ရမှတ် ၂၄မှတ်နဲ့ ဒုတိယနေရာကို ယာယီတက်လှမ်းနိုင်ခဲ့ပြီး နည်းပြသစ် ဆာရီလည်း ရှုံးပွဲမရှိစံချိန်ကိုဆက်ထိန်းထားနိုင်ခဲ့ပါတယ်။

တနင်္ဂနွေည ၈နာရီမှာ အမှတ်ပေးဇယားထိပ်ပိုင်းက လန်ဒန်ကလပ်အသင်းနှစ်သင်းဖြစ်တဲ့ အာဆင်နယ်နဲ့ ချယ်လ်ဆီးအသင်းတို့တပြိုင်တည်းကစားခဲ့ပေမယ့် မတူညီတဲ့ရလဒ်တွေထွက်ပေါ်ခဲ့ပါတယ်။ အာဆင်နယ်အသင်းဟာ ခရစ္စတယ်ပဲလေ့စ်အသင်းကိုအဝေးကွင်းမှာရင်ဆိုင်ခဲ့ရပြီး နှစ်ဂိုးစီသရေကျခဲ့ပေမယ့် ချယ်လ်ဆီးကတော့ အဝေးကွင်းမှာပဲ ဘန်လေကို ၄-ဝဂိုးနဲ့ဂိုးပြတ်အနိုင်ရခဲ့ပါတယ်။



1540735104209_lc_galleryImage_BURNLEY_ENGLAND_OCTOBER_2.JPG

Photo: Daily Mail

 

အာဆင်နယ်အသင်းအနေနဲ့ ဒီပွဲမှာ အဓိက ကစားသမား အစုံအလင်ပါဝင်ခဲ့ပြီး ဂိုးသမားနေရာမှာ ပီတာချက်ဒဏ်ရာပြန်သက်သာလာပေမယ့်လည်း လီနိုကိုပဲ ဆက်လက်အသုံးပြုခဲ့ပါတယ်။ အာဆင်နယ်အသင်းရဲ့တိုက်စစ်ကစားပုံဟာ ဒီနေ့မှာထိရောက်မှုသိပ်မရှိပဲ အိမ်ရှင် ပဲလေ့စ်အသင်းက ပိုပြီး ထိုးဖောက်ကစားနိုင်တာကိုတွေ့ရပါတယ်။ ခရစ္စတယ်ပဲလေ့စ်အသင်းအတွက် မီလီဗိုဂျီဗစ် တစ်ဦးတည်းက ပင်နယ်တီကတဆင့်သွင်းယူခဲ့ပြီး ဒုတိယပင်နယ်တီက အငြင်းပွားစရာဖြစ်ခဲ့ရပါတယ်။ အာဆင်နယ်အတွက်ဂိုးတွေကိုတော့ ဇာကာနဲ့ အူဘာမီယန်တို့က သွင်းယူခဲ့တာပါ။

Photo: Daily Mail

စာချုပ်သစ်ချုပ်ဆိုဖို့ကို မစဉ်းစားထားတဲ့ ဒေးဗစ်ဒီဂီယာ 

ချယ်လ်ဆီးကတော့ ဘန်လေအသင်းကို အဝေးကွင်းမှာရင်ဆိုင်ခဲ့ရတယ်ဆိုပေမယ့် ပွဲချိန်တစ်လျှောက်လုံးအသာစီးကစားပြီး ဂိုးပြတ်အောင်ပွဲခံနိုင်ခဲ့ပါတယ်။ နည်းပြ ဆာရီဟာ ဂိုးပေါက်ပျောက်နေတဲ့တိုက်စစ်မှူး ဂီရော့ဒ်နေရာမှာ မိုရာတာကို အစားထိုးပွဲထွက်ခွင့်ပေးခဲ့ပြီး မိုရာတာက အဖွင့်ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။  ဒီပွဲမှာ ချယ်လ်ဆီးကွင်းလယ်တိုက်စစ်ကစားသမား ဝီလီယမ်အထူးခြေစွမ်းပြပြီး ကိုယ်တိုင်လည်းဂိုးသွင်းနိုင်ခဲ့ပါတယ်။ ချယ်လ်ဆီးအတွက် နောက်ထပ်အနိုင်ဂိုးတွေကိုတော့ ဘာကလေနဲ့ လူစားဝင်ကစားသမား လော့ဖ်တပ်စ်တို့ကသွင်းယူခဲ့တာပါ။

Photo: Daily Mail

 

အာဆင်နယ်အသင်းဟာ ပဲလေ့စ်နဲ့သရေကျခဲ့လို့ ဇယားထိပ်က လီဗာပူးလ်နဲ့ရမှတ် လေးမှတ်အထိကွာဟခဲ့သလို ၇ပွဲဆက်အနိုင်စံချိန်လည်းရပ်တန့်ခဲ့ပါတယ်။ ဒါပေမယ့် ရှုံးပွဲမကြုံခဲ့တဲ့အတွက် နောက်ဆုံးရှစ်ပွဲဆက် ရှုံးပွဲမရှိစံချိန်ကိုတော့ ဆက်ထိန်းနိုင်ခဲ့ပါတယ်။ ချယ်လ်ဆီးကလည်း ဘန်လေကိုအနိုင်ရခဲ့လို့ ရမှတ် ၂၄မှတ်နဲ့ ဒုတိယနေရာကို ယာယီတက်လှမ်းနိုင်ခဲ့ပြီး နည်းပြသစ် ဆာရီလည်း ရှုံးပွဲမရှိစံချိန်ကိုဆက်ထိန်းထားနိုင်ခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က