ရီးရဲမက်ဒရစ်အသင်းကို ပြောင်းရွှေ့ဖို့ ဆွေးနွေးနေတာပါ။

မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ကြယ်ပွင့်တောင်ပံကစားသမား အလက်ဆစ်ဆန်းချက်ဇ်ရဲ့အေးဂျင့်ဟာ ရီးရဲမက်ဒရစ်အသင်းနဲ့ အပြောင်းအရွှေ့ဖြစ်မြောက်ဖို့အတွက် ဆက်သွယ်ခဲ့တယ်လို့ စပိန်ကလာတဲ့သတင်းတွေအရ သိရပါတယ်။ ဆန်းချက်ဇ်ဟာ အာဆင်နယ်အသင်းကနေ ပြောင်းရွှေ့ခဲ့ချိန်ကတည်းက မန်ယူအသင်းမှာ ရုန်းကန်နေရပြီး ၂၉ ပွဲကစားပြီးချိန်မှာ ၄ ဂိုးသာ သွင်းယူထားပါတယ်။

sei_33861713-9bdc.jpg

Photos: Metro

 


အလက်ဆစ်ဆန်းချက်ဇ်ဟာ မန်ချက်စတာယူနိုက်တက်အသင်းမှာ မပျော်မရွှင်ဖြစ်နေတယ်လို့ သတင်းတွေထွက်ပေါ်နေသူဖြစ်ပြီး ဇန်နဝါရီအပြောင်းအရွှေ့ကာလမှာ အိုးထရက်ဖို့ဒ်ကနေ ထွက်ခွာလိုနေသူဖြစ်ပါတယ်။ အလက်ဆစ်ဆန်းချက်ဇ်ဟာ ပီအက်စ်ဂျီအသင်းကို ပြောင်းရွှေ့ဖို့ သတင်းတွေ ထွက်ပေါ်နေပြီး ပီအက်စ်ဂျီအသင်းဟာ လာမယ့်နွေရာသီမှာ နေမာ သို့မဟုတ် ဘတ်ပီ တစ်ဦးဦးထွက်ခွာခဲ့မယ်ဆိုရင် ဆန်းချက်ဇ်ကို မဖြစ်မနေခေါ်ယူမှာဖြစ်ပါတယ်။

စပိန်ရုပ်မြင်သံကြားအစီအစဉ်တစ်ခုဖြစ်တဲ့ El Chiringuito ရဲ့သတင်းအရ ဆန်းချက်ဇ်ဟာ ၎င်းရဲ့အေးဂျင့်ဖြစ်သူ ဖာနန်ဒိုဖီလီစီဗစ်ချ်ကို ၎င်းအတွက် အသင်းသစ်ရှာဖွေပေးဖို့ ညွှန်ကြားခဲ့ပြီး လက်ရှိအချိန်မှာ ဆန်းချက်ဇ်ရဲ့အေးဂျင့်ဟာ ရီးရဲမက်ဒရစ်အသင်းနဲ့ ပြောဆိုဆွေးနွေးမှုတွေ ပြုလုပ်နေပြီလို့ သိရပါတယ်။

Photos: Metro

 

ဆန်းချက်ဇ်ရဲ့အေးဂျင့်ဟာ လာမယ့်ဇန်နဝါရီလမှာ ဘာနေဗျူးကို ဆန်းချက်ဇ်ရောက်ရှိနိုင်ဖို့အတွက် ရီးရဲမက်ဒရစ်အသင်းနဲ့ ဆွေးနွေးနေတယ်လို့ သိရပြီး ရီးရဲမက်ဒရစ်အသင်းကလည်း မာရီယာနို တိုက်စစ်မှာ ခြေစွမ်းပြသဖို့ ရုန်းကန်နေရတာကြောင့် ဆောင်းရာသီအပြောင်းအရွှေ့ဈေးကွက်မှာ တိုက်စစ်ကို အင်အားဖြည့်တင်းဖို့ဆန္ဒရှိနေတယ်လို့ သိရပါတယ်။

ဆန်းချက်ဇ်ဟာ အလယ်မှာရော၊ ဘယ်တောင်ပံမှာပါ ကစားနိုင်တာဟာ ရီးရဲမက်ဒရစ်အသင်းကို ဆွဲဆောင်နိုင်တဲ့အနေအထားတစ်ခုဖြစ်လာခဲ့ပြီး ဆန်းချက်ဇ်ဟာ ပြီးခဲ့တဲ့တနင်္ဂနွေနေ့က မန်ချက်စတာစီးတီးအသင်းကို ၃ ဂိုး ၁ ဂိုးနဲ့ ရှုံးနိမ့်ခဲ့တဲ့ မန်ချက်စတာဒါဘီပွဲစဉ်မှာ ပွဲထွက်ကစားသမားစာရင်းကနေ ချန်လှပ်ခံခဲ့ရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က