ဘိတ်နဲ့ယူရိုပါလိဂ် ကစားပြီးရင် အဲဗာတန်နဲ့ ပရီးမီးယားလိဂ် ကစားရပါမယ်။

ဆာရီက ဒီနှစ်မှ ချဲလ်ဆီးကို တာဝန်ယူကိုင်တွယ်ထားတာ ဖြစ်ပြီး အသင်းကို ရလဒ်ကောင်းတွေ ရရှိအောင် စွမ်းဆောင်ပေးထားနိုင် သူဖြစ်ပါတယ်။

Photo - news.superscommesse.it

 

ချဲလ်ဆီးအသင်းက ခရစ္စတယ်ပဲလေ့စ်အသင်း ၃-၁ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ပွဲအပြီးမှာ နည်းပြ ဆာရီကတော့ အသင်းနဲ့အတူ စံချိန် မှတ်တမ်းကောင်း တစ်ခုကို ပိုင်ဆိုင်ခဲ့ပါတယ်။

အွန်နရီ နဲ့ ဝိန်းရွန်နီတို့လို မှတ်တမ်းကို ရရှိခဲ့တဲ့ အဂူရို 

ဆာရီကတော့ ဒီနှစ်မှ ချဲလ်ဆီးကို စတင်တာဝန်ယူ ကိုင်တွယ်ခဲ့သူ ဖြစ်ပြီး နည်းပြဟောင်း ကွန်တီထွက်ခွာသွားပြီးနောက်ပိုင်း အသင်းကို အကောင်းဆုံး ထိန်းသိမ်းပေးထားနိုင်သူပါ။

Photo - CalcioMercato.com

 

အခုလည်း အိမ်ကွင်းမှာ ပဲလေ့စ်အသင်းကို ၃-၁ ဂိုးနဲ့ အနိုင်ရခဲ့လို့ ပရီးမီးယားလိဂ်မှာ ၁၁ ပွဲဆက် ရှုံးပွဲမရှိတဲ့ နည်းပြအဖြစ် စံချိန်ကောင်းတစ်ရပ် ပိုင်ဆိုင်လာခဲ့တာပါ။

ဒီစံချိန်ကောင်းကတော့ တစ်ချိန်က နော်တင်ဟမ်ဖောရက်စ်အသင်းနည်းပြ ဖရန့်ကလက်ခ် တင်ရှိခဲ့တဲ့ စံချိန်နဲ့တူညီခဲ့တာလည်း ဖြစ်ပါတယ်။ နောင်တင်ဟမ်နည်းပြက ၁၉၉၄ ခုနှစ်က တင်ရှိခဲ့တာ ဖြစ်လို့ နှစ်ပေါင်း ၂၄ နှစ်ကျော်မှ ပြန်လည်တင်ရှိနိုင်တဲ့ စံချိန်လည်း ဖြစ်လာပါတယ်။

Photo - Sporting Life

 

ဆာရီအနေနဲ့ ချဲလ်ဆီးကို ကိုင်တွယ်ပြီး လုံး၀ ရှုံးပွဲမရှိတာတော့မဟုတ်ပါဘူး၊ ကွန်မြူနတီဒိုင်း ပွဲအဖြစ် ကစားခဲ့စဉ်တုန်းကတော့ မန်စီးတီးအသင်း ကို ၂-၀ ဂိုးနဲ့ ရှုံးနိမ့်ခဲ့ပါတယ်။

အသင်းတစ်သင်းအနေနဲ့ဆိုရင်တော့ အခုလို ပထမဆုံး ကစားတဲ့ လိဂ် ပွဲ ၁၁ပွဲမှာ ရှုံးပွဲမရှိထားတာကတော့ ၃သင်းမြောက်အသင်းဖြစ်လာခဲ့တာ ဖြစ်ပြီး ၁၉၇၈-၇၉ ခုနှစ်တုန်းက မန်စီးတီးနဲ့လီဗာပူးတို့ တင်ရှိထားဖူးပါတယ်။

ဆာရီအနေနဲ့ ချဲလ်ဆီးအသင်းနဲ့အတူ လာမယ့်တစ်ပတ်မှာ အဲဗာတန်နဲ့ပွဲမကစားခင် ကြားရက်မှာ ဘိတ်အသင်းနဲ့ ယူရိုပါလိဂ်အုပ်စုပွဲ ကစားရဖို့ ရှိပါသေးတယ်။

Share

Loading Next Article...
က္က