တနင်္ဂနွေနေ့က အီဂျစ်မှာ ဖွင့်လှစ်ခဲ့တာပါ။

နိုဝင်ဘာလ (၃)ရက်နေ့က အီဂျစ်နိုင်ငံမှာ အီဂျစ်အသင်းရဲ့ အဓိကတိုက်စစ်မှူး မိုဟာမက်ဆာလာရဲ့ ရုပ်ထုကို ဖွင့်လှစ်ခဲ့ပါတယ်။ ဆာလာရဲ့ ပုံတူရုပ်ထုကို တွေ့မြင်အပြီးမှာတော့ ဝိုင်းဝန်းလှောင်ပြောင်မှုတွေ ရှိခဲ့ကြပြီး ပေါ်တူဂီတိုက်စစ်မှူး ရော်နယ်ဒိုရဲ့ ရုပ်ထုနဲ့ နှိုှုင်းယှဉ်သုံးသပ်ကာ ကဲ့ရဲ့ သရော်မှုတွေလည်း ဖြစ်ပွားခဲ့ပါတယ်။



Photo : Sportbible

 

ဆာလာရဲ့ အောင်ပွဲခံဟန်ပုံစံအတိုင်း ထုလုပ်ထားတဲ့ ရုပ်ထုမှာတော့ ခန္ဓာကိုယ်အရွယ်အစားက သေးငယ်နေပြီး ဦးခေါင်းပိုင်းက ကြိးမားနေတာကို တွေ့ရမှာဖြစ်ပါတယ်။ ဒါ့အပြင် ဆာလာရဲ့ မျက်နှာပုံပန်းသွင်ပြင်နဲ့ ကွဲလွဲမှုတွေရှိနေပြီး (၈)နှစ်အရွယ် ကလေး တစ်ယောက်ရဲ့ ပုံစံလို ဖြစ်နေတယ်လို့ ပြောဆိုခဲ့ကြပြီး လှောင်ပြောင်ခဲ့ကြပါတယ်။

Photo : Sportbible

 

ဒီရုပ်ထုကိုတော့ Mai Abdel Allah က ဖန်တီးပြုလုပ်ခဲ့တာဖြစ်ပြီး တော်တော်လေးဆိုးဝါးနေတယ်လို့ လာရောက်ကြည့်ရှုသူတွေက ပြောဆိုခဲ့ကြပါတယ်။ ဆာလာရဲ့ အောင်ပွဲခံဟန် ထုလုပ်တဲ့ပုံစံကို နားလည်ပေမယ့်လည်း ခန္ဓာကိုယ်အရွယ်အစားက ဘာလို့သေးငယ်နေရတာလဲလို့ တွစ်တာမှာ မေးခွန်းထုတ်မှုတွေ များပြားနေခဲ့ပါတယ်။

အွန်နရီ နဲ့ ဝိန်းရွန်နီတို့လို မှတ်တမ်းကို ရရှိခဲ့တဲ့ အဂူရို 

ဆိုရှယ်မီဒီယာပေါ်မှာလည်း မက်ဒဲယားလေဆိပ်မှာ ထားရှိထားတဲ့ ရော်နယ်ဒိုရဲ့ ရုပ်ထုနဲ့ နှိုင်းယှဉ်ပြီး ဝေဖန်ခံရမှုတွေ ရှိနေပါတယ်။ ရော်နယ်ဒိုရဲ့ ဦးခေါင်းပုံရုပ်ထုကိုတော့ ဒီနှစ်နွေရာသီအစောပိုင်းမှာ စတင်ဖွင့်လှစ်ခဲ့တာ ဖြစ်ပါတယ်။ ဆာလာရဲ့ ရုပ်ထုကို ဆိုရှယ်မီဒီယာပေါ်မှာ အခြားသော ဆိုးရွားတဲ့ ပုံများနဲ့ နှိုင်းယှဉ်ပြီး ဖော်ပြခဲ့မှုတွေလည်း ရှိခဲ့ပါတယ်။

Photo : The Sun

လီဗာပူးလ်အသင်းမှာ အောင်မြင်တဲ့ ဘောလုံးရာသီကို ဖြတ်သန်းနိုင်ခဲ့ပြီး အီဂျစ်အသင်းကိုလည်း ကမ္ဘာ့ဖလားဝင်ခွင့်ရအောင် စွမ်းဆောင်ပေးနိုင်ခဲ့ပြီးနောက် ဆာလာဟာ အီဂျစ်မှာ လူကြိုက်အများဆုံး ကစားသမားဖြစ်လာခဲ့ပါတယ်။ ဒီအတွက် သူ့ရဲ့နိုင်ငံ အီဂျစ်မှာ အမှတ်တရ ဂုဏ်ပြုဖို့ ရုပ်ထုပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဆိုးရွားလှတဲ့ပုံစံကြောင့် ဆာလာအတွက်တော့ ငိုရမလိုလို၊ ရယ်ရမလိုလိုဖြစ်နေခဲ့မှာတော့ သေချာပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က