ပရီးမီးယားလိဂ်မှာပဲ ဆက်ရှိနေလိုသူပါ။

မန်ချက်စတာယူနိုက်တက်အသင်းရဲ့ အသင်းခေါင်းဆောင် အန်တိုနီယိုဗလင်စီယာဟာ မန်ယူအသင်းနဲ့ စာချုပ်သစ် ချုပ်ဆိုနိုင်ခြင်းမရှိခဲ့ဘူးဆိုရင်တောင်မှ ပရီးမီးယားလိဂ်မှာပဲ ဆက်လက်ရှိနေလိုတယ်လို့ Metro က ဖော်ပြခဲ့ပါတယ်။ အသက် ၃၃ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဗလင်စီယာဟာ ယခုရာသီကုန်မှာ အသင်းနဲ့စာချုပ်သက်တမ်းကုန်ဆုံးတော့မှာဖြစ်ပါတယ်။

FBL-ENG-PR-ARSENAL-MAN-UTD-1542372277-1024x576.jpg

Photos: Onefootball English



ဗလင်စီယာဟာ ပြီးခဲ့တဲ့ ၂ ရာသီလောက်ကအထိ ညာနောက်ခံကစားသမားနေရာအတွက် နည်းပြမော်ရင်ဟိုရဲ့ ပထမဦးစားပေးရွေးချယ်ခံခဲ့ရတဲ့ကစားသမားဖြစ်ပေမယ့် ယခုရာသီမှာတော့ ၅ ပွဲသာပါဝင်ကစားခွင့်ရရှိထားပြီး အောက်တိုဘာလ ၂ ရက်နေ့ကတည်းက နောက်ထပ်တစ်ကြိမ် ပါဝင်ကစားခွင့်မရရှိခဲ့သူဖြစ်ပါတယ်။

မော်ရင်ဟိုဟာ ပြီးခဲ့တဲ့နွေရာသီမှာ ရာသီကြိုခြေစမ်းပွဲတွေကစားဖို့အတွက် ကြံ့ခိုင်မှုမပြည့်ဝဘဲ ပြန်လည်ရောက်ရှိလာတဲ့ ဗလင်စီယာကို လူသိရှင်ကြား ဝေဖန်ခဲ့ပြီး ပြီးခဲ့တဲ့လကလည်း အားကစားခန်းမမှာ လေ့ကျင့်ခန်းပြုလုပ်နေတဲ့ ဗီဒီယိုကို တင်ခဲ့တဲ့ ဗလင်စီယာကို လှောင်ပြောင်ခဲ့ပါသေးတယ်။

Photos: Metro

 

"ကျွန်တော် သူ့ရဲ့အင်စတာဂရမ်မှာ ဟာသတချို့ကို ကြည့်ခဲ့ပါတယ်။ သူူ ပြောတာက အားကစားခန်းမမှာ အလုပ်လုပ်၊ အလုပ်လုပ်နေတယ်ဆိုပဲ"

"သူ ပြောသင့်တာက ကျွန်တော် တစ်ယောက်တည်း အလုပ်လုပ်နေတယ်လို့ ပြောရမှာပါ။ ဘာလို့လဲဆိုတော့ ကျွန်တော် ဒဏ်ရာရခဲ့လို့ အသင်းနဲ့အတူ မလေ့ကျင့်နိုင်လို့ပါဆိုပြီး ပြောသင့်တာ"

"အဲဒီတော့ သူ အားကစားခန်းမရောက်နေရတဲ့ အကြောင်းအရင်းက အဲဒါပဲ။ သူ ဒဏ်ရာရနေလို့ အသင်းနဲ့အတူ မလေ့ကျင့်နိုင်တာကြောင့်ပဲ"

"ကျွန်တော် ထင်တာက သူ အရမ်းကို ကြိုးကြိုးစားစား အလုပ်လုပ်နေတယ်တဲ့ပုံပါပဲ။ ဒါပေမယ့် ဘောလုံးမရှိဘဲ၊ အသင်းနဲ့မရှိဘဲ အလုပ်လုပ်နေတာပါ။ သူ မရွေးချယ်ခံရတာာကို ခင်ဗျား သေချာစဉ်းစားကြည့်မယ်ဆိုရင် သူ အဆင်သင့်မဖြစ်သေးတာကြောင့်ပဲ"လို့ ပြောကြားခဲ့ပါတယ်။

ဗလင်စီယာဟာ ယခုရာသီကုန်အထိ အသင်းနဲ့ နောက်ထပ်စာချုပ်သစ် ချုပ်ဆိုနိုင်ခဲ့ခြင်းမရှိဘူးဆိုရင်တောင်မှ အခြားလိဂ်တွေကို သွားရောက်ကစားလိုတဲ့ဆန္ဒမရှိဘဲ မန်ချက်စတာယူနိုက်တက်အသင်းရဲ့ပြိုင်ဘက်ဖြစ်တဲ့ အခြားပရီးမီးယားလိဂ်အသင်းတွေကို ပြောင်းရွှေ့ပြီး ပရီးမီးယားလိဂ်မှာ ဆက်ရှိနေလိုတဲ့ဆန္ဒရှိနေတယ်လို့ Metro က ရေးသားခဲ့ပါတယ်။

Share

Loading Next Article...
က္က