မနှစ်က အိမ်ကွင်းမှာ ရှုံးနိမ့်ခဲ့လို့ပါ။

မန်ချက်စတာစီးတီးအသင်းရဲ့ နောက်ခံလူ လာပေါ့တ်က လာမယ့်မန်ချက်စတာဒါဘီပွဲစဉ်မှာ မန်ချက်စတာယူနိုက်တက်အသင်းကို ရှုံးကြွေးဆပ်ဖို့ အားခဲနေပါတယ်။ ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ ဧပြီလအတွင်းကစားခဲ့တဲ့ မန်စီးတီးအသင်းရဲ့ အိမ်ကွင်းမှာ ယူနိုက်တက်က (၂)ဂိုး အရှုံးကနေ (၃)ဂိုး လိုက်သွင်းပြီး မန်စီးတီးအသင်းကို အနိုင်ယူခဲ့တာ ဖြစ်ပါတယ်။

Photo : Evening Standard

 

Goal.com ရဲ့ ဖော်ပြချက်အရ လာပေါ့တ်က မန်ချက်စတာယူနိုက်တက်ကို လက်စားချေဖို့ ဆန္ဒပြင်းပြနေတယ်လို့ သိရပါတယ်။ မော်ရင်ဟိုရဲ့ မန်ချက်စတာယူနိုက်တက်အသင်းဟာ ဒီရာသီ နောက်ဆုံးကစားခဲ့တဲ့ ပွဲတွေမှာလည်း ပြိုင်ဘက်အသင်းတွေရဲ့ ဦးဆောင်မှုကို နောက်ကလိုက်ကစားပြီး ချေပဂိုးနဲ့ အနိုင်ဂိုးတွေ သွင်းယူပြီး အောင်ပွဲခံနေခဲ့ပါတယ်။

ပြင်းထန်တဲ့ ဒဏ်ရာရရှိသွားခဲ့တဲ့ အာဆင်နယ်တိုက်စစ်မှူး ဝဲလ်ဘက်ခ် 

Photo : The Straits Times

 

ဂျူဗင်တပ်စ်နဲ့ ကစားခဲ့တဲ့ ချန်ပီယံလိဂ်အဝေးကွင်းပွဲစဉ်မှာလည်း ရော်နယ်ဒိုရဲ့ ဦးဆောင်ဂိုးကို ပွဲပြီးခါနီး (၅)မိနစ်အလိုမှာ မာတာက ချေပခဲ့ပြီး ဆန်ဒရိုက ကိုယ့်ဂိုးကိုယ်သွင်းခဲ့လို့ မော်ရင်ဟိုရဲ့အသင်း အောင်ပွဲဆင်နိုင်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ မန်ချက်စတာဒါဘီပွဲမှာ ကွန်ပနီ နဲ့ ဂန်ဒိုဂန် တို့ရဲ့ ဦးဆောင်ဂိုးတွေကို ပေါ့ဂ်ဘာက (၂)ဂိုး၊ စမောလင်းက အနိုင်ဂိုးသွင်းယူပေးခဲ့လို့ မန်စီးတီးတို့ ရှုံးနိမ့်ခဲ့ရပါတယ်။

Photo : 90min.com

 

"ခင်ဗျား  ရှုံးနိမ့်ခဲ့ဖူးတဲ့ ဘယ်အသင်းကိုမဆို လက်စားချေဖို့က ဘယ်အချိန်မှာပဲဖြစ်ဖြစ် ဆန္ဒထက်သန်နေမှာပါ၊ ကျွန်တော်တို့အသင်းက ယှဉ်ပြိုင်ဖို့အတွက် အမြဲတမ်းအသင့်ဖြစ်နေပြီး မန်ချက်စတာဒါဘီပွဲက အကြောင်းပြချက် (၂)ခု ရှိနေတဲ့အတွက် အရမ်းအရေးကြီးပါတယ်၊ ပထမတစ်ခုက မန်ချက်စတာ ဒါဘီပွဲဖြစ်နေလို့ပါ"

Photo : The Busby Babe

 

"နောက်တစ်ချက်က သူတို့နဲ့ ကျွန်တော်တို့ကြားမှာ ရှိတဲ့ ကွာဟမှုကို ကျွန်တော်တို့ကိုယ်တိုင် မြှင့်တင်နိုင်မှာမို့လို့ပါပဲ" လို့ လာပေါ့တ်က ပြောသွားခဲ့ပါတယ်။ လက်ရှိအချိန်မှာတော့ မန်ချက်စတာယူနိုက်တက် နဲ့ မန်စီးတီးတို့ကြားမှာ ရမှတ် (၉)မှတ် ကွာဟနေပြီး မန်စီးတီးအသင်းကသာ အနိုင်ရရှိမယ်ဆိုရင် (၁၂)မှတ်အထိ ကွာဟသွားမှာဖြစ်ပါတယ်။

Share

Loading Next Article...
က္က