ခံစစ်ကစားသမားအသစ် ခေါ်ယူနိုင်ပါက ရောင်းထုတ်သွားမှာပါ။

မန်ချက်စတာယူနိုက်တက်အသင်းရဲ့ နည်းပြ မော်ရင်ဟိုဟာ အသင်းရဲ့ ကစားသမား (၂)ဦးကို ဇန်နဝါရီ အပြောင်းအရွှေ့ ကာလမှာ ရောင်းချသွားဖို့ ရှိတယ်လို့ သိရပါတယ်။ မော်ရင်ဟိုအနေနဲ့ ဇန်နဝါရီမှာ သူ အလိုရှိတဲ့ ခံစစ်ကစားသမားတွေ ရရှိခဲ့မယ်ဆိုရင် အသင်းမှာ ရှိနေတဲ့ မားကို့စ်ရိုဟို နဲ့ အဲရစ်ဘိုင်ယီတို့ကို ပြန်လည်ရောင်းထုတ်သွားဖို့ စဉ်းစားထားတာ ဖြစ်တယ်လို့ Sportbible က ဖော်ပြခဲ့ပါတယ်။

Photo : Sportbible

 

ပြီးခဲ့တဲ့ အပြောင်းအရွှေ့ဈေးကွက်မှာကတည်းက မော်ရင်ဟိုက ခံစစ်ကစားသမားတွေကို ဝယ်ယူဖို့ ကြိုးစားခဲ့ပြီး လက်စတာနောက်ခံလူ မက်ဂွဲယား၊ ဘိုင်ယန်နောက်ခံလူ ဘိုတန်၊ စပါးနောက်ခံလူ အယ်ဒါဝီရယ် နဲ့ အက်သလက်တီကိုအသင်းက ဒီယေဂိုဂိုဒင်တို့ကို ခေါ်ယူဖို့ ကြိုးစားခဲ့ပေမယ့် သူ အလိုရှိခဲ့တဲ့ ကစားသမားတွေကို ခေါ်ယူနိုင်ခဲ့ခြင်း မရှိခဲ့ပါဘူး။

အသင်းခံစစ်ပိုင်း အားနည်းမှုတွေရှိနေတယ်လို့ မော်ရင်ဟိုက ပြောဆိုခဲ့ပြီး လက်ရှိနောက်တန်းအနေအထားနဲ့ ဆုဖလားမျှော်လင့်ချက် နည်းပါးမယ်လို့ ရာသီအစက ပြောကြားခဲ့ဖူးပါတယ်။ လက်ရှိမှာလည်း မန်ယူအသင်းဟာ ခံစစ်ပိုင်းအားနည်းမှုတွေနဲ့ ရင်ဆိုင်နေရပြီး ဒီရာသီမှာ ပွဲစဉ်တိုင်း လိုလိုကို သွင်းဂိုးတွေ ခွင့်ပြုနေရပါတယ်။

Photo : Sportbible

 

Telegraph ရဲ့ ဖော်ပြချက်အရလည်း မော်ရင်ဟိုက ဇန်နဝါရီမှာ ခံစစ်ကစားသမားသစ် ဝယ်ယူနိုင်ခဲ့ပါက ရိုဟို နဲ့ ဘိုင်ယီတို့ကို ပြန်လည်ရောင်းထုတ်သွားဖို့ ရှိတယ်လို့ သိရပါတယ်။ လက်ရှိမှာ မော်ရင်ဟိုက အင်တာမီလန် နောက်ခံလူ ရှကရီနာ နဲ့ အယ်ဒါဝီရယ်တို့ကို ခေါ်ယူပေးဖို့ အသင်းကို တောင်းဆိုထားပြီး ဖီအိုရင်တီးနားနောက်ခံလူ နီကိုလာမီလန်ကိုဗစ်ကိုလည်း ခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။

ဒါကြောင့်မို့ ဇန်နဝါရီအပြောင်းအရွှေ့ကာလမှာ မန်ချက်စတာယူနိုက်တက်အသင်းကို အပြောင်းအရွှေ့ဈေးကွက်အတွင်း ခြေသွက်လက်သွက်နဲ့ လှုပ်ရှားနိုင်မယ်လို့ မျှော်လင့်ရပါတယ်။ လက်ရှိမှာလည်း ပရီးမီးယားလိဂ်မှာ ထိပ်ဆုံး (၄)သင်း စာရင်းဝင်ဖို့အတွက်သာ မျှော်လင့် ရတော့မှာမို့လည်း အသင်းကို အင်အားဖြည့်တင်းမှုတွေ သေချာပေါက် လုပ်ဆောင်မယ်လို့လည်း ခန့်မှန်းရပါတယ်။

Share

Loading Next Article...
က္က