေးဖို့ရှိနေတယ်လို့ သိရပါတယ်။ ဂလေဇာဟာ လာမယ့်အပတ်မှာ နိုင်ငံတကာဖိုရမ်တစ်ခုတက်ရောက်ဖို့အတွက် အရှေ့အလယ်ပိုင်းကို လာရောက်ဖို့ရှိနေပြီး ခရီးစဉ်အတွင်းမှာ မိုဟာမက်ဘင်ဆယ်လ်မန်နဲ့ အသင်းအရောင်းအဝယ် ကိစ္စကို ဆွေးနွေးဖို့ရှိနေပါတယ်။

Photo: Mirror

 

ဂလေဇာမိသားစု မန်ယူကိုဝယ်ယူခဲ့စဉ်က ပေါင် ၂.၂ဘီလီယံတန်ကြေးရှိခဲ့ပေမယ့် ကမ္ဘာကျော်စီးပွားရေးမဂ္ဂဇင်း Forbes ရဲ့ဖော်ပြချက်အရ လက်ရှိအချိန်မှာ မန်ယူရဲ့တန်ကြေးက ပေါင် ၃.၂ဘီလီယံအထိရှိနေပါပြီ။ ဒီတန်ကြေး ဆော်ဒီမင်းသားအတွက်တော့ ဂရုစိုက်စရာမဟုတ်ပဲ ပိုင်ဆိုင်မှု ပေါင် ၈၀၀ ဘီလီယံအထိရှိတဲ့ မင်းသားဟာ ပေါင်၄ဘီလီယံအထိပေးဖို့ရှိနေတယ်လို့လည်း Mirror က ဖော်ပြထားပါတယ်။ မြို့ခံပြိုင်ဘက် မန်စီးတီးအသင်းကို ယူအေအီးတော်ဝင်မင်းသား ရှိတ်မန်ဆော် ပိုင်ဆိုင်ပြီးနောက်ပိုင်းငွေကြေးနဲ့ အပြောင်းအလဲတွေလုပ်ခဲ့သလို မန်ယူကိုသာ ဆော်ဒီမင်းသားပိုင်ဆိုင်ခဲ့ရင် မန်ချက်စတာမြို့မှာ အရှေ့အလယ်ပိုင်းတော်ဝင်မင်းသားတွေရဲ့ပြိုင်ဆိုင်မှုပြင်းထန်လာဖို့ရှိနေပါတယ်။

Share

Loading Next Article...
က္က