ရဟတ်ယာဉ်မှာ ချို့ယွင်းချက်ဖြစ်နေခဲ့တာပါ။

လက်စတာအသင်းပိုင်ရှင် ဗီချိုင်း လိုက်ပါစီးနင်းခဲ့တဲ့ ဟယ်လီကော်ပတာ ပျက်ကျရမှု အကြောင်းရင်းကို စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်ခဲ့ရာမှာ အဖြေပေါ်ထွက်လာခဲ့ပြီ ဖြစ်ပါတယ်။ အောက်တိုဘာလ (၂၇)ရက်နေ့က ဖြစ်ပွားခဲ့တဲ့ ဒီမတော်မဆမှုမှာ ဗီချိုင်းအပါအဝင် စုစုပေါင်း လူ (၅)ဦး အသက်ဆုံးရှုံးခဲ့ရတာဖြစ်ပါတယ်။

Photo : ITV.com

 

လက်စတာအသင်းရဲ့ ပွဲစဉ်ကို လာရောက်ကြည့်ရှုခဲ့ပြီး အပြန်မှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး အသင်းရဲ့အိမ်ကွင်း King Power ကွင်းအနီးနားမှာပဲ ပျက်ကျခဲ့ရတာဖြစ်ပါတယ်။ အားလုံးအတွက် ရှော့ခ်ဖြစ်စေခဲ့တဲ့ သတင်းဖြစ်ပြီး ဗီချိုင်း ပါဝင်ခြင်းရှိမရှိကို သိချင်နေခဲ့ကြပြီးနောက်မှာ သေဆုံးသူတွေထဲ ဗီချိုင်းပါဝင်ခဲ့တယ်လို့ လက်စတာစီးတီးအသင်းက တရားဝင် သတင်းထုတ်ပြန်ခဲ့ပါတယ်။

Photo : AS

 

ဟယ်လီကော်ပတာ ပျက်ကျရတဲ့ အကြောင်းအရင်းကို လေကြောင်းမတော်မဆမှုဖြစ်ရပ်များကို စုံစမ်းစစ်ဆေးတဲ့ ဌာနက အသေးစိတ် လိုက်လံစစ်ဆေးခဲ့ပြီးနောက် မနေ့ အဖြေထွက်ပေါ်လာခဲ့တာဖြစ်ပါတယ်။ အဆိုပါဌာနရဲ့ ပြောကြားချက်အရ ဟယ်လီကော်ပတာရဲ့ ဂီယာမောင်းတံနဲ့ နောက်ပန်ကာတို့ကို ချိတ်ဆက်ထားမှုမှာ အချိတ်အဆက် လွဲမှားနေခဲ့ပြီး ဒီအတွက် ရဟတ်ယာဉ်ကို မထိန်းသိမ်း နိုင်ခဲ့တော့ပဲ ပျက်ကျခဲ့ရတာ ဖြစ်တယ်လို့ စပိန်သတင်းစာ AS က ရေးသားဖော်ပြထားပါတယ်။

Photo : Manchester Evening News

 

ဟယ်လီကော်ပတာဟာ ပျက်ကျမှုဖြစ်ဖြစ်ချင်းမှာပဲ မီးလောင်ပေါက်ကွဲခဲ့ပြီး လိုက်ပါလာသူအားလုံးကို ပြန်လည်ကယ်ထုတ်နိုင်ခဲ့ခြင်း မရှိခဲ့ပါဘူး။ လိုက်ပါစီးနင်းသွားသူ အားလုံး အသက်ဆုံးရှုံးခဲ့ရပြီး ဘောလုံးလောကအတွက် ကြေကွဲစရာ ဇာတ်လမ်းတစ်ပုဒ် ဖြစ်လာ ခဲ့ပါတယ်။ လက်စတာအသင်းကို ပရီးမီးယားလိဂ်ချန်ပီယံဖြစ်အောင် အကောင်းဆုံး ပံ့ပိုးပေးနိုင်ခဲ့တဲ့ ဗီချိုင်းအတွက် အဖြစ်ဆိုးနဲ့ ကြုံတွေ့ခဲ့ရပါတယ်။

ဗီချိုင်းဟာ ထိုင်းနိုင်ငံရဲ့ (၅)ဦးမြောက် အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်ပြီး အသက် (၆၀)အရွယ် ရှိနေပြီ ဖြစ်ပါတယ်။ အသင်းရဲ့ အိမ်ကွင်းပွဲစဉ်တွေကို လာရောက်ကြည့်ရှုလေ့ရှိပြီး အားတက်သရော အားပေးနေခဲ့တဲ့ ဗီချိုင်းဟာ အဆိုပါနေ့ကလည်း ပွဲအပြီး သိပ်မကြာခင်မှာပဲ ပြန်လည်ထွက်ခွာခဲ့တာဖြစ်ပြီး ဟယ်လီကော်ပတာရဲ့ စက်ချို့ယွင်းခဲ့မှုကြောင့် အသက်ဆုံးရှုံးသွားခဲ့ရပါတယ်။

Share

Loading Next Article...
က္က