လက်စတာပိုင်ရှင်ရဲ့ သမီးကတော့ လေယာဉ်ပေါ် မလိုက်ပါခဲ့ပါဘူး။

ဗစ်ချိုင်းမှာ သားသမီး ၄ ဦးရှိပြီး ပျက်ကျခဲ့တဲ့ လေယာဉ်ပေါ်မှာတော့ ၎င်းရဲ့ မိသားစုဝင်တစ်ဦးတစ်ယောက်မျှ မပါဝင်ခဲ့ပဲ လေယာဉ်မှူး နှစ်ဦးနဲ့ ဝန်းထမ်း ၂ ဦးသာ ပါဝင်ခဲ့တာပါ။

 

စနေနေ့ညက ကစားခဲ့တဲ့ လက်စတာအသင်းနဲ့ ဝက်စ်ဟမ်းအသင်းတို့ရဲ့ ပရီးမီးယားလိဂ် ပွဲစဉ်အပြီးမှာ ကွင်းအတွင်းက ဟယ်လီကော်ပတာနဲ့ ပြန်လည်ထွက်ခွာခဲ့တဲ့ လက်စတာအသင်းပိုင်ရှင် ဗစ်ချိုင်းရဲ့ ရဟတ်ယာဉ် ပျက်ကျမှု ဖြစ်ပွားခဲ့ပါတယ်။

လန်ဒန်ထိပ်သီးနှစ်သင်း ရလဒ်မတူညီခဲ့တဲ့ ည 

ဒီလို ပျက်ကျမှု ဖြစ်စဉ်ကြောင့် လေယာဉ်ပေါ် လိုက်ပါခဲ့သူ အားလုံး အသက်ဆုံးရှုံးခဲ့ရပြီး လက်စတာအသင်းရဲ့ ပိုင်ရှင် ထိုင်းလူမျိုး ဗစ်ချိုင်း အပါ အဝင် ၊ အမျိုးသမီး လေယာဉ်မှူးတစ်ဦး၊ လက်စတာအသင်းရဲ့ ဝန်ထမ်း ၂ ဦးနဲ့အတူ ဗစ်ချိုင်းရဲ့ မိတ်ဆွေ အမျိုးသမီးတစ်ဦးတို့ သေဆုံးခဲ့တယ် လို့ လက်စတာအသင်းက မနေ့ညက တရားဝင် သတင်းထုတ်ပြန်လိုက်ပါပြီ။

 

လေယာဉ်မှူး ဆွာဖာကတော့ လေယာမောင်း အတွေ့အကြုံ နှစ်ပေါင်း ၂၀ ကျော်ရှိပြီ ဖြစ်ပြီး ကိုယ်ပိုင်လေယာဉ်တွေနဲ့ ရဟတ်ယာဉ်အမျိုး အစားတွေကို မောင်းနှင်ဖူးသူ ဖြစ်ပါတယ်။

လေယာဉ်ပျက်ကျမှုမှာ ပါဝင်သေဆုံးခဲ့သူတွေအတွက် ဝမ်းနည်းခြင်း ပန်းစည်းတွေကိုတော့ လက်စတာအသင်းရဲ့ ကွင်း အပြင်ဖက်မှာ ပရိသတ် ပေါင်း ထောင်ပေါင်းများစွာက လာရောက် ချပေးခဲ့တာကိုလည်း တွေ့မြင်ရပါတယ်။

 

ဒီဖြစ်စဉ်ကြောင့် မနေ့က ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်တွေမှာလည်း ဝမ်းနည်းခြင်း အထိမ်းအမှတ်တွေ ပြုလုပ်ခဲ့ကြတာကိုလည်း တွေ့မြင်ရ မှာ ဖြစ်ပါတယ်။

သေဆုံးခဲ့တဲ့ လက်စတာအသင်းပိုင်ရှင်မှာ အသက် ၆၀ အရွယ်ရှိပြီ ဖြစ်ပြီး သားသမီး ၄ ဦးရှိပါတယ်။ လက်စတာအသင်းကိုတော့ ၂၀၁၀ ခုနှစ် မှာ ပေါင် ၃၉ သန်းနဲ့ဝယ်ယူခဲ့တာပါ။

Photo - TheWorldNews

 

၂၀၁၆ မှာတော့အသင်းဟာ သမိုင်းဝင် ပရီးမီးယားလိဂ် ဆုဖလားကြီးကိုရယူနိုင်ခဲ့ပြီး အခုလို အသင်းပိုင်ရှင်ရဲ့ အဖြစ်ဆိုးမျိုးအပေါ်မှာတော့ - " ဒီဖြစ်ရပ်အပေါ် ဘယ်လိုမှ မယုံနိုင်သေးပါဘူး။ကျွန်တော် အရမ်းကို ကြေကွဲခံစားရပါတယ်။" လို့ လက်စတာအသင်း ဂိုးသမား ရှမိုက်ကယ်က ပြောပါတယ်။

ဒီဖြစ်စဉ်မှာ မူလက လက်စတာအသင်းရဲ့ ပိုင်ရှင် ဗစ်ချိုင်းနဲ့အတူ သူ့ရဲ့ သမီးဖြစ်သူပါ သေဆုံးခဲ့တယ်လို့ ထင်မြင်ခဲ့ပေမယ့်လည်း အမှန်တစ် ကယ်မှာတော့ သူ့ရဲ့ သမီး ပါဝင်ခဲ့ခြင်းမရှိပဲ ဝန်ထမ်းအမျိုးသမီးကို အထင်မှားခဲ့ကြတာလည်း ဖြစ်ပါတယ်။

လက်စတာအသင်းကတော့ ယခုနှစ် ပရီးမီးယားလိဂ် ဘောလုံးရာသီမှာ အဆင့် ၁၂ နေရာမှာ ရပ်တည်နေပြီး ၄ ပွဲနိုင် တစ်ပွဲ သရေကျထားကာ ၁၃ မှတ်ရရှိထား ပါတယ်။

Share

Loading Next Article...
က္က