လော်ရိုးနဲ့အတူ ခန့်မှန်းမှု ပြုလုပ်ခဲ့တာပါ။

လာမယ့်တစ်ပတ်မှာ ယှဉ်ပြိုင်ကစားမယ့် ပရီးမီးယားလိဂ်ပွဲစဉ်များကို နာမည်ကျော်ပွဲခန့်မှန်းသူ လော်ရိုးနဲ့အတူ ဘောက်ဆင်ထိုးသတ်သူ ဂျို့စ်ဝါရင်တန်တို့က ခန့်မှန်းမှုတွေ ပြုလုပ်ခဲ့ကြပါတယ်။ ဝါရင်တန်ဟာ ဖယ်သာဝိတ်တန်းရဲ့ ချန်ပီယံတစ်ဦးဖြစ်ပြီး စုစုပေါင်း (၂၇)ပွဲ ထိုးသတ်ထားရာမှာ ရှုံးပွဲမရှိထားပဲ (၂၇)ပွဲလုံးကို အနိုင်ရရှိထားသူ ဖြစ်ပါတယ်။

Photo : Sky Sports

 

ဒါ့အပြင် ဝါရင်တန်ဟာ လိဒ်ယူနိုက်တက်ရဲ့ ပရိသတ်တစ်ဦးဖြစ်ပြီး လိဒ်ယူနိုက်တက်အားပေးသူ ပရိသတ်များအဖွဲ့အစည်းရဲ့ ဥက္ကဌလည်း ဖြစ်ပါတယ်။ မေလအတွင်းက ထိုးသတ်ခဲ့တဲ့ လီဆယ်ဘီနဲ့ ပွဲမှာ အနိုင်ရရှိခဲ့ပြီးနောက် ဝါရင်တန်ဟာ လိဒ်ယူနိုက်တက် ပရိသတ် အဖွဲ့အစည်းမှာဥက္ကဌဖြစ်လာခဲ့တဲ့ ပထမဆုံးလက်ဝှေ့သမားလည်း ဖြစ်လာခဲ့ပါတယ်။

ဂွမ်ဒေါင်ဇီကို ဖယ်လိုင်နီလို ဆံပင်ညှပ်ဖို့ အကြံပေးလိုက်တဲ့ အူနိုင်းအမ်မရီ 

Photo : BBC

 

ဝါရင်တန်က သူ့ရဲ့ ခန့်မှန်းမှုတွေမှာ လီဗာပူးလ်၊ အာဆင်နယ်၊ ဘန်လေ၊ ဆောက်သမ်တန်၊ ဝက်စ်ဟမ်းတို့ကို အနိုင်ပေးထားခဲ့ပြီး ချယ်လ်ဆီးနဲ့ မန်စီးတီးတို့ရဲ့ပွဲကိုတော့ ချယ်လ်ဆီးရှုံးနိမ့်မယ်လို့ ခန့်မှန်းခဲ့ကာ လက်စတာနဲ့ စပါးပွဲကို တစ်ဖက်တစ်ဂိုးစီ သရေကျမယ်လို့ ခန့်မှန်းခဲ့ပါတယ်။ ထူးခြားချက်အနေနဲ့ မန်ချက်စတာယူနိုက်တက်နဲ့ဖူလ်ဟမ်တို့ပွဲကို ဝါရင်တန်က ခန့်မှန်းခဲ့ရာမှာ အံ့အားသင့်စရာ ဖြစ်ခဲ့ပါတယ်။

 

အိုးထရက်ဖို့ဒ်မှာ ကစားရမယ့်ပွဲဖြစ်ပေမယ့်လည်း ဖူလ်ဟမ်က မန်ချက်စတာယူနိုက်တက်ကို ၇-၀ နဲ့ အနိုင်ရသွားမယ်လို့ ဝါရင်တန်က ခန့်မှန်းခဲ့တာ ဖြစ်ပါတယ်။ အခြားပွဲစဉ်တွေဖြစ်တဲ့ နယူးကယ်နဲ့ဝုဗ်ပွဲကိုလည်း ဝါရင်တန်က သရေခန့်မှန်းခဲ့ပြီး အဲဗာတန်ကိုတော့ အနိုင်ပေးထားခဲ့ပါတယ်။ မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ပွဲကိုတော့ သူက ထူးထူးခြားခြားကြီး ခန့်မှန်းသွားခဲ့တာပါ။

လော်ရိုးနဲ့အတူ ဧည့်သည်အဖြစ် ခန့်မှန်ပေးဖို့ ဖိတ်ကြားခံခဲ့ရတဲ့ ဝါရင်တန်ရဲ့ ခန့်မှန်းချက်ဟာ မန်ချက်စတာယူနိုက်တက် ပရိသတ်တွေ အတွက်တော့ အမျက်ထွက်စရာ ဖြစ်ခဲ့ပါတယ်။ ဝါရင်တန်အနေနဲ့ မန်ချက်စတာယူနိုက်တက်အသင်းကို မုန်းတီးနေတာလား လို့ ထင်စရာဖြစ်ခဲ့ပြီး ဘယ်လိုမှမဖြစ်နိုင်တဲ့ ရလာဒ်နဲ့အတူ ခန့်မှန်းသွားခဲ့လို့ အားလုံးလည်း ပါးစပ်အဟောင်းနဲ့ အံ့အားသင့်ခဲ့ရတယ်လို့ BBC က ဖော်ပြသွားခဲ့ပါတယ်။

Share

Loading Next Article...
က္က