နောက်ခံကစားသမားကို (၄)နှစ်သက်တမ်းရှိ စာချုပ်သစ်ချုပ်ခဲ့တာပါ။

ချယ်လ်ဆီးအသင်းဟာ အသင်းရဲ့ နောက်ခံကစာသမား ဆီဆာအက်ဇ်ပီလီကွေတာကို ၂၀၂၂ ခုနှစ်အထိ အသင်းမှာ ဆက်ရှိနေမယ့် စာချုပ်သစ်တစ်ရပ်ကို ချုပ်ဆိုသွားနိုင်ခဲ့ပါတယ်။ 90 min ရဲ့ ဖော်ပြချက်အရ ချယ်လ်ဆီးအသင်းမှာ အသင်းခေါင်းဆောင်တာဝန်ကို ယူထားရတဲ့ စပိန်ကစာသမားဟာ ချယ်လ်ဆီးကစားသမားဘဝအဖြစ် အချိန်အတော်ကြာ ဆက်ရှိနေဦးမယ်လို့ သိရပါတယ်။

Photo : 90 min

 

စာချုပ်သစ်ချုပ်ဆိုအပြီးမှာ ချယ်လ်ဆီးအသင်းရဲ့ တရားဝင်ဝက်ဘ်ဆိုက်ကတဆင့် အက်ဇ်ပီလီကွေတာက အခုလိုပြောခဲ့ပါတယ်။ " ချယ်လ်ဆီးမှာ ဆက်ရှိနေမှာဖြစ်တဲ့အတွက် အရမ်းပျော်ရွှင်မိပါတယ်၊ ဒီအသင်းကို စရောက်ကတည်းက အသင်းအတွက် အကောင်းဆုံး တာဝန်ယူ ပေးဖို့အတွက် ဆုံးဖြတ်ထားခဲ့ပြီးသားပါ၊ ကွင်းအတွင်းမှာလည်း ကျွန်တော့်ရဲ့ အကောင်းဆုံးစွမ်းဆောင်ရည်ကို ပြသဖို့ အမြဲကြိုးစားခဲ့ပါတယ်" လို့ သူက ပြောပါတယ်။

Photo : 90 min

ချယ်လ်ဆီးအသင်းရဲ့ ဒါရိုက်တာ မာရီနာကလည်း "ဆီဆာက အသင်းရဲ့ အတွေ့အကြုံရင့်ကစားသမားတွေထဲက တစ်ဦးပါ၊ ပြီးခဲ့တဲ့ (၆)နှစ်လုံးလုံးမှာ သူ့ရဲ့ စွမ်းဆောင်ရည်ကို ပြသနိုင်ခဲ့ပြီးတော့ ပရော်ဖက်ရှင်နယ်ပီသမှု၊ တည်ငြိမ်မှုတွေနဲ့အတူ တိုးတက်လာခဲ့ပြီး အသင်းမှာ လွှမ်းမိုးနိုင်မှုရှိတဲ့ ကစားသမားတစ်ယောက် ဖြစ်လာခဲ့ပါတယ်"

"ဒီစာချုပ်သစ်အရ သူက အသင်းမှာ (၁၀)ရာသီကြာ ကစားပေးနိုင်တော့မှာပါ၊ လာမယ့် လေးနှစ်မှာလည်း အသင်းအတွက် အရေးပါတဲ့ ကစာသမားတစ်ယောက်အနေနဲ့ အောင်မြင်မှုတွေကို သူ ဆောင်ကြဉ်းပေးနိုင်ဖို့ မျှော်လင့်မိပါတယ်" လို့ ပြောဆိုသွားခဲ့ပါတယ်။

အက်ဇ်ပီလီကွေတာကတော့ လက်ရှိအချိန်ထိ ချယ်လ်ဆီးအတွက် ပြိုင်ပွဲစုံစုစုပေါင်း (၂၉၈) ပွဲကစားပေးထားပြီး (၈)ဂိုး သွင်းယူပေးထားသူ ဖြစ်ပါတယ်။ ၂၀၁၂ ခုနှစ် သြဂုတ်လမှာ ပြင်သစ်ကလပ် မာဆေးလ်အသင်းကနေ ချယ်လ်ဆီးကို ပြောင်းရွှေ့ကြေး ပေါင် (၇)သန်းနဲ့ ပြေင်းရွှေ့လာခဲ့ပြီးနောက် အသင်းမှာ ပုံမှန်ခြေစွမ်းပြသနိုင်ခဲ့သလို လက်ရှိမှာလည်း အသင်းရဲ့ အသင်းခေါင်းဆောင်ဖြစ်လာခဲ့တဲ့အထိ သူ့ရဲ့စွမ်းဆောင်ရည်ကို ပြသနိုင်ခဲ့ပါတယ်။

Share

Loading Next Article...
က္က