စပါးနဲ့ပွဲအပြီးမှာ ပြောခဲ့တာပါ။

တော့တင်ဟမ်ဟော့စပါးအသင်းကို မန်ချက်စတာစီးတီးအသင်းက တစ်ဂိုး-ဂိုးမရှိနဲ့ အနိုင်ရရှိခဲ့တဲ့ပွဲမှာ မန်စီးတီးအတွက် တစ်လုံးတည်းသော အနိုင်ဂိုးကို တောင်ပံကစားသမား မာရက်ဇ်က သွင်းယူပေးခဲ့ပါတယ်။ ဂိုးသွင်းယူပေးပြီးနောက်မှာ မာရက်ဇ်ဟာ လက်နှစ်ဖက်ကို အပေါ်မြှောက်ပြီး အောင်ပွဲခံနေခဲ့ပါတယ်။ မာရက်ဇ်ရဲ့ အောင်ပွဲခံမှုမှာ လေးနက်တဲ့ အဓိပ္ပာယ်တွေ ပြည့်နှက်နေခဲ့ပြီး ဝမ်းနည်းဖွယ်အတိနဲ့လည်း ဝန်းရံနေခဲ့ပါတယ်။

Photo : Daily Mail

 

ပြီးခဲ့တဲ့ စနေနေ့က လက်စတာအသင်းရဲ့ အိမ်ကွင်း King Power ကွင်းအနီးမှာ ဟယ်လီကော်ပတာပျက်ကျခဲ့လို့ အသင်းပိုင်ရှင် ဗီချိုင်းအပါအဝင် လူ (၅)ဦး သေဆုံးခဲ့ရပါတယ်။ လက်စတာစီးတီးအသင်းမှာ ကာလအတန်ကြာ ကစားခဲ့ပြီး အသင်းနဲ့အတူ ပရီးမီးယားလိဂ်ဖလားကို ကိုင်မြှောက်နိုင်ခဲ့တဲ့ မာရက်ဇ်က ဗီချိုင်းအတွက် ရည်စူးပြီး အောင်ပွဲခံခဲ့တာလည်း ဖြစ်ပါတယ်။

Photo : Daily Mail

"ကျွန်တော့်အတွက် ခက်ခဲတဲ့ အချိန်ကာလတစ်ခုပါ၊ ဘော့စ်က ကျွန်တော့်အတွက်တော့ ထူးရှယ်ပုဂ္ဂိုလ်တစ်ဦးပါ၊ လက်စတာစီးတီးမှာ ကျွန်တော် (၄)နှစ်ခွဲလောက် ကစားခဲ့ပါတယ်၊ သူက လူပုဂ္ဂိုလ်ကောင်းတစ်ဦးဖြစ်ပြီး ကြီးမြတ်တဲ့ လူသားတစ်ဦးလည်း ဖြစ်ပါတယ်၊ ဒါကြောင့့် ကျွန်တော် အရမ်းအရမ်း စိတ်မကောင်းဖြစ်ခဲ့ရပါတယ်" လို့ မာရက်ဇ်က ပြောပါတယ်။

Photo : Daily Mail

 

"ဂိုးသွင်းအပြီးမှာ ကျွန်တော့်ရဲ့ လက်နှစ်ဖက်ကို ကောင်းကင်ပေါ် မြှောက်ပြီး ဘာလို့အောင်ပွဲခံခဲ့ရသလဲဆိုတော့ သူ့အတွက် ရည်ရွယ်ပြီး အောင်ပွဲခံခဲ့တာပါ၊ ကျွန်တော့်အတွက်၊ ကလပ်အသင်းအတွက် ဗီချိုင်းက ကြီးကျယ်ခမ်းနားတဲ့ လူတစ်ဦးပါ၊ ပြီးတော့ ကျွန်တော့်ရဲ့ ဖခင်တစ်ဦးလိုဆိုလည်း ဟုတ်ပါတယ်၊ သူက အဲဒီလို လူစားမျိုးပါ၊ သူ့ရဲ့အဖြစ်ဆိုးကို ကြားခဲ့ရပြီးနောက်မှာ ကျွန်တော့်နှလုံးသားတွေ ကွဲကြေမတတ် ဖြစ်ခဲ့ရပါတယ်"

Photo : Daily Mail

"ဒီသတင်းကြားပြီးတဲ့နောက်မှာ ညည အိပ်စက်ဖို့တောင် ခက်ခဲနေခဲ့ရပါတယ်၊ ခင်ဗျားဘဝမှာ ဒီလိုအဖြစ်အပျက်မျိုး ကြုံတွေ့ရရင် လက်ခံနိုင်ဖို့ ကြိုးစားရမှာဆိုပေမယ့်လည်း အဲဒီလို လက်သင့်ခံနိုင်ဖို့က အရမ်းကို ခက်ခဲပါတယ်" လို့ မာရက်ဇ်က ကြေကွဲမှုအတိနဲ့ ပြောဆိုခဲ့ပါတယ်။ လက်စတာစီးတီးအသင်းမှာ မာရက်ဇ် ကစားခဲ့စဉ်အတွင်း ဗီချိုင်းနဲ့ အနီးကပ်ဆက်ဆံရေးတွေ ရှိခဲ့ပြီး သူတို့နှစ်ဦးကြားမှာ အရမ်းကို ခင်မင်ရင်းနှီးခဲ့တဲ့ မိတ်ဆွေကောင်းတွေအဖြစ်ပါ သူတို့ရဲ့ ဆက်ဆံရေးကို တည်ဆောက်နိုင်ခဲ့တာ ဖြစ်ပါတယ်။

Share

Loading Next Article...
က္က