အလွတ်တည်ကန်ဘောကနေ ဂိုးသွင်းယူပေးခဲ့သူပါ။

အာဆင်နယ်အသင်းဟာ မန်ချက်စတာယူနိုက်တက်အသင်းက ၎င်းတို့ရဲ့ ကွင်းလယ်ကြယ်ပွင့်ကစားသမား မာတာကို စာချုပ်သစ်အတွက် ကမ်းလှမ်းမှုမပြုလုပ်ခဲ့ဘူးဆိုရင် ခေါ်ယူဖို့အတွက် အဆင်သင့်ဖြစ်နေပြီဖြစ်တယ်လို့ သိရပါတယ်။ မာတာရဲ့စာချုပ်သက်တမ်းဟာ ယခုရာသီကုန်မှာ ကုန်ဆုံးတော့မှာဖြစ်ပြီး မန်ယူအသင်းကလည်း မာတာကို အသင်းမှာ ဆက်လက်ထားရှိလိုနေတယ်လို့ သိရပါတယ်။

gettyimages-1058904738.jpg

Photos: Metro



မန်ချက်စတာယူနိုက်တက်အသင်းနဲ့ ဂျူဗင်တပ်အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့တဲ့ပွဲစဉ်မှာ မာတာက လူစားဝင်ကစားပေးခဲ့ပြီး အလွတ်တည်ကန်ဘောကနေတစ်ဆင့် ချေပဂိုးသွင်းယူပေးခဲ့တာဖြစ်ပါတယ်။ Daily Mail ရဲ့ရေးသားချက်အရ မာတာရဲ့အနာဂတ်ဟာ မရေမရာဖြစ်နေပြီး အသင်းပြောင်းရွှေ့ဖို့အတွက် အသင်းရဲ့ဆုံးဖြတ်ချက်ကို စောင့်ဆိုင်းနေဆဲဖြစ်တယ်လို့ သိရပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းမှာ အနာဂတ်အတွက် မရေမရာဖြစ်နေတဲ့ မာတာကို အာဆင်နယ်အသင်းရဲ့နည်းပြ အူနိုင်းအမ်မရီက အခွင့်ကောင်းယူပြီး ခေါ်ယူဖို့ စောင့်ဆိုင်းနေတာဖြစ်ပါတယ်။ အူနိုင်းအမ်မရီနဲ့ မာတာတို့ဟာ ဗလင်စီယာအသင်းမှာရှိစဉ်တုန်းက အတူလက်တွဲခဲ့ကြသူတွေဖြစ်တာကြောင့် အမ်မရီက မာတာကို အမ်းမရိတ်မှာရှိနေစေချင်တာဖြစ်ပါတယ်။

Photos: Metro

 

မာတာဟာ လက်ရှိအချိန်မှာ တစ်ပတ်လုပ်ခလစာ ပေါင် ၁ သိန်း ၄ သောင်းရရှိနေပြီး မန်ချက်စတာယူနိုက်တက်အသင်းက စာချုပ်သစ်မကမ်းလှမ်းခဲ့ရင်တောင် ပရီးမီးယားလိဂ်မှာပဲ ဆက်လက်ရှိနေလိုသူဖြစ်ပါတယ်။ မန်ချက်စတာယူနိုက်တက်အသင်းဟာ ပြီးခဲ့တဲ့နှစ်က မာတာကို ၁ နှစ်သက်တမ်းတိုးစာချုပ်ချုပ်ဆိုခဲ့ပြီး မာတာကလည်း အရေးကြီးတဲ့ပွဲစဉ်တွေမှာ အသင်းကို ပြန်လာနိုင်အောင် ကူညီပေးခဲ့သူဖြစ်ပါတယ်။

မော်ရင်ဟိုနဲ့ မာတာတို့ဟာ အမြဲတမ်း တွေ့ဆုံနေသူတွေမဟုတ်ဘဲ ဆက်ဆံရေးကလည်း ကောင်းလိုက်၊ မကောင်းလိုက်ဖြစ်နေတယ်လို့ သိရပါတယ်။ မော်ရင်ဟိုဟာ ချယ်ဆီးအသင်းကို ကိုင်တွယ်ခဲ့စဉ်က မာတာကို ရောင်းထုတ်ခဲ့သူဖြစ်ပြီး မာတာဟာ မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ပွဲထွက်ကစားသမားစာရင်းမှာ ပါဝင်နိုင်ဖို့ ရုန်းကန်ခဲ့ရပါတယ်။ မာတာကို စပိန်ကနေ ကမ်းလှမ်းမှုတစ်ခုပြုလုပ်ထားတယ်လို့ သိရပြီး ပရီးမီးယားလိဂ်မှာ ၇ နှစ်ကြာကစားပြီးနောက် အိမ်ပြန်မလားဆိုတာကို စဉ်းစားရတော့မှာဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က