ဗုံးကြဲတိုက်ခိုက်မှုဒဏ် ခံခဲ့ရတာကို ပြန်သတိရမိလို့ပါ။

မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ကွင်းလယ်ကစားသမား နီမန်ဂျာမာတစ်က ဘုန်းမောက်နဲ့ပွဲမှာ ဘိန်းပန်းပွင့်ကို ဘာလို့ တပ်ဆင်ကစားခဲ့ခြင်း မရှိတာလဲဆိုတဲ့ အကြောင်းရင်းကို ရှင်းပြသွားခဲ့ပါတယ်။ မာတစ်က သူ့ရဲ့ အသက် (၁၂)နှစ်အရွယ်မှာ သူနေထိုင်ရာ ရွာလေး ဗုံးကြဲတိုက်ခိုက်ခံရမှုအပေါ် ဒီနေ့ထိ မမေ့နိုင်သေးတာကြောင့် ဖြစ်တယ်လို့ ပြောပြခဲ့တာပါ။

Photo : BBC

 

၁၉၉၉ ခုနှစ်မှာ နေတိုးတပ်ဖွဲ့တွေဟာ ကိုဆိုဗိုဒေသက ဆာဘီးယားတပ်ဖွဲ့တွေအပေါ် ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။ ဒီလိုတိုက်ခိုက်ခဲ့ရာမှာ မာတစ်ရဲ့ ရွာလေးဟာလည်း ဗုံးဒဏ်ကို ခံစားခဲ့ရတာ ဖြစ်ပါတယ်။ အသက် (၃၀) အရွယ် မာတစ်က သူ ဘိန်းပန်းပွင့် တပ်ဆင်ခဲ့ခြင်းမရှိတဲ့ အကြောင်းကို သူ့ရဲ့ အင်စတာဂရမ်ကတဆင့် ရှင်းပြသွားခဲ့ပါတယ်။

ပေါ့ဂ်ဘာကို ဘယ်နေရာ ကစားခိုင်းသင့်လဲ ဖလက်ချာတောင် သိတယ် 

Photo : ESPNFC

 

"ဘိန်းပန်းပွင့်တပ်ဆင်ကြတဲ့ လူတွေအားလုံးကို ကျွန်တော် လေးစားမှုအပြည့်အဝရှိပါတယ်၊ သူတို့ရဲ့လုပ်ရပ်ကလည်း မှန်ကန်တယ်လို့ ကျွန်တော် ယူဆပါတယ်၊ ဒါပေမယ့် ကျွန်တော့်အတွက်တော့ ဒီလိုတပ်ဆင်ရမယ့် အချိန်မှာ ကျွန်တော် ၁၂နှစ်အရွယ်က ကျွန်တော်နေခဲ့တဲ့ ဗီရီလိုရွာလေး ဗုံးကြဲတိုက်ခိုက်မှုကို ပြန်ပြီးတော့ သတိရစေပါတယ်"

Photo : Reuters UK

 

"ကျွန်တော့်ရဲ့ နိုင်ငံဟာ ၁၉၉၉ ခုနှစ်မှာ ဗုံးကြဲတိုက်ခိုက်ခံခဲ့ရလို့ အပျက်အစီးအများကြီး ဖြစ်ခဲ့ပါတယ်၊ အရင်တုန်းက ကျွန်တော် ဘိန်းပန်းပွင့်ကို တပ်ဆင်ခဲ့ပေမယ့်လည်း အခုချိန်မှာ ဒါကို တပ်ဆင်ရမှာက မှန်ကန်မှုမရှိဘူးလို့ ကျွန်တော်ခံစားမိလို့ပါ၊ ဒီအတွက် နောင်မှာလည်း ကျွန်တော် ဝတ်ဆင်တော့မှာ မဟုတ်ပါဘူး"

"ဒါက ကျွန်တော့်ရဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာ ရွေးချယ်မှုတစ်ခုဖြစ်ပါတယ်၊ လူတိုင်းက ကျွန်တော့်ရဲ့ အကြောင်းပြချက်ကို နားလည်ပေးနိုင်မယ်လို့ မျှော်လင့်မိပါတယ်၊ ဒီလိုနားလည်ပေးဖို့လည်း ကျွန်တော် ရှင်းပြနေတာပါ၊ အခုလက်ရှိမှာတော့ အသင်းကို အကောင်းဆုံးခြေစွမ်းနဲ့ ကူညီဗပးနိုင်ဖို့အတွက်ပဲ ကျွန်တော့်ခေါင်းထဲမှာရှိပါတယ်" လို့ မာတစ်က အင်စတာဂရမ်ကနေ ရှင်းပြပြောဆိုခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က