နိုင်ငံတကာပွဲစဉ်တွေအတွက် အနားပေးသွားမှာပါ။

တော့တင်ဟမ်ဟော့စပါးအသင်းရဲ့နည်းပြ ပေါ့ချက်တီနိုဟာ ခရစ်စတယ်ပဲလေ့စ်အသင်းနဲ့ပွဲစဉ်မှာ ဒဲလ်အယ်လီနဲ့ အဲရစ်ဆင်တို့ကို အနားပေးသွားဖွယ်ရှိပြီး လာမယ့်အပတ်မှာ ယှဉ်ပြိုင်ကစားရမယ့် နိုင်ငံတကာပွဲစဉ်တွေနဲ့ပတ်သက်ပြီး ညည်းတွားခဲ့ပါတယ်။ စပါးအသင်းဟာ စနေနေ့နေ့လည်မှာ ခရစ်စတယ်ပဲလေ့စ်အိမ်ကွင်းကို သွားရောက်ယှဉ်ပြိုင်ရမှာဖြစ်ပြီး ၁၃ ရက်အတွင်း ၅ ပွဲမြောက်အဖြစ် ကစားရမှာဖြစ်ပါတယ်။

db253-15417287438357-800.jpg

Photos: Sportskeeda

အယ်လီနဲ့ အဲရစ်ဆင်တို့ဟာ မကြာသေးမီက ဒဏ်ရာပြဿနာတွေနဲ့ ရင်ဆိုင်ခဲ့ရပြီး ယခုလအတွင်းမှာ ကစားမယ့် နိုင်ငံတကာပွဲစဉ်တွေမှာ သက်ဆိုင်ရာအသင်းအသီးသီးအတွက် ပါဝင်ကစားပေးသွားဖွယ်ရှိနေပါတယ်။ ပေါ့ချက်တီနိုက ၎င်းရဲ့ကစားသမားတွေကို အသင်းမှာ ထိန်းသိမ်းထားဖို့ပိုပြီးဖြစ်နိုင်ကြောင်း ပြောကြားခဲ့ပြီး ကစားသမားတွေနဲ့ပတ်သက်ပြီး ၎င်းရဲ့စီမံခန့်ခွဲမှုက ဘယ်လောက်အထိ အရေးကြီးလဲဆိုတာ ပြောကြားခဲ့ပါတယ်။

"ချန်ပီယံလိဂ်မှာ ပီအက်စ်ဗွီနဲ့ကစားခဲ့ရတဲ့ပွဲစဉ်က တော်တော်လေးခက်ခဲခဲ့ပါတယ်။ ပြီးတော့ သူတို့တွေ လက်ရွေးစင်အသင်းတွေဆီ သွားတော့မယ်လို့ ကျွန်တော် ထင်ပါတယ်။ ပွဲစဉ် ၂ ပွဲကစားဖို့က တော်တော်လေးခက်ခဲပါလိမ့်မယ်"

"ဒါကြောင့် သူတို့ကို ကျွန်တော်တို့ ဂရုစိုက်ဖို့ လိုအပ်နေတာဖြစ်ပြီး သူတို့ကို တကယ့်ကို လန်းဆန်းစွာနဲ့ပဲ စေလွှတ်ချင်ပါတယ်။ အဲဒါကြောင့် သူတို့ ပဲလေ့စ်နဲ့ပွဲမှာ ကစားရမလား၊ မကစားရဘူးလားဆိုတာ ကျွန်တော်တို့ စဉ်းစားနေတာပါ"

Photos: talkSPORT

 

"တကယ်လို့ ခင်ဗျားက ကျွန်တော့်ရဲ့ လက်ရွေးစင်ကစားသမားတွေအားလုံးကို အသင်းမှာ ပိုပြီးထိန်းသိမ်းမထားချင်ဘူးလား၊ ၂ ပတ်လောက် ဘာပြိုင်ပွဲမှ မကစားခိုင်းဘဲ အနားပေးမထားချင်ဘူးလားလို့မေးရင် အမှန်ပါပဲ။ ကျွန်တော်ကတော့ ပေးချင်ပါတယ်လို့ ပြောမှာပါ။ ဒါပေမယ့် အဲဒါက လုံးဝမဖြစ်နိုင်ပါဘူး"

"အဲဒါကြောင့်ပဲ ဒဲလ်အယ်လီနဲ့ အဲရစ်ဆင်တို့ကို နိုင်ငံတကာပွဲစဉ်တာဝန်တွေနဲ့ပတ်သက်ပြီး ကျွန်တော်တို့ စကားပြောခဲ့ပါတယ်။ အဲဒါက ကစားမယ်။ ကစားပြီးရင် နောက်တစ်နေရာကို ထပ်ရွှေ့ပြီး ထပ်ကစားမယ်။ အဲဒီလိုဖြစ်နေတယ်။ ခင်ဗျား ကျွန်တော်တို့ရဲ့ အချိန်ဇယားကို မြင်နိုင်မယ်ဆိုရင် လာမယ့်လအနည်းငယ်ဟာ တော်တော်လေး ခက်ခဲကြမ်းတမ်းတာကို တွေ့ရမှာပါ"လို့ ပြောကြားခဲ့ပါတယ်။

တော့တင်ဟမ်ဟော့စပါးအသင်းဟာ အမှတ်ပေးဇယားထိပ်ဆုံးက မန်ချက်စတာစီးတီးအသင်းနဲ့ ၅ မှတ်အကွာမှာ ရပ်တည်ပြီး နိုင်ငံတကာအားလပ်ရက်အပြီးမှာ အရေးကြီးတဲ့ပွဲစဉ်အဖြစ် ချယ်ဆီးအသင်းနဲ့ တွေ့ဆုံယှဉ်ပြိုင်သွားရမှာဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က