AD
AD
AD

လီဗာပူးလ်အသင်းရဲ့ အဓိက ကစားသမားတစ်ဦးဖြစ်တဲ့ ဆာဒီယိုမာနေးဟာ အသင်းနဲ့ စာချုပ်သစ်ချုပ်ဆိုဖို့ကို စိတ်မ၀င်စားဘူးလို့ သိရပါတယ်။ မာနေးနဲ့ လီဗာပူးလ်တို့ရဲ့ စာချုပ်ဟာ ၂၀၂၁ ခုနှစ်မှာ ကုန်ဆုံးမှာဖြစ်ပြီး ပြီးခဲ့တဲ့ ရာသီကုန်ကတည်းက မာနေးကို စာချုပ်သစ်ချုပ်ဆိုဖို့ လီဗာပူးလ်က ကြိုးစားနေပေမယ့် ဒီနေ့ထိ သဘောတူညီမှု မရရှိသေးတာ ဖြစ်ပါတယ်။ ဒါ့အပြင် မာနေးက အာဆင်နယ်နဲ့ပွဲမှာ သူ့ရဲ့ သွင်းဂိုးမရခဲ့ပေမယ့် ကွင်းလယ်ဒိုင်ကို နားလည်ပေးတယ်လို့ ပြောခဲ့ပါသေးတယ်။

play

 

လီဗာပူးလ်အသင်းရဲ့ (၃)ယောက်တန်း တိုက်စစ်မှာ အားကိုးရတဲ့ ကစားသမားအဖြစ် ဆောက်သမ်တန်ကနေ ပြောင်းရွှေ့လာပြီးကတည်းက မာနေးက ခြေစွမ်းပြနေခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့်လည်း လက်ရှိအချိန်မှာ မာနေးက စာချုပ်သစ်အတွက် မစဉ်းစားသေးပဲ အသင်းရဲ့ပွဲတွေကိုသာ အာရုံစိုက်သွားမယ်လို့ Liverpool Echo နဲ့ တွေ့ဆုံမှုမှာ ပြောကြားခဲ့ပါတယ်။

   

play

 

"အသင်းရဲ့ ပွဲတွေကို ပိုပြီး အာရုံစိုက်နေပါတယ်၊ စာချုပ်ကိစ္စအတွက်တော့ ကျွန်တော့်အေးဂျင့်ကပဲ ဆောင်ရွက်မှာပါ၊ အသင်းဖော်တွေ အတွက်၊ နည်းပြအတွက်၊ ပရိသတ်တွေအတွက် ကျွန်တော့်ရဲ့ အကောင်းဆုံးခြေစွမ်းကို ပေးဆပ်နိုင်တာကိုပဲ ပျော်ရွှင်နေပါတယ်၊ ရိုးရိုးသားသား ပြောရမယ်ဆိုရင် မန်စီးတီးရော၊ တခြားဘယ်အသင်းကိုရောမှ ပြောင်းရွှေ့ဖို့ စဉ်းစားထားတာ မရှိပါဘူး" လို့ မာနေးက ပြောခဲ့ပါတယ်။

"အာဆင်နယ်၊ ချယ်လ်ဆီး၊ တော့တင်ဟမ်တို့လို အရမ်းကောင်းတဲ့ အသင်းတွေနဲ့ ကျွန်တော်တို့ ကစားခဲ့ပြီးပါပြီ၊ ပွဲအားလုံးက အဝေးကွင်းမှာပါ၊ ဒါပေမယ့် အခုချိန်ထိတော့ ကျွန်တော်တို့ မရှုံးသေးပါဘူး၊ ဒါပေမယ့် လက်ရှိခြေစွမ်းထက်ပိုပြီးကောင်းတဲ့ ခြေစွမ်းကို ရရှိဖို့ ကျွန်တော်တို့ ကြိုးစားသွားရမှာပါ"

play

 

"အာဆင်နယ်နဲ့ပွဲမှာ ကျွန်တော့်ရဲ့ သွင်းဂိုးမရခဲ့တဲ့အတွက် ဘာမှမဖြစ်ပါဘူး၊ ကျွန်တော် အဲဒီပွဲကို ပြန်ကြည့်ပြီးပါပြီ၊ ဒီရာသီအစမှာ ၀က်စ်ဟမ်းကို ကျွန်တော် လူကျွံအနေအထားကနေ သွင်းခဲ့တဲ့ဂိုးကို မှတ်မိကြမယ်ထင်ပါတယ်၊ အဲဒီဂိုးကိုတော့ ခွင့်ပြုခဲ့ပါတယ်၊ တခါတလေမှာ လူမကျွံပေမယ့် ဂိုးမရတာမျိုးရှိတတ်တာကို ကျွန်တော်လက်ခံပါတယ်"

"ကွင်းလယ်ဒိုင်လူကြိးတွေကလည်း လူသားတွေပဲမို့လို့ တခါတလေမှာ သူတို့လည်း အမှားအယွင်းတွေ ပြုလုပ်တတ်ပါတယ်" လို့ မာနေးက ပြောကြားသွားခဲ့ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD