မာတစ်ဟာ အခုရာသီ ပရီးမီးယားလိဂ်မှာ ကြံ့ခိုင်မှုပြည့်ဝချိန်တိုင်း  ပွဲထွက်ကစားခွင့်ရရှိခဲ့ပါတယ်။

ကွင်းလယ်လူမာတစ်ဟာ ၂၀၁၇ ခုနှစ် နွေရာသီမှာ ပြောင်းရွှေ့ကြေးပေါင်သန်း(၄၀)နဲ့ ချဲလ်ဆီးကနေ မန်ယူကို ရောက်ရှိလာခဲ့ပြီးနောက် နည်းပြမော်ရင်ညိုရဲ့ပုံမှန်ပွဲထွက်ကစားသမားအဖြစ် ကစားခွင့်ရရှိနေပါတယ်။

6118220-0-image-m-18_1542095105280.jpg

ကွင်းလယ်လူမာတစ်ရဲ့ခြေစွမ်းညံ့နေပေမယ့်လည်း  ပွဲထွက်လူစာရင်းမှာ ဆက်သုံးနေတဲ့ မန်ယူနည်းပြမော်ရင်ညိုကို ကစားသမားတွေက အံ့အားသင့်နေကြပါတယ်။ မာတစ်ဟာ အခုရာသီပရီးမီးယားလိဂ်မှာ သူကြံ့ခိုင်မှုပြည့်ဝချိန်တိုင်း  ပွဲထွက်ကစားခွင့်ရရှိခဲ့ပါတယ်။

ချဲလ်ဆီးကနေ မန်ယူကို ရောက်လာတဲ့ အချိန်တိုအတွင်းမှာ ခြေစွမ်းပြနိုင်ခဲ့ပေမယ့် နောက်ပိုင်းမှာတော့ မာတစ် ခြေစွမ်းပြနိုင်ခြင်း မရှိပါဘူး။ မာတစ်ကို ပွဲထွက်လူစာရင်းကနေ နည်းပြမော်ရင်ညို ဘာကြောင့်ချန်လှပ်ထားခြင်းမရှိတာလဲဆိုတာကို မန်ယူကစားသမား အချို့က  မေးခွန်းထုတ်နေကြပါတယ်။



The Times သတင်းစာရဲ့အဆိုအရ ဘယ်လိုခြေစွမ်းပဲရှိရှိ နည်းပြမော်ရင်ညိုရဲ့ပွဲထွက်ကစားသမားစာရင်းမှာ မာတစ်ဆက်ကစားခွင့်ရမယ်လို့ မန်ယူကစားသမားတွေနဲ့ နည်းပြအဖွဲ့ဝင်တွေက ယုံကြည်နေတယ်လို့ ဖော်ပြခဲ့ပါတယ်။ ပြီးခဲ့တဲ့တနင်္ဂနွေနေ့က မန်စီးတီးကို (၃-၁)ဂိုးနဲ့ရှုံးခဲ့တဲ့ပွဲမှာ မာတစ်ရဲ့လူကပ်ကစားပုံအားနည်းမှုကြောင့်  မန်စီးတီးရဲ့တတိယဂိုးကို ဂန်ဒိုဂန် သွင်းယူနိုင်ခဲ့တာပါ။

အသက်(၃၀)အရွယ် ဘင်ဖီကာကစားသမားဟောင်းဟာ မန်ယူအသင်းမှာ သူ့ပထမဆုံးရာသီအတွင်း ပရီးမီးယားလိဂ် (၃၅)ပွဲ ပွဲထွက်ကစားခွင့်ရရှိခဲ့ပါတယ်။ အခုရာသီမှာလည်း ဒဏ်ရာကြောင့် နားနေခဲ့ရတဲ့ ဝုဗ်၊ ဘရိုက်တန်နဲ့ လက်စတာတို့ပွဲကိုသာ မာတစ် လွဲချော်ခဲ့ပါတယ်။ မာတစ်ဟာ အခုရာသီမှာ မန်ယူအသင်းအတွက် ပြိုင်ပွဲစုံ(၁၄)ပွဲကစားခွင့်ရရှိထားပါတယ်။

Share

Loading Next Article...
က္က