AD
AD
AD

မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ကစားသမားဟောင်း ဒါရင်းဖလက်ချာက အသင်းရဲ့ ကွင်းလယ်လူ ပေါ့ဂ်ဘာကို ဘယ်နေရာမှာ ကစားခိုင်းသင့်လဲဆိုတာနဲ့ ပတ်သက်ပြီး သူ့ရဲ့ အမြင်ကို ပြောကြားသွားခဲ့ပါတယ်။ ဖလက်ချာက ပေါ့ဂ်ဘာဟာ အရန်အသင်းမှာတောင် ဗဟိုကွင်းလယ်နေရာ ကစားနိုင်ခြင်းမရှိဘူးလို့ ပြောကြားခဲ့ပြီး သူ့ကို တိုက်စစ်ပိုင်းမှာ လွတ်လွတ်လပ်လပ် ကစားစေသင့်တယ်လို့ အကြံပြုသွားခဲ့ပါတယ်။

play
Photo : ESPN

 

ဆာအဲလက်စ်ဖာဂူဆန်ရဲ့ လက်အောက်မှာ ပုံမှန်ကစားခွင့် နည်းပါးခဲ့ပြီးနောက် ပေါ့ဂ်ဘာကတော့ မန်ချက်စတာယူနိုက်တက်ကနေ အသက် (၁၉)နှစ်အရွယ်မှာပဲ ထွက်ခွာခဲ့ပါတယ်။ ဖလက်ချာကတော့ ယူနိုက်တက်အရန်အသင်းမှာ နည်းပြအဖြစ် ၀ါရင်းဂျွိုင်းဆီနဲ့ အတူတူတာဝန် ထမ်းဆောင်ခဲ့စဉ်က ပေါ့ဂ်ဘာကို ကိုင်တွယ်ခဲ့ဖူးသူ ဖြစ်ပါတယ်။

play
Photo : Premier League

 

"ယူနိုက်တက်မှာ ကျွန်တော် မကစားနိုင်တဲ့ အချိန်မှာ အရန်အသင်းနည်းပြအဖြစ် ကျွန်တော် တာဝန်ယူခဲ့ပါတယ်၊ အဲဒီတုန်းက ပေါ့ဂ်ဘာ၊ လင်ဂတ်၊ မော်ရစ်ဆင်တို့ အသင်းမှာ ရှိနေပြီး ကျွန်တော်တို့ အတူတူ ဘောလုံးကစားခဲ့ပါတယ်၊ သူက အသင်းအတွက် နိုင်ပွဲရဖို့ စွမ်းဆောင် ပေးနိုင်တဲ့ ကစားသမားတစ်ဦးဆိုတာ အဲဒီကတည်းက ကျွန်တော်ခံစားမိခဲ့ပါတယ်" လို့ ဖလက်ချာက Sky Sports နဲ့ ပြုလုပ်ခဲ့တဲ့ Monday Night Football Show မှာ ပြောခဲ့ပါတယ်။

play
Photo : sidomi

"သူ အသင်းက ထွက်ခွာဖို့ ဖြစ်လာခဲ့တဲ့ ဘလက်ဘန်းအသင်းနဲ့ ပွဲစဉ်မှာ သူက အရန်ထိုင်ခုံမှာ ရှိနေပါတယ်၊ ဒါပေမယ့် ဖာဂူဆန်က ပတ်ဂျီဆန် နဲ့ ဖီးလ်ဂျုံးစ်တို့ကို ကွင်းလယ်မှာ ကစားဖို့ ရွေးချယ်ခဲ့ပါတယ်၊ သူက အရန်အသင်းမှာတောင်မှ ဗဟိုကွင်းလယ်မှာ ကစားဖို့ မသင့်တော် တာဆိုတော့ ပထမအသင်းကြီးမှာ ကစားဖို့ဆိုတာ မလွယ်ကူပါဘူး"

 

"သူ့ကို ပြိုင်ဘက်အသင်းရဲ့ တတိယခံစစ်ဇုန်အတွင်းမှာ လှုပ်ရှားကစားပြီး ဖန်တီးပေးနေတာတွေကို မြင်ရတာ ကျွန်တော်သဘောကျပါတယ်၊ ဂျူဗင်တပ်စ်မှာဆိုလည်း သူက ဘယ်ခြမ်းမှာ ကစားခဲ့တာပါ၊ ယူနိုက်တက်မှာလည်း မာရှယ်နဲ့သူ ချိတ်ဆက်ပြီး အသင်းရဲ့ ဘယ်ခြမ်းမှာ ကစားနေတာကို တွေ့ရမှာပါ၊ သူက တောင်ပံတစ်လျှောက်မှာ လွယ်လွယ်ကူကူ ဆွဲပြေးနိုင်စွမ်းရှိပြီး ဧရိယာထဲကို ပေးပို့နိုင်စွမ်းရှိပါတယ်၊ သူက ကစားသမားကောင်းတစ်ယောက်ပါ"

 

"သူ့ကို အသင်းမှာ လွတ်လွတ်လပ်လပ်ပိုပြီး ကစားခွင့်ပေးလိုက်မယ်ဆိုရင် ပိုပြီးအထင်ကြီးစရာကောင်းတဲ့ ကစားသမားဖြစ်လာမှာပါ" လို့ ဖလက်ချာက ပေါ့ဂ်ဘာအပေါ် သုံးသပ်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ ဘုန်းမောက်နဲ့ ပွဲစဉ်မှာလည်း ပေါ့ဂ်ဘာဟာ နာကျင်အချိန်ပိုမှာ သွင်းယူခဲ့တဲ့ ရက်ဖို့ဒ်ရဲ့ သွင်းဂိုးကို ဖန်တီးပေးနိုင်ခဲ့ပါတယ်။

ဒီလိုဖန်တီးပေးခဲ့ရာမှာ ပေါ့ဂ်ဘာဟာ ဘုန်းမောက်အသင်းရဲ့ ခံစစ်ဘယ်ခြမ်းကနေ တစ်ဦးတည်းထိုးဖောက်သွားခဲ့ပြီး ပြိုင်ဘက်နောက်ခံလူကို လှလှပပ လှည့်စားကာ ဂိုးဧရိယာထဲကို ဘယ်ခြေနဲ့ တိကျသေသပ်စွာ ကန်တင်ပေးခဲ့တာ ဖြစ်ပါတယ်။ အဲဒီနောက်မှာ ရက်ဖို့ဒ်က အခွင့်အရေးကို အပိုင်အသုံးချခဲ့ပြီး ယူနိုက်တက်အတွက် အဖိုးတန်အနိုင်ဂိုးကို သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD