ဇန်နဝါရီလမှာ ခေါ်ယူသွားမှာပါ။

လီဗာပူးလ်အသင်းဟာ ဇန်နဝါရီအပြောင်းအရွှေ့ကာလမှာ ဘာစီလိုနာကစားသမား အူစမန်ဒမ်ဘီလီကို ကလပ်စံချိန်တင် ပြောင်းရွှေ့ကြေးနဲ့ ဝယ်ယူဖို့ အသင့်ဖြစ်နေပြီလို့ သိရပါတယ်။ 90 min သတင်းဌာနရဲ့ ဖော်ပြချက်အရ ဒမ်ဘီလီအတွက် လီဗာပူးလ်က ပေါင်၈၅သန်းထိ အသုံးပြုသွားမယ်လို့လည်း သိရပါတယ်။



Photo : 90 min

 

ပြင်သစ်လက်ရွေးစင်ကစားသမားဟာ လက်ရှိမှာ အသင်းနဲ့ ဆက်ဆံရေးအဆင်မပြေဖြစ်နေပြီး လူစာရင်းကနေလည်း ချန်လှပ်ခံခဲ့ရမှုတွေ ရှိခဲ့ပါတယ်။ လေ့ကျင့်ကွင်းကို နောက်ကျမှ ရောက်လာခဲ့တဲ့ ဒမ်ဘီလီကို နည်းပြ ဗယ်လ်ဗာဒီက ဒေါသထွက်နေပြီး ရီးရဲလ်ဘက်တစ်နဲ့ ကစားခဲ့တဲ့ လာလီဂါပွဲမှာ ချန်လှပ်ခဲ့တာပါ။

ခေါင်းပန်းလှန်ဖို့ အကြွေစေ့မေ့ကျန်ခဲ့လို့ ဗိုလ်ကျားသေနတ်ဆွဲခိုင်းခဲ့တဲ့ ကွင်းလယ်ဒိုင် 

ဒေါ့မွန်အသင်းက ဘာစီလိုနာအသင်းကို ယူရို၁၁၅သန်းနဲ့ ပြောင်းရွှေ့လာခဲ့တဲ့ ဒမ်ဘီလီဟာ လာမယ့် ဆောင်းရာသီအပြောင်းအရွှေ့မှာ အသင်းကနေ ပြန်လည်ပြောင်းရွှေ့ဖို့ နီးစပ်နေပြီလို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။ ဒမ်ဘီလီကို အာဆင်နယ်အသင်းကလည်း စိတ်ဝင်စားနေပြီး လီဗာပူးလ်နည်းပြ ယာဂင်ကလော့ပ်ကတော့ သူ့အသင်းရဲ့ တိုက်စစ်ပိုင်းအတွက် အလိုရှိနေတာပါ။

Photo : 90 min

 

ဒမ်ဘီလီကို ခေါ်ယူတဲ့နေရာမှာ မြင့်မားတဲ့ ပြောင်းရွှေ့ကြေးကို အသုံးပြုရမယ်လို့ နားလည်ထားပြီးနောက် လီဗာပူးလ်က ကလပ်စံချိန်တင်ပြောင်းရွှေ့ကြေး ပေးချေပြီး ခေါ်ယူဖို့ စီစဉ်နေတာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီ အပြောင်းအရွှေ့ကာလတုန်းကလည်း လီဗာပူးလ်အသင်းဟာ နောက်ခံလူ ဗန်ဒိုက်ကို ပေါင် (၇၅)သန်းပေးချေပြီး ခေါ်ယူခဲ့ဖူးပါတယ်။

ဒီနှစ်ဘောလုံးရာသီအစမှာလည်း ရိုးမားဂိုးသမား အယ်လစ်ဆန်အတွက် လီဗာပူးလ်အသင်းဟာ ပေါင်သန်း (၆၀)ကျော်အထိ အသုံးပြုခဲ့ပြီး ဂိုးသမားအတွက် ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေးကို အသုံးပြုခဲ့တာပါ။ ဒါပေမယ့် သိပ်မကြာခင်မှာပဲ ဒီစံချိန်ကို ဘီဘာအိုကနေ ချယ်လ်ဆီးကို ပြောင်းရွှေ့လာတဲ့ ဂိုးသမားကီပါ ပေါင်သန်း (၇၀)ကျော်ဆိုတဲ့ ပမာဏနဲ့ ချိုးဖျက်သွားခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က