စိတ်ပိုင်းဆိုင်ရာညှင်းပန်းနှိပ်စက်မှုကို ခံစားခဲ့ရတာပါ။

ချယ်ဆီးအသင်းရဲ့တိုက်စစ်မှူး မိုရာတာဟာ ချယ်ဆီးအသင်းကို စတင်ရောက်ရှိတဲ့ ပွဲဦးထွက်ရာသီမှာ စိတ်ပိုုင်းဆိုင်ရာညှင်းပန်းနှိပ်စက်ခံရမှုတွေကို ကျော်လွှားခဲ့ရကြောင်း ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ မိုရာတာဟာ တနင်္ဂနွေနေ့က ခရစ်စတယ်ပဲလေ့စ်အသင်းနဲ့ ကစားခဲ့တဲ့ပွဲစဉ်မှာ ချယ်ဆီးအသင်းအတွက် ဒုတိယမြောက်ဦးဆောင်ဂိုးကို သွင်းယူပေးခဲ့သူဖြစ်ပါတယ်။

gettyimages-1057273156.jpg

Photos: Metro

ချယ်ဆီးအသင်းနည်းပြ ဆာရီက မိုရာတာရဲ့ ခက်ခဲကြမ်းတမ်းတဲ့ စိတ်ပိုင်းဆိုင်ရာအတွက် စိုးရိမ်ပူပင်နေကြောင်း ဝန်ခံပြောကြားခဲ့ပြီး မိုရာတာကို ယခုထက် ခြေစွမ်းပိုမိုတိုးတက်လာဖို့ဆန္ဒရှိနေတာဖြစ်ပါတယ်။ ချယ်ဆီးအသင်းကို စတင်ရောက်ရှိတဲ့ ပွဲဦးထွက်ရာသီမှာ မိုရာတာဟာ ဒဏ်ရာနဲ့ ဆိုးရွားတဲ့ပုံစံတို့ကြောင့် ရုန်းကန်ခဲ့ရပြီး အခွင့်အရေးတွေလွဲချော်မှုအတွက် ပြစ်တင်ခံရတာ ထုံးစံလိုမျိုးဖြစ်ခဲ့ကြောင်း ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

ဘာနေဗျူးကို စွန့်ခွာခဲ့တာနဲ့ ပတ်သက်ပြီး ပီရက်ဇ်ကို ဒဲ့ပြောလိုက်တဲ့ ရော်နယ်ဒို 

"ကျွန်တော် ပိုကောင်းမွန်လာပါပြီ။ ပြီးခဲ့တဲ့နှစ်က ဘယ်လောက်အထိ ကြီးမားတဲ့ကိစ္စတွေဖြစ်ခဲ့လဲဆိုတာ ကျွန်တော့်ဇနီးကလွဲပြီး ဘယ်သူမှ သိမယ်မထင်ပါဘူး"

"ဒဏ်ရာရရှိမှုက ကျွန်တော့်ကို သတ်ခဲ့ပါတယ်။ အခုတော့ အဲဒါက အဆင်ပြေသွားပါပြီ။ ပြီးခဲ့တဲ့ရာသီရဲ့နောက်ဆုံးလမှာ ကျွန်တော် လုံးဝကို စိတ်ဓာတ်တွေ ကျပြီးရင်း ကျခဲ့တယ်။ အဲဒီထက် ပိုပြီး ကျစရာမရှိတော့လောက်အောင်ပါပဲ"

Photos: Metro

 

"ခင်ဗျား ကန့်သတ်ထားတဲ့နေရာအထိ ရောက်ခဲ့ပြီဆိုရင် ခင်ဗျား လုပ်ရမယ့် တစ်ခုတည်းသောအရာက ပြန်လာနိုင်ဖို့ပဲ"

"ကျွန်တော့်အတွက် မိုးရွာတဲ့အချိန်တွေ ရှိခဲ့တယ်။ မိုးရွာနေလို့ ကျွန်တော် ဒေါသဖြစ်ခဲ့တယ်။ ကျွန်တော် လွဲချော်သွားခဲ့ရင် ကွင်းမျက်နှာပြင်က အရမ်းချောနေလို့ပဲ။ အဲဒါက တစ်ခုတည်းသော အကြောင်းပြချက်ပါ။ အဲဒါက မကောင်းပါဘူး"

"လူတိုင်းလူတိုင်းရဲ့ဘဝမှာ ဆိုးရွားတဲ့အချိန်အပိုင်းအခြားတစ်ခုဆိုတာ ရှိနိုင်ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ဟာ ထင်ပေါ်ကျော်ကြားပြီး ကျွန်တော်တို့မှာ ကိစ္စတွေအများကြီးရှိနေတယ်။ တစ်ခါတရံလူတွေက ကျွန်တော်တို့ကို ခံစားချက်ရှိတဲ့၊ ပြဿနာရှိတဲ့လူတွေမဟုတ်ကြဘူးလို့ ထင်နေကြပါတယ်"

"အရေးကြီးဆုံးအရာက မှန်ကန်တဲ့ဟန်ချက်တစ်ခုကို ပြန်ရှာတွေ့ဖို့ပဲ။ အခု ကျွန်တော့်မှာ ရှိသွားပြီ။ ကျွန်တော် အရမ်းပျော်ရွှင်နေပါတယ်"လို့ ပြောကြားခဲ့ပါတယ်။

ချယ်ဆီးအသင်းတိုက်စစ်မှူး မိုရာတာဟာ နောက်ဆုံးပါဝင်ကစားပေးခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ် ၄ ပွဲမှာ ၄ ဂိုးသွင်းယူထားပြီး ချယ်ဆီးအသင်းပရိသတ်တွေက မိုရာတာအနေနဲ့ ၎င်းရဲ့ခြေစွမ်းကို တည်ငြိမ်အောင်ပြုလုပ်နိုင်ပြီး ဂိုးတွေသွင်းယူနိုင်လိမ့်မယ်လို့ မျှော်လင့်နေကြပါတယ်။

Share

Loading Next Article...
က္က