ဒီဘရိုင်းဟာ ဖူလ်ဟမ်ကို အနိုင်ရခဲ့တဲ့ပွဲမှာ ဒူးအရွတ်ကြောဒဏ်ရာရရှိခဲ့ပြီး အနားယူနေရပါတယ်။

မန်စီးတီးကွင်းလယ်လူ ဒီဘရိုင်းဟာ ဒူးအရွတ်ကြောဒဏ်ရာကနေ အလျင်အမြန်ပြန်ကောင်းလာလို့ ဒီဇင်ဘာလအစောပိုင်းမှာ ပြန်ကစားနိုင်ဖို့ ပစ်မှတ်ထားနေပါတယ်။ အစောပိုင်းက ဒဏ်ရာကြောင့် (၆)ပတ်လောက် အနားယူရမှာကို ဒီဘရိုင်းက စိုးရိမ်နေခဲ့ပါတယ်။

6091882-6381041-image-a-6_1542040210876.jpg

ဒါပေမယ့် ဘယ်လ်ဂျီယံကစားသမားရဲ့ဒဏ်ရာပျောက်ကင်းမှုနှုန်း တိုးတက်လာလို့ ဒီဇင်ဘာ (၁)ရက်၊ ဘုန်းမောက်နဲ့အိမ်ကွင်းပွဲ ဒါမှမဟုတ် နောက်(၃)ရက်အကြာ ဝက်ဖို့ဒ်နဲ့ကစားမယ့် အဝေးကွင်းပွဲမှာ ပြန်ကစားနိုင်ဖို့ရှိပါတယ်။ ကွင်းလယ်လူဒီဘရိုင်းကလည်း ဒီဇင်ဘာ(၈)ရက်၊ စတမ်းဖို့ဘရစ်ချ်မှာ ချဲလ်ဆီးနဲ့ကစားမယ့်အရေးကြီးပွဲမှာ အပြည့်အဝကစားနိုင်ဖို့ စိတ်အားထက်သန်နေပါတယ်။



မန်စီးတီးနည်းပြဂွါဒီယိုလာဟာ ဒီဘရိုင်း မကစားနိုင်ချိန်မှာ လူငယ်ကစားဖီးလ်ဖိုဒန်ကို လူစားလဲကစားသမားအနေနဲ့အသုံးပြုနေပါတယ်။ မန်ယူကိုအနိုင်ရခဲ့တဲ့ဒါဘီပွဲမှာ ဒဏ်ရာရခဲ့တဲ့ တိုက်စစ်မှူးအဂူရိုလည်း နိုင်ငံတကာပွဲစဉ်တွေအပြီးမှာ ပြန်ကောင်းလာဖို့ မန်စီးတီးနည်းပြ ဂွါဒိယိုလာက မျှော်လင့်နေပါတယ်။


မန်ယူနဲ့ပွဲအပြီး အီတီဟတ်ကွင်းကနေ ထွက်ခွာချိန်မှာ အဂူရိုရဲ့တံကောက်ကြောမှာ ပတ်တီးစည်းထားတာကို တွေ့ခဲ့ရပါတယ်။ အဂူရိုဟာ အာဂျင်တီးနားအသင်းမှာ ရွေးချယ်ခြင်းမခံရတာကြောင့် မန်စီးတီးဆေးအဖွဲ့နဲ့စစ်ဆေးမှုတွေ ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ 

 

Share

Loading Next Article...
က္က