အာရှကလပ်တစ်ခုက ကမ်းလှမ်းခဲ့တာပါ။

ပြီးခဲ့တဲ့ ဇန်နဝါရီလအတွင်းက အာဆင်နယ်ကွင်းလယ်လူ မီဆွတ်အိုဇေးလ်ကို တစ်ပတ်လုပ်ခ ပေါင် (၁)သန်းအထိ ပေးချေပြီး ခေါ်ယူဖို့ ကမ်းလှမ်းမှုတွေ ရှိခဲ့တယ်လို့ Sportbible က ဖော်ပြခဲ့ပါတယ်။ အဆိုပါ ကမ်းလှမ်းမှုတွေကို အိုဇေးလ်က ငြင်းဆန်ပယ်ချခဲ့ပြီး အာဆင်နယ်မှာ ဆက်ကစားချင်တဲ့ အကြောင်းပြချက်နဲ့ မက်မောလောက်ဖွယ် ကမ်းလှမ်းမှုကို ပယ်ချခဲ့တာလို့ သိရပါတယ်။



Photo : Sportbible

 

အိုဇေးလ်ရဲ့ အေးဂျင့်ဖြစ်တဲ့ အာကတ်ဆိုဂတ်ရဲ့ ဖွင့်ထုတ်ပြောဆိုမှုအရ သိရှိခဲ့ရတာဖြစ်ပြီး အိုဇေးလ်ကို အာရှဘက်က အသင်းတွေက ကမ်းလှမ်းခဲ့တာလို့ သူက ပြောခဲ့ပါတယ်။ "အာရှဘက်ကနေ တကယ့်ကို ကြီးမားတဲ့ ကမ်းလှမ်းမှုမျိုး ရရှိခဲ့တာပါ၊ ပြောရရင်တော့ ရူးသွပ်လောက်စရာ ကမ်းလှမ်းမှုပေါ့ဗျာ၊ ဒါပေမယ့် မီဆွတ်က ငွေကြေးထက် ပိုအရေးကြီးတဲ့ အရာတွေကြောင့် ငြင်းပယ်ခဲ့ပါတယ်" လို့ ဆိုဂတ်က ပြောခဲ့ပါတယ်။

ရီးရဲလ်မက်ဒရစ်ရဲ့ အမြဲတမ်းနည်းပြ ဖြစ်လာတဲ့ ဆိုလာရီ 

Photo : Sportbible

 

လက်ရှိမှာလည်း အိုဇေးလ်ဟာ အာဆင်နယ်အသင်းရဲ့ လုပ်ခလစာအများဆုံးရရှိနေတဲ့ ကစားသမား ဖြစ်ပါတယ်။ တစ်ပတ်လုပ်ခ ပေါင် (၃)သိန်းခွဲအထိ အိုဇေးလ်က ရရှိနေတာဖြစ်ပြီး အသင်းမှာလည်း အဓိကကစားသမားအဖြစ် ခြေစွမ်းပြနေခဲ့ပါတယ်။ အိုဇေးလ်က ငွေကြေးထက် ပိုပြီးအရေးပါတဲ့ အရာတွေကို စဉ်းစားခဲ့တယ်လို့ ဆိုဂတ်က ထပ်ပြောခဲ့ပါတယ်။

 

"ငွေကြေးက တော်တော်လေးအရေးကြိးတဲ့ အရာတစ်ခုပါ၊ ဒါပေမယ့် လူတွေအားလုံး မေ့နေကြတာက ဘောလုံးလောကမှာ ဘောလုံးသမားရဲ့ စွမ်းရည်က စာချုပ်ချုပ်ဆိုဖို့ ညှိနိုင်းတဲ့အခါမှာ အရေးကြီးတယ်ဆိုတာပါပဲ၊ ဒီနေ့ခေတ်မှာက ဘောလုံးသမားတွေဟာ စီးပွားရေးအကျိုးအမြတ် အတွက် အရေးပါလာပါပြီ"

"မီဆွတ်က ဆိုရှယ်မီဒီယာပေါ်မှာလည်း ပရီးမီးယားလိဂ်ရဲ့ ဖော်လိုဝါအများဆုံးရှိတဲ့ ကစားသမားဖြစ်ပြီး  အာဆင်နယ်မှာ သူ့ဂျာစီက အရောင်းရဆုံးဆိုတာ ကျွန်တော် တွေ့လိုက်မိပါတယ်၊ ပြီးတော့ သူက မတူညီတဲ့ နိုင်ငံတွေမှာ ကစားဖူးပြီး ဂျာမနီမှာဆိုလည်း နံပါတ် (၁၀)ဂျာစီကို ဝတ်ဆင်ခဲ့သူပါ"

ပြီးတော့ ကမ္ဘာ့ဖလားကို ပိုင်ဆိုင်ခဲ့သူလည်း ဖြစ်ပါတယ်၊ ဒီတော့ သူ့ရဲ့ ဈေးကွက်က ကမ္ဘာအနှံ့မှာ ကျယ်ပြန့်နေတာပါ၊ ဒီတော့ သူ့ကို များပြားတဲ့ ငွေကြေးတွေနဲ့ ကမ်းလှမ်းခဲ့ကြပေမယ့် အိုဇေးလ်ကတော့ အာဆင်နယ်မှာ ဆက်ကစားချင်တဲ့အတွက် ငြင်းပယ်ခဲ့ပါတယ်" လို့ အိုဇေးလ်ရဲ့ အေးဂျင့်က ပြောသွားခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က