လာမယ့်ပွဲစဉ်တွေကိုသာ အာရုံစိုက်ထားတယ်လို့ ပြောခဲ့တာပါ။

မန်ချက်စတာယူနိုက်တက်အသင်းရဲ့ကြယ်ပွင့်ဂိုးသမား ဒေးဗစ်ဒီဂီယာဟာ အိုးထရက်ဖို့ဒ်မှာ ဆက်ရှိနေဖို့ မရေရာမသေချာဖြစ်နေတယ်လို့ သတင်းတွေထွက်ပေါ်နေချိန်မှာ နိုုင်ပွဲတွေအတွက်သာ အာရုံစိုက်ထားပြီး စာချုပ်သစ်ချုပ်ဆိုဖို့ကို မစဉ်းစားထားကြောင်း ပြောကြားခဲ့ပါတယ်။

NINTCHDBPICT0004419762231.jpg 

ဒီဂီယာဟာ လာမယ့် ၂၀၁၉ ခုနှစ်မှာ မန်ချက်စတာယူနိုက်တက်အသင်းနဲ့ စာချုပ်သက်တမ်းကုန်ဆုံးတော့မှာဖြစ်ပြီး မန်ချက်စတာယူနိုက်တက်အသင်းဟာ ဒီဂီယာကို တစ်နှစ်သက်တမ်းတိုးခွင့်ကျန်ရှိနေသေးတာကြောင့် ၂၀၂၀ ခုနှစ်အထိ အသင်းမှာ ဆက်ရှိနေဦးမှာဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းရဲ့နည်းပြမော်ရင်ဟိုဟာ ဒီဂီယာကို စာချုပ်သစ်ချုပ်ဆိုနိုင်ဖို့အတွက် ယုံကြည်ချက်မရှိသလို စိုးရိမ်မှုလည်းမရှိဘူးလို့ ပြောကြားခဲ့ပြီး ဒီဂီယာ အသင်းမှာ ဆက်ရှိနေမလားဆိုတဲ့ အလားအလာနဲ့ပတ်သက်တဲ့မေးမြန်းမှုတွေ ဖြေကြားခဲ့ပါတယ်။

 

အသက် ၂၇ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဒီဂီယာဟာ မန်ချက်စတာယူနိုက်တက်အသင်းကို ၂၀၁၁ ခုနှစ်မှာ ရောက်ရှိခဲ့သူဖြစ်ပြီး မန်ယူအသင်းနဲ့အတူ ပရီးမီးယားလိဂ်၊ ယူရိုပါလိဂ်၊ အက်ဖ်အေဖလားနဲ့ အခြားဆုဖလားတွေကို ကိုင်မြှောက်နိုင်ခဲ့သူဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းဟာ ၂၀၁၂-၂၀၁၃ ရာသီနောက်ပိုင်းကတည်းက ပရီးမီးယားလိဂ်ဖလားကို မရရှိတော့တာဖြစ်ပြီး ဒီဂီယာက နိုင်ပွဲတွေကိုသာ အာရုံစိုက်ထားပြီး စာချုပ်သစ်နဲ့ အခြားကိစ္စတွေကို ခေါင်းထဲမထည့်ထားဘူးလို့ ပြောကြားခဲ့ပါတယ်။

"အသင်းနဲ့ ကျွန်တော်တို့ အားလုံးဟာ ဘာတွေပဲဖြစ်နေဖြစ်နေ အာရုံစိုက်ဖို့လိုအပ်တဲ့ဟာကိုပဲ အာရုံစိုက်ပါတယ်။ အနိုင်ရရှိဖို့ထက် အခြားကိစ္စတွေနဲ့ စာချုပ်ကိစ္စတွေကို အာရုံစိုက်နေတာက ရှုပ်ထွေးစေပါတယ်"

"အဲဗာတန်နဲ့ အရေးပါတဲ့ပွဲစဉ်ရှိနေပြီး လာမယ့်လမှာ ကြီးမားတဲ့ပွဲစဉ်တွေ ယှဉ်ပြိုင်ရဖိုု့ရှိနေပါတယ်။ အဲဒါက တခြားကိစ္စတွေကို စဉ်းစားနေတာထက် ပိုစဉ်းစားရမယ့်ကိစ္စလို့ ကျွန်တော်ထင်ပါတယ်"

"ကျွန်တော် ဒီမှာရှိနေခဲ့တာ ရာသီတွေအများကြီးရှိပါပြီ။ ကျွန်တော်အခု အသင်းမှာ ၈ ရာသီမြောက်အတူတူရှိနေတာပါ။ ကျွန်တော် ဒီမှာအရမ်းပျော်ရွှင်နေပါတယ်။ အမြဲတမ်း ပရိသတ်တွေဆီကနဲ့ အသင်းမှာအလုပ်လုပ်နေကြတဲ့ လူတိုင်းဆီက နွေးထွေးမှုကို ကျွန်တော် ခံစားရပါတယ်"လို့ ပြောကြားခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က