AD
AD
AD

မန်စီးတီးအသင်းနည်းပြ ဂွာဒီယိုလာက သူ့ရဲ့အသင်းဟာ ဒီရာသီ ပရီးမီးယားဆုဖလားကို စိန်ခေါ်နိုင်တဲ့ အသင်း (၅)သင်းထဲက တစ်သင်းဖြစ်တယ်လို့ ပြောဆိုလိုက်ပါတယ်။ ဂွာဒီယိုလာရဲ့ မန်စီးတီးဟာ ပရီးမီးယားလိဂ်မှာ ရှုံးပွဲမရှိသေးပဲ အမှတ်ပေးဇယား ထိပ်ဆုံးမှာ ရပ်တည်နေတာ ဖြစ်ပြီး လက်ရှိ ပရီးမီးယားလိဂ်ချန်ပီယံလည်း ဖြစ်ပါတယ်။

play
Photo : Goal.com

 

မန်စိးတီးနဲ့အတူ ဆုဖလားကို စိန်ခေါ်နိုင်တဲ့ အသင်းတွေအဖြစ် ဂွာဒီယိုလာက ချယ်လ်ဆီး၊ အာဆင်နယ်၊ လီဗာပူးလ် နဲ့ စပါးတို့ကို သတ်မှတ်ထားပြီး ဒီအသင်း (၅)သင်းဟာ ပရီးမီးယားလိဂ်ဖလားကို ရယူနိုင်တဲ့ လမ်းကြောင်းမှာ မန်စီးတီးရဲ့ ပြိုင်ဘက်တွေအဖြစ် ရှိနေတယ်လို့လည်း ဂွာဒီယိုလာက သုံးသပ်ခဲ့ပါတယ်။

play
Photo : La Vanguardia

 

တနင်္လာနေ့မှာ မန်စီးတီးအသင်းဟာ ထိပ်ဆုံး (၅)သင်းစာရင်းဝင် စပါးအသင်းနဲ့ ရင်ဆိုင်ရတော့မှာ ဖြစ်ပါတယ်။ ဒီပွဲစဉ်မတိုင်ခင်မှာ ချန်ပီယံဆုအတွက် အနေအထားနဲ့ အလားအလာကို ဂွာဒီယိုလာက သုံးသပ်ပြောကြားခဲ့တာ ဖြစ်ပါတယ်။

play
Photo : Fox Sports

 

"အမှတ်ပေးဇယားထိပ်ဆုံးက အသင်းနဲ့ အဆင့် (၄)၊ (၅)၊ (၆) အသင်းတွေရဲ့ ကြားမှာ ရမှတ်က (၂)မှတ်စီလောက်ပဲ ကွာဟတာပါ၊ အဲဒီအသင်းတွေကလည်း အရမ်းကို ခိုင်မာတောင့်တင်းကြပါတယ်၊ လွန်ခဲ့တဲ့ လေးငါးခြောက်နှစ်အတွင်းမှာ စပါးအသင်းရဲ့ ပွဲထွက် ကစားသမားတွေကို ကြည့်မယ်ဆိုရင် သိသာနိုင်ပါတယ်"

 

"သူတို့ ကစားသမားအသစ်တွေ မခေါ်ယူနိုင်ခဲ့ပါဘူး၊ ဒါကလည်း သူတို့ရဲ့ မယုံကြည်နိုင်စရာ ကွင်းသစ်ကြီးအတွက် ပိုက်ဆံတွေ အများအပြား သုံးစွဲခဲ့ရလို့ပါ၊ သူတို့က ထိပ်တန်းအဆင့်မှာ ရှိနေဆဲဖြစ်ပါတယ်၊ ဒါကို ပရီးမီးယားလိဂ် စရောက်ကတည်းက ကျွန်တော်ပြောခဲ့ဖူးပါတယ် ပရီးမီးယားလိဂ်မှာ စပါးကို ကျွန်တော် စရှုံးခဲ့တာပါ"

 

"ဒါကြောင့် သူတို့ ဘယ်လောက်ထိ သန်မာတောင့်တင်းလဲ ကျွန်တော်သိတာပေါ့၊ ပြီးခဲ့တဲ့ ရာသီကတော့ နှစ်ကျော့စလုံးကို ကျွန်တော်တို့ ကောင်းကောင်းကစားနိုင်ခဲ့တယ်၊ ဒါပေမယ့် သူတို့မှာ နည်းပြကောင်းတစ်ယောက်ရှိသလို ကစားကောင်းတွေအများကြီး ပိုင်ဆိုင်ထားတာကိုတော့ သတိထားရပါလိမ့်မယ်" လို့ ဂွာဒီယိုလာက ပြောဆိုခဲ့ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD