တစ်ဖက်နှစ်ဂိုးစီ သရေကျခဲ့တာပါ။

မနေ့ညက ကစားခဲ့တဲ့ မန်ချက်စတာယူနိုက်တက် နဲ့ အာဆင်နယ်တို့ရဲ့ ပွဲက တစ်ဖက်ကို နှစ်ဂိုးစီနဲ့ သရေပွဲဖြစ်ခဲ့ပါတယ်။ ပွဲချိန်အတွင်း အကြိတ်အနယ်ကစားပုံတွေကို မြင်တွေ့ခဲ့ရပြီး ဟိုတချိန်က ယူနိုက်တက် နဲ့ အာဆင်နယ်တို့ရဲ့ ပြိုင်ဆိုင်မှု ပြင်းထန်ခဲ့တဲ့ ပွဲစဉ်တွေ ကိုလည်း အမှတ်ရစရာတွေ ဖြစ်ခဲ့ပါတယ်။

ဒါ့အပြင် ပွဲပြီးဆုံးသွားခဲ့ပေမယ့်လည်း ပွဲအပြီးမှာ ပြောစရာအဖြစ်အပျက်တွေက ကျန်ရှိနေခဲ့ပါတယ်။ အဲဒါတွေကတော့..။



၁။ ဂွမ်ဒေါင်ဇီရဲ့ ဆံပင်ကို ဆွဲခဲ့တဲ့ ဖယ်လိုင်နီ

Photo : Daily Mail



ဂွမ်ဒေါင်ဇီ ဘောလုံးဆွဲပြေးလာချိန်မှာ ဖယ်လိုင်နီက လိုက်လံဖျက်ထုတ်ဖို့ ကြိုးစားခဲ့ပါတယ်။ ဒါပေမယ့်လည်း ဂွမ်ဒေါင်ဇီက ဖယ်လိုင်နီကို ကျော်ဖြတ်နိုင်ခဲ့ပြီး ဘောလုံးကို အရယူသွားနိုင်ခဲ့ချိန်မှာ ဖယ်လိုင်နီက ဂွမ်ဒေါင်ဇီရဲ့ ဆံပင်ကို နောက်ကနေ ဆွဲထားခဲ့ပါတယ်။

ဒီအတွက် ကွင်းလယ်ဒိုင်က ပြစ်ဒဏ်ဘောသတ်မှတ်ပေးခဲ့ပါတယ်။ ဒီအပြုအမူအတွက် ဖယ်လိုင်နီကို အဝါကတ်ပြဖို့ ဂွမ်ဒေါင်ဇီက တောင်းဆိုခဲ့ ပေမယ့်လည်း ကွင်းလယ်ဒိုင်ကတော့ ပြစ်ဒဏ်ဘောသာ သတ်မှတ်ပေးခဲ့ပါတယ်။

၂။ ဒီဂီယာလက်ထဲက ဘောလုံးကို ခေါင်းနဲ့လုတိုက်ခဲ့တဲ့ လာကာဇက်

Photo : Daily Mail

အဖြစ်က အာဆင်နယ်တိုက်စစ်မှူး အွန်နရီရဲ့ ဂိုးသမားလက်ထဲက ဘောလုံးကို အလစ်ချောင်းပြီး ကန်သွင်းခဲ့ပုံကို သတိရစေခဲ့ပါတယ်။ ဘောလုံးကို အမိအရ ဖမ်းယူနိုင်ခဲ့ပြီးနောက် အသင်းဖော်တွေကို နေရာယူဖို့ ညွှန်ကြားနေခဲ့တဲ့ အချိန်မှာ ဒီဂီယာရဲ့ လက်ထဲက ဘောလုံးကို လာကာဇက်က ခေါင်းနဲ့ တိုးဝှေ့တိုက်ပြီး ဂိုးသွင်းဖို့ ကြိုးစားခဲ့တာပါ။

ငိုအားထက် ရယ်အားသန်ဆိုသလိုပါပဲ၊ ဒီဂီယာရဲ့ လက်ထဲကနေ ဘောလုံးက လေထဲကို မရောက်သေးချိန်မှာ လာကာဇက်က ပြုမူခဲ့တာဖြစ်တဲ့အတွက် ပိုပြီးတော့ ဟာသဆန်ခဲ့ပါတယ်။

၃။ ကလေးငယ်ကို ပြန်တောင်းပန်ခဲ့တဲ့ မော်ရင်ဟို

Photo : Daily Mail



မော်ရင်ဟိုဆီက မြင်ရခဲလှတဲ့ အပြုံးကို မြင်တွေ့ခဲ့ရတဲ့ ညတစ်ညပါပဲ။ ကွင်းလယ်ဒိုင်လူကြီးရဲ့ ဆုံးဖြတ်ချက်အပေါ်ကို မကျေမနပ်ဖြစ်ခဲ့တဲ့ မော်ရင်ဟိုဟာ နည်းပြထိုင်ခုံကနေ ထလာခဲ့ပြီးနောက် ပွဲကြည့်စင်နံရံကို ခြေထောက်နဲ့ ပိတ်ကန်သွားခဲ့ပါတယ်။ ဒီအချိန်မှာ ပွဲလာရောက် ကြည့်ရှုတဲ့ ကလေးငယ်က မော်ရင်ဟိုရဲ့ အဖြစ်အပျက်ကို မြင်တွေ့သွားခဲ့ပါတယ်။

အဲဒီနောက်မှာတော့ မော်ရင်ဟိုက သူ့ရဲ့ ကြမ်းတမ်းတဲ့ အပြုအမူအတွက် ကလေးငယ်ကို ပြုံးပြခဲ့ပြီး ကလေးငယ်ဆီ သွားရောက်ကာ လက်ဆွဲနှုတ်ဆက်ပြီး ပြန်လည်တောင်းပန်ခဲ့ပါတယ်။ ချစ်စဖွယ်အလေ့အထနဲ့ ဓလေ့ကို မြင်တွေ့ခဲ့ရတာလည်း ဖြစ်ပါတယ်။

၄။ ထူးထူးဆန်းဆန်းနဲ့ပဲ ဒဏ်ရာရခဲ့တဲ့ လာကာဇက်

Photo : Daily Mail



လာကာဇက်က ကွင်းထဲဝင်ပြီး သိပ်မကြာခင်မှာပဲ အာဆင်နယ်အတွက် တစ်ဂိုးသွင်းခဲ့ပါတယ်။ ရိုဟိုရဲ့ လူပေးပုံမှားယွင်းမှုကနေ လာကာဇက်က ဘောလုံးရသွားခဲ့ပြီး ဆွဲပြေးကာ ကန်သွင်းယူခဲ့ပါတယ်။ ဒီအချိန်မှာ ရိုဟိုကလည်း အတင်းကြီးလိုက်လံဖျက်ထုတ်ခဲ့သလို အခြားနောက်ခံလူ တစ်ဦးဖြစ်တဲ့ ဘိုင်ယီကလည်း ဝင်ရောက်ဟန့်တားခဲ့ပါတယ်။

ဒီအတွက် သူတို့ (၃)ဦး ဧရိယာထဲမှာ လုံးထွေးနေခဲ့ပြီး ဘိုင်ယီဟာ လာကာဇက်ရဲ့ ခေါင်းပေါ် ပြုတ်ကျခဲ့ပါတယ်။ ဒီအတွက် လာကာဇက်လည်း ဒဏ်ရာအနည်းငယ် ရခဲ့ပြီး ဂိုးသွင်းယူနိုင်ခဲ့မှု အတွက် အောင်ပွဲတောင် မခံခဲ့နိုင်သလို သူ့ရဲ့ သွင်းဂိုးကို လင်ဂတ်က ချက်ချင်းကြီးချေပနိုင်ခဲ့လို့ ကံအဆိုးဆုံးလူသားရယ်လို့တောင် လာကာဇက်ကို ပြောရတော့မလိုပါပဲ။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က