ပြိုင်ပွဲစုံ နောက်ဆုံး ၉ ပွဲဆက် အနိုင်ရထားပါတယ်။

မန်စီးတီးနဲ့ ချဲလ်ဆီးကိုရှုံးနိမ့်ပြီးနောက် ကစားထားတဲ့ ပြိုင်ပွဲစုံ ၉ ပွဲဆက် အနိုင်ရထားပေမယ့်လည်းမန်စီးတီးကိုမီဖို့ဆိုရင် အခုထက်ပိုပြီး တိုးတက်ဖို့ လိုသေးတယ်လို့ ဆိုပါတယ်။



Photo - sportskeeda.com

 

နောက်ဆုံး ၉ ပွဲဆက် ပြိုင်ပွဲစုံမှာ ရာနှုန်းပြည့်နိုင်ပွဲယူထားနိုင်တဲ့ အာဆင်နယ်အသင်းရဲ့ အခြေအနေမှန်ကို နည်းပြ အူနိုင်း အမ်မရီက ထုတ်ဖော် ပြောလာခဲ့ပါပြီ။

မော်ရင်ဟိုကို လေးစားမှုပိုမိုပြသဖို့ ချယ်ဆီးအသင်းပရိသတ်တွေကို ဆာရီ တောင်းဆို 

အမ်မရီရဲ့ ပြောပြချက်အရ အာဆင်နယ်အသင်းအနေနဲ့ ပရီးမီးယားလိဂ်ရဲ့ ထိပ်ဆုံးမှာ ဦးဆောင်နေတဲ့ မန်စီးတီးအသင်းကို မီဖို့ဆိုရင် အခုထက် ပိုပြီး တိုးတက်ဖို့ လိုသေးတယ်လို့ ဆိုလာခဲ့ပါတယ်။

Photo - Football Highlights

 

"ကျွန်တော်တို့ အခုထက်ပိုပြီး တိုးတက်ဖို့ လိုပါသေးတယ်။ရပ်တန့်လို့တော့ မရပါဘူး။ဒါကြောင့် ကစားသမားတွေနဲ့ ပွဲတွေအပေါ်မှာ ပြန်လည် သုံးသပ်ဖို့လည်း လိုပါတယ်။"လို့ အမ်မရီက ပြောပါတယ်။

အာဆင်နယ်အသင်းအနေနဲ့ ရာသီအစမှာ အသင်းကြီးတွေ ဖြစ်တဲ့ မန်စီးတီးနဲ့ ချဲလ်ဆီးတို့ကို ရှုံးနိမ့်ထားကာ လက်ရှိအချိန်မှာလည်း ဒီကနေ့ည လက်စတာအသင်းနဲ့ မကစားခင် အဆင့် ၅ မှာ ရပ်တည်နေပါတယ်။

 

ဒီကနေ့ည လက်စတာနဲ့ပွဲမှာ အနိုင်ရခဲ့ပါက အဆင့် ၄ နေရာကို တက်လှမ်းနိုင်မှာ ဖြစ်ပြီး ချဲလ်ဆီးနဲ့ ရမှတ်တူအနေအထားထိ ရောက်လာမှာ ဖြစ်သလို မန်စီးတီးနဲ့လည်း ၂ မှတ်ကွာအနေအထားကို တက်လှမ်းလာနိုင်မှာ ဖြစ်ပါတယ်။

အာဆင်နယ်အသင်းကတော့ လက်စတာနဲ့ ကစားပြီးပါက ကြားရက်အောက်တိုဘာ ၂၅မှာ စပို့တင်းအသင်းနဲ့ ယူရိုပါလိဂ် အဝေးကွင်းကို လိုက်ပါ ကစားရဦးမှာ ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က