ယုံကြည်မှုပျောက်ဆုံးနေတာလို့ ပြောခဲ့တာပါ။

ချီလီလက်ရွေးစင်ကြယ်ပွင့်တောင်ပံကစားသမား အလက်ဆစ်ဆန်းချက်ဇ်ဟာ ဇန်နဝါရီအပြောင်းအရွှေ့ကာလမှာ မန်ချက်စတာယူနိုက်တက်အသင်းကို ပြောင်းရွှေ့ခဲ့ပြီးနောက် ထိပ်တန်းအဆင့်ခြေစွမ်းပြသနိုင်မယ်လို့ မျှော်လင့်ခဲ့ကြပေမယ့် ထင်သလိုဖြစ်မလာခဲ့တာဖြစ်ပါတယ်။

sei_35933237-d176-e1540951840868.jpg

Photos: Daily Mail

အာဆင်နယ်အသင်းရဲ့နည်းပြဟောင်း အာစင်ဝင်းဂါးက ဆန်းချက်ဇ်ဟာ မန်ချက်စတာယူနိုက်တက်အသင်းမှာ ၎င်းရဲ့နေရာတစ်ခုကို ရရှိဖို့အတွက် ရုန်းကန်နေရပြီး ကိုယ့်ကိုယ်ကို ယုံကြည်မှုပျောက်ဆုံးနေတယ်လို့ ပြောကြားခဲ့ပါတယ်။ ဆန်းချက်ဇ်ဟာ အာဆင်နယ်အသင်းမှာ ကစားခဲ့တဲ့အချိန်တုန်းက တောက်ပတဲ့ကြယ်ပွင့်ကစားသမားတစ်ဦးဖြစ်ခဲ့ပြီး အာဆင်နယ်ပရိသတ်တွေအားလုံးရဲ့အားပေးမှုကို သိမ်းပိုက်နိုင်ခဲ့သူဖြစ်ပါတယ်။

ဘာနေဗျူးကို စွန့်ခွာခဲ့တာနဲ့ ပတ်သက်ပြီး ပီရက်ဇ်ကို ဒဲ့ပြောလိုက်တဲ့ ရော်နယ်ဒို 

ဆန်းချက်ဇ်ဟာ ပြီးခဲ့တဲ့ ဇန်နဝါရီအပြောင်းအရွှေ့ကာလမှာ အဆုံးအဖြတ်တစ်ခု ပြုလုပ်ခဲ့ပြီး အာဆင်နယ်အသင်းနဲ့စာချုပ်ကို ရပ်ဆိုင်းပြီး မန်ချက်စတာယူနိုက်တက်အသင်းရဲ့အိုးထရက်ဖို့ဒ်မှာ ကစားသမားဘဝကို အဆုံးသတ်ဖို့အတွက် ပြောင်းရွှေ့ခဲ့သူဖြစ်ပါတယ်။ အသက် ၂၉ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဆန်းချက်ဇ်ဟာ မန်ချက်စတာယူနိုက်တက်အသင်းကို ရောက်ရှိတဲ့အချိန်ကတည်းက ၄ ဂိုးသာသွင်းယူထားပါတယ်။

Photos: Goal

 

အာဆင်နယ်အသင်းရဲ့နည်းပြဟောင်း အာစင်ဝင်းဂါးက ၎င်းရဲ့ကစားသမားဟောင်းတစ်ဦး အခုလို အခြေအနေမျိုးနဲ့ ကြုံတွေ့နေရတာကို စိတ်မကောင်းဖြစ်နေပြီး ဆန်းချက်ဇ်ဘာကြောင့် မန်ယူအသင်းမှာ ရုန်းကန်နေရလဲဆိုတာကို ပြောပြခဲ့ပါတယ်။

"သူ ကိုယ့်ကိုယ်ကို ယုံကြည်မှုပျောက်ဆုံးနေတယ်လို့ ကျွန်တော် ယုံကြည်ပါတယ်"

"ဆန်းချက်ဇ်ရဲ့ကြံ့ခိုင်မှုက အလိမ်အခေါက်တွေ ပြုလုပ်နိုင်ဖို့အတွက် စွမ်းအားတစ်ခုဖြစ်ပြီး လူတွေကို စိတ်လှုပ်ရှားစေပါတယ်"

"သူတို့ရဲ့ပွဲစဉ်တွေအပေါ် မူတည်ပြီးတော့ ယုံကြည်မှုတွေ ပျောက်ဆုံးသွားတဲ့အခါမှာ အားအနည်းဆုံးဖြစ်သွားတဲ့ကစားသမားတွေ ရှိပါတယ်။ သူလည်း အဲဒီလို တဖြည်းဖြည်းနဲ့ ပျောက်ဆုံးခဲ့တာပါ"

"ရာသီအစကတည်းက သူ့မှာ ရုပ်ပိုင်းဆိုင်ရာစွမ်းအင်က အမြင့်ဆုံးအဆင့်မှာရှိနေခဲ့ပါတယ်။ ဒါပေမယ့် အဲဒါလည်း သူ့ဆီမှာ ပျောက်ဆုံးနေပါပြီ"

"သူက အသစ်တဖန်ပြန်ဖြစ်နေမှာ အသေအချာပါပဲ။ ဘာလို့လဲဆိုတော့ မော်ရင်ဟိုက သူ့ကို ခဏလောက် ချန်လှပ်ထားလိုက်လို့ပါ"လို့ ပြောကြားခဲ့ပါတယ်။

Share

Loading Next Article...
က္က