အသင်းဖော်တွေကို ပြစ်တင်ဝေဖန်ခဲ့ပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းရဲ့တောင်ပံကစားသမား အလက်ဆစ်ဆန်းချက်ဇ်ဟာ မန်ချက်စတာစီးတီးအသင်းကို ရှုံးနိမ့်ခဲ့တဲ့ မန်ချက်စတာဒါဘီပွဲစဉ်အပြီးမှာ ဒေါသထွက်နေခဲ့တယ်လို့ သိရပြီး အသင်းဖော်တွေကို အဝတ်လဲခန်းထဲမှာ ပြစ်တင်ကျိန်းမောင်းခဲ့တယ်လို့ သိရပါတယ်။

gettyimages-1060238588-03bd.jpg

Photos: Metro


မန်ချက်စတာစီးတီးအသင်းကို ၃ ဂိုး ၁ ဂိုးနဲ့ ရှုံးနိမ့့်ခဲ့တဲ့ပွဲစဉ်မှာ မန်ချက်စတာယူနိုက်တက်အသင်းရဲ့နည်းပြမော်ရင်ဟိုဟာ အလက်ဆစ်ဆန်းချက်ဇ်ကို အံ့အားသင့်ဖွယ် အရန်ခုံမှာ ထိုင်ခိုင်းခဲ့ပြီး ဆန်းချက်ဇ်က ယခုအပတ်အတွင်းမှာ အိုးထရက်ဖို့ဒ်ကနေ ထွက်ခွာလိုနေတယ်လို့ သတင်းတွေ ထွက်ပေါ်နေတာဖြစ်ပါတယ်။

အလက်ဆစ်ဆန်းချက်ဇ်ဟာ မန်ချက်စတာယူနိုက်တက်အသင်းရဲ့အဝတ်လဲခန်းအတွင်းမှာ သီးခြားနေတတ်တဲ့လူစားမျိုးဖြစ်ပြီး အသင်းဖော်တွေကိုတောင် စကားပြောခဲတယ်လို့ သိရပါတယ်။ ဒါပေမယ့် The Sun ရဲ့ရေးသားချက်အရ ဆန်းချက်ဇ်ဟာ မန်စီးတီးကို ရှုံးနိမ့်ခဲ့တဲ့ပွဲအပြီးမှာ အဝတ်လဲခန်းအတွင်း ပေါက်ကွဲခဲ့တယ်လို့ သိရပါတယ်။

Photos: Metro

 

ဆန်းချက်ဇ်ဟာ အရန်ခုံမှာ ထိုင်ခိုင်းဖို့ ဆုံးဖြတ်ခဲ့တဲ့ နည်းပြမော်ရင်ဟိုရဲ့ဆုံးဖြတ်ချက်နဲ့ပတ်သက်ပြီး ဒေါသထွက်နေခဲ့တာဖြစ်ပြီး ပွဲအပြီးမှာတော့ အဝတ်လဲခန်းအတွင်း ၎င်းရဲ့ဖိနပ်ကို ကြမ်းပြင်ပေါ်ကို ဒေါသတကြီးနဲ့ ဆောင့်အောင့်ပြီး ပစ်ချခဲ့တယ်လို့ သိရပါတယ်။ ဆန်းချက်ဇ်ဟာ မန်စီးတီးနဲ့ပွဲစဉ်က မန်ချက်စတာယူနိုက်တက်အသင်းရဲ့ခံစစ်အဆင့်အတန်းနဲ့ပတ်သက်ပြီး အသင်းဖော်တွေကိုလည်း ပွင့်ပွင့်လင်းလင်းဝေဖန်ခဲ့တယ်လို့ သိရပါတယ်။

အလက်ဆစ်ဆန်းချက်ဇ်ဟာ မန်ချက်စတာစီးတီးအသင်းနဲ့ပွဲစဉ်က နည်းပြမော်ရင်ဟိုရဲ့ ခံစစ်ပိုင်းအပေါ် ချဉ်းကပ်ပုံကို မပျော်မရွှင်ဖြစ်နေတာဖြစ်ပြီး အသက် ၂၉ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဆန်းချက်ဇ်ဟာ လက်ရှိအချိန်မှာ နိုင်ငံတကာပွဲစဉ်တွေကစားဖို့အတွက် ချီလီလက်ရွေးစင်အသင်းကို ရောက်ရှိနေသူဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က