ပြီးခဲ့တဲ့ ၂ ပွဲစလုံးလွဲချော်ခဲ့သူပါ။

မန်ချက်စတာယူနိုက်တက်အသင်းရဲ့နည်းပြမော်ရင်ဟိုဟာ မန်ချက်စတာစီးတီးအသင်းရဲ့အိမ်ကွင်းမှာ သွားရောက်ယှဉ်ပြိုင်ကစားရမယ့် မန်ချက်စတာဒါဘီပွဲစဉ်မှာ အထောင်တိုက်စစ်နေရာအတွက် လူကာကူ ပါဝင်ကစားပေးနိုင်ဖို့အတွက် မျှော်လင့်နေပါတယ်။ လူကာကူဟာ ပြီးခဲ့တဲ့အပတ်က တံကောက်ကြောဒဏ်ရာရရှိခဲ့ပြီး ဘုန်းမောက်၊ ဂျူဗင်တပ်အသင်းတို့နဲ့ပွဲစဉ်တွေကို လွဲချော်ခဲ့သူဖြစ်ပါတယ်။

gettyimages-1054809152.jpg

Photos: Metro

အသက် ၂၅ နှစ်အရွယ်ရှိပြီဖြစ်တဲ့ တိုက်စစ်မှူး လူကာကူဟာ အဲဗာတန်အသင်းကို ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရရှိခဲ့တဲ့ပွဲစဉ်မှာ ဒဏ်ရာကြောင့် အရန်ခုံမှာ ထိုင်ခဲ့ရပြီး ဒုတိယပိုင်းမှာ လူစားဝင်ကစားပေးခဲ့သူဖြစ်ပါတယ်။ Sportsmail ရဲ့ရေးသားချက်အရ နည်းပြမော်ရင်ဟိုဟာ စက်တင်ဘာလလယ်ကတည်းက ဂိုးပေါက်ပျောက်ဆုံးနေတဲ့ လူကာကူကို တနင်္ဂနွေနေ့မှာ ယှဉ်ပြိုင်ကစားမယ့် မန်ချက်စတာဒါဘီမှာ တိုက်စစ်ကို အင်အားကောင်းစေဖို့အတွက် ပွဲထွက်ကစားသမားစာရင်းမှာ ထည့်သွင်းလိုနေတယ်လို့ သိရပါတယ်။

လူကာကူဟာ ယခုအပတ် ကာရင်တန်လေ့ကျင့်ရေးကွင်းမှာ အပေါ့စားလေ့ကျင့်ရေးတွေမှာ ပါဝင်လေ့ကျင့်ခဲ့တယ်လို့ သိရပြီး မန်ချက်စတာဒါဘီပွဲစဉ်မှာ ပါဝင်ကစားပေးဖို့ကတော့ မရေရာမသေချာဖြစ်နေဆဲဖြစ်တယ်လို့ သိရပါတယ်။ အလက်ဆစ်ဆန်းချက်ဇ်ဟာ လူကာကူမပါဝင်နိုင်တဲ့အတွက် အထောင်တိုက်စစ်နေရာမှာ ကစားပေးနေရပြီး မန်စီးတီးနဲ့ပွဲစဉ်မတိုင်မီမှာ ဒဏ်ရာကြောင့် ပါဝင်ကစားပေးဖို့ ရုန်းကန်နေရတယ်လို့ သိရပါတယ်။

Photos: Metro

 

ချီလီလက်ရွေးစင်တောင်ပံကစားသမား အလက်ဆစ်ဆန်းချက်ဇ်ဟာ ဂျူဗင်တပ်အသင်းကို အနိုင်ရရှိခဲ့တဲ့ ချန်ပီယံလိဂ်အုပ်စုပွဲစဉ်မှာ ပေါင်ခြံဒဏ်ရာရရှိခဲ့ပြီး မန်စီးတီးနဲ့ပွဲစဉ်မှာ ပါဝင်ကစားဖို့ ကြံ့ခိုင်မှု ရှိ၊ မရှိကို အကဲဖြတ်စစ်ဆေးမှု ခံယူရမယ်လို့ သိရပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းရဲ့နည်းပြ မော်ရင်ဟိုဟာ ယနေ့ညနေမှာ ပြုလုပ်မယ့် မန်ချက်စတာဒါဘီပွဲစဉ်အတွက် ပွဲကြိုသတင်းစာရှင်းလင်းပွဲမှာ လူကာကူနဲ့ ဆန်းချက်ဇ်တို့ နှစ်ဦးစလုံးရဲ့ ဒဏ်ရာနောက်ဆုံးအခြေအနေတွေကို ပြောကြားသွားမယ်လို့ မျှော်လင့်ရပါတယ်။

Share

Loading Next Article...
က္က