ဖယ်လိုင်နီက ဂွမ်ဒေါင်ဇီရဲ့ ဆံပင်ကို ဆွဲခဲ့တဲ့ ဖြစ်ရပ်အပြီးမှာ ပြောလိုက်တာပါ။

အာဆင်နယ်အသင်းနည်းပြ အူနိုင်းအမ်မရီက သူ့အသင်းကွင်းလယ်ကစားသမား ဂွမ်ဒေါင်ဇီကို ဆံပင်ညှပ်ဖို့ လိုအပ်နေပြီလို့ အရွှန်းဖောက်ပြောဆိုလိုက်ပါတယ်။ အိုးထရက်ဖို့ဒ်မှာ ကစားခဲ့တဲ့ မန်ချက်စတာယူနိုက်တက်အသင်းနဲ့ပွဲမှာ ဂွမ်ဒေါင်ဇီရဲ့ ဆံပင်ကို ယူနိုက်တက်ကွင်းလယ်ကစားသမား ဖယ်လိုင်နီက ဆွဲခဲ့ပြီးနောက် အမ်မရီက ပြောကြားခဲ့တာ ဖြစ်ပါတယ်။



Photo : Golf Digest

 

တစ်ဖက်နှစ်ဂိုးစီနဲ့ ပြီးဆုံးခဲ့တဲ့ အိုးထရက်ဖို့ဒ်ပွဲစဉ်အတွင်းမှာ ဖယ်လိုင်နီနဲ့ ဘောလုံးယှဉ်လုနေခဲ့စဉ် ဂွမ်ဒေါင်ဇီက ဆံပင်ဆွဲခံခဲ့ရပါတယ်။ ဒီဖြစ်ရပ်မှာ ဖယ်လိုင်နီကို အဝါကတ်ပြားပြသဖို့အတွက် ဂွမ်ဒေါင်ဇီက ကွင်းလယ်ဒိုင်ကို ဖိအားပေးတောင်းဆိုခဲ့ပေမယ့်လည်း ဒိုင်လူကြီးကတော့ ပြစ်ဒဏ်ဘောအဖြစ်သာ သတ်မှတ်ပေးသွားခဲ့ပါတယ်။

Photo : 101 Great Goal

 

"ကျွန်တော် ကစားသမားဘဝတုန်းကလည်း ဒီလိုမျိုး တူညီတဲ့အဖြစ် ရှိခဲ့ဖူးတယ် ထင်ပါတယ်၊ ဒီနေ့ ဘောလုံးပွဲတွေမှာ ကင်မရာတွေက မိနစ် (၉၀)လုံးလုံး ကွင်းအတွင်းက အခြေအနေတွေကို ရိုက်ကူးနေနိုင်ပြီ ဖြစ်ပါတယ်၊ ဒီအတွက် အခုဖြစ်ပွားခဲ့တဲ့ ကွင်းအတွင်းက ဖြစ်ရပ်ကို အားလုံးကို လူတိုင်းတွေ့မြင်နိုင်မှာပါ၊ မေးခွန်းထုတ်စရာတွေလည်း ရှိခဲ့ပါတယ်"

"ဒီအဖြစ်အပျက်က ရုပ်ဆိုးခဲ့တယ်ဆိုရင်တော့ သူတို့တွေ အဝါကတ် ဒါမှမဟုတ် အနီကတ် ပြသခံခဲ့ရမှာပါ၊ ကျွန်တော့်အမြင်အရတော့ ဒါက ကစားသမားတွေကြားထဲက ပြသနာတစ်ခုပါပဲ၊ အကောင်းဆုံးတွေးတောမိတာကတော့ လာမယ့်ပွဲတွေမှာ ဂွမ်ဒေါင်ဇီအနေနဲ့ ဆံပင်ညှပ်လိုက်သင့်တယ်ဆိုတာပါပဲ၊ ဒါဆိုရင် ဒီလိုပြသနာတွေ ရှင်းလင်းသွားပါလိမ့်မယ်"

Photo : South African

 

"ဒီလိုပြောတာက ကစားသမားတွေအပေါ် မလေးစားလို့မဟုတ်ဘူး၊ သူတို့နှစ်သက်ရာ ထားရှိတဲ့ ဆံပင်ပုံစံနဲ့ ဆံပင်အရောင်တွေကို ကျွန်တော် လေးစားမှုရှိပါတယ်" လို့ အူနိုင်းအမ်မရီက ပြောကြားခဲ့ပါတယ်။ ဂွမ်ဒေါင်ဇီရဲ့ ဆံပင်ကို ဆွဲခဲ့တဲ့ ဖယ်လိုင်နီကလည်း သိပ်မကြာခင်ကမှ သူ့ရဲ့ ရှည်လျားတဲ့ ဆံပင်တွေကို ညှပ်ပစ်ခဲ့သူ ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က