နောင်တမရဘူးလို့လည်း ပေါ့ဂ်ဘာက ပြောခဲ့ပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ကွင်းလယ်ကစားသမား ပေါလ်ပေါ့ဂ်ဘာက အိုးထရက်ဖို့ဒ်မှာ သူပျော်ရွှင်နေတယ်လို့ ပြောကြားခဲ့ပြီး သူနဲ့ မော်ရင်ဟိုကြားမှာလည်း ဘယ်လိုပြသနာမှ မရှိဘူးလို့ ထုတ်ဖော်ပြောကြားလိုက်ပါတယ်။ ဒါ့အပြင် ပေါ့ဂ်ဘာက ယူနိုက်တက်ကို ပြန်လည်ပြောင်းရွှေ့ခဲ့မှုအပေါ်မှာလည်း နောင်တမရဘူးလို့ ပြောဆိုခဲ့ကြောင်း Sky Sports က ဖော်ပြခဲ့ပါတယ်။

Photo : talksports

 

ဒီနေ့ညမှာ ချန်ပီယံလိဂ်ပွဲအဖြစ် ဂျူဗင်တပ်စ်အသင်းနဲ့ ကစားရမယ့် ပွဲမတိုင်ခင်မှာ ပေါ့ဂ်ဘာက ပြောကြားခဲ့တာ ဖြစ်ပါတယ်။ မော်ရင်ဟိုနဲ့ သူ့ရဲ့အကြားမှာ ဘယ်လိုပြသနာမှမရှိတာကို ပေါ့ဂ်ဘာက ဒုတိယတစ်ကြိမ် ထပ်မံရှင်းလင်းခဲ့တာဖြစ်ပြီး အသင်းရဲ့ ဒုတိယအသင်း ခေါင်းဆောင်တာဝန်ကနေ ရုတ်သိမ်းခံရတာကလည်း သူ့အပေါ် အကျိုးသက်ရောက်မှု မရှိဘူးလို့ ပြောခဲ့ပါတယ်။

(၂)ည၊ (၃)ညလောက်တော့ အိပ်ပျော်မှာမဟုတ်ဘူးဆိုတဲ့ ဘဲဂရိတ်တိုက်စစ်မှူး 

Photo : MEN

 

"ကျွန်တော်က ကစားသမားတစ်ယောက်ပါပဲ၊ ကျွန်တော်ဘာလုပ်ရမလဲဆိုတာကို သူက ပြောပါတယ်၊ ဘာလို့လဲဆိုတော့ သူက ဘော့စ် (နည်းပြ)လေ၊ ဒီအတွက် ကျွန်တော် သူ့စကားကို နားထောင်ရပါမယ်၊ ဒီအသင်းမှာ ကျွန်တော် ပျော်ရွှင်နေပြီးတော့ နည်းပြ ခိုင်းစေမှုကို ပျော်ပျော်ရွှင်ရွှင်နဲ့ ကျွန်တော် နားထောင်ပြီး ပြုလုပ်ပေးနေတာပါ"

"အသင်းအတွက် ကျွန်တော် ကစားပေးနေရတာပဲ၊ ဒီလိုကစားပေးရတဲ့အတွက် ကျွန်တော် ပျော်ရွှင်ပါတယ်၊ အသင်းခေါင်းဆောင်ကို အသင်းနဲ့ နည်းပြက ရွေးချယ်ရမှာပါ၊ သူ ကျွန်တော့်ကို အသင်းခေါင်းဆောင်လက်ပတ် မပေးခဲ့ဘူးဆိုလည်း ကျွန်တော့်အတွက် ဘာမှ ပြောင်းလဲသွားမှာမဟုတ်ပါဘူး၊ အဓိကက ကျွန်တော် ကစားခွင့်ရဖို့၊ ခြေစွမ်းပြနိုင်ဖို့နဲ့ အားလုံးအတွက် ကျွန်တော် အကောင်းဆုံး ပေးဆပ်နိုင်ဖို့ပါပဲ"

"မန်ချက်စတာယူနိုက်တက်ကို ပြန်လာဖို့ ကျွန်တော် ရွေးချယ်ခဲ့တာပါ၊ ဂျူဗင်တပ်စ်က ချန်ပီယံလိဂ်ပြိုင်ပွဲ ကစားရမယ့်အချိန်မှာ ယူနိုက်တက်က ယူရိုပါလိဂ်ကန်ရမှာပါ၊ ချန်ပီယံလိဂ်ကစားခွင့်မရဘူးဆိုတာ သိပေမယ့် ပြန်ပြီး ပြောင်းရွှေ့နိုင်ခဲ့လို့ ကျွန်တော် အရမ်းပျော်ရွှင်ခဲ့ရပါတယ်"

"ကျွန်တော့်ရဲ့ ရွေးချယ်မှုအတွက် နောင်တမရပါဘူး၊ ပြီးခဲ့တဲ့နှစ်တွေမှာ ယူနိုက်တက်က အကောင်းဆုံးပုံစံမှာ ရှိမနေဘူးဆိုတာ သိပါတယ်၊ ဒါပေမယ့် အသင်းကို အကောင်းဆုံးအနေအထားရောက်လာအောင် ကျွန်တော် တတ်နိုင်သမျှ ကူညီသွားမှာပါ" လို့ ပေါ့ဂ်ဘာက ပြောကြားခဲ့ပါတယ်။

Photo : talksport

 

ပေါ့ဂ်ဘာရဲ့ ပြောစကားတွေကတော့ ယူနိုက်တက်ပရိသတ်တွေအတွက် စိတ်ချမ်းသာစရာ ဖြစ်ခဲ့ပါတယ်။ ကမ္ဘာ့အကောင်းဆုံး ကွင်းလယ်ကစားသမားတစ်ယောက်အဖြစ် သတ်မှတ်ခံထားရတဲ့ ပေါ့ဂ်ဘာဟာ ပြီးခဲ့တဲ့ ဘုန်းမောက်နဲ့ပွဲမှာလည်း နာကျင်အချိန်ပိုမှာ အသင်းအတွက် အဖိုးတန်အနိုင်ဂိုး ရရှိအောင် ဖန်တီးပေးနိုင်ခဲ့ပါတယ်။

Share

Loading Next Article...
က္က