အဆင့်၄နေရာအတွင်းမဝင်ခဲ့ဘူးဆိုရင် လက်ရှိ နည်းပြ မော်ရင်ဟိုနဲ့မန်ချက်စတာယူနိုက်တက်အသင်းလမ်းခွဲမယ်ဆိုတဲ့သတင်းတွေထွက်ပေါ်နေပါတယ်။

တကယ်လို့သာ နည်းပြ မော်ရင်ဟိုနဲ့လမ်းခွဲခဲ့ရင် အစားထိုးဖို့အတွက် မန်ယူအသင်းရည်ရွယ်ထားတဲ့နည်းပြက ပိုချက်တီနိုဖြစ်တယ်လို့ အင်္ဂလန်မီဒီယာ The Sun ကဖော်ပြခဲ့ပါတယ်။ မန်ယူဟာ ပိုချက်တီနိုအတွက် စပါးကို ပေါင်သန်း ၄၀လျော်ကြေးပေးဖို့စီစဉ်ထားတယ်လို့လည်း သတင်းအရသိရပါတယ်။ 

NINTCHDBPICT0004542083672.jpg

Photo: The Sun

 

ဒီနှစ်ဘောလုံးရာသီမှာ မန်ချက်စတာယူနိုက်တက်အသင်းသာ အဆင့်၄နေရာအတွင်းမဝင်ခဲ့ဘူးဆိုရင် လက်ရှိ နည်းပြ မော်ရင်ဟိုနဲ့မန်ချက်စတာယူနိုက်တက်အသင်းလမ်းခွဲမယ်ဆိုတဲ့သတင်းတွေထွက်ပေါ်နေပါတယ်။ အင်္ဂလန်မီဒီယာ The Sun ရဲ့သတင်းတစ်ပုဒ်မှာဖော်ပြချက်အရ မော်ရင်ဟိုနဲ့မန်ယူလမ်းခွဲမယ့်သတင်းဟာ အတည်ပြုနိုင်ဖို့ ပိုမိုနီးစပ်လာနေပါပြီ။ ဒီသတင်းကတော့ စပါးနည်းပြ ပိုချက်တီနိုကို မန်ယူချိန်နေတယ်ဆိုတဲ့သတင်းပါ။ မန်ယူနဲ့မော်ရင်ဟို ဇာတ်လမ်းဆက်နိုင်ဖို့က ချန်ပီယံလိဂ် ဝင်ခွင့်အပေါ်ကို မူတည်နေပါတယ်။

Photo: The Sun

ဗီချိုင်း သေဆုံးခဲ့ရတဲ့ ရဟတ်ယာဉ်ပျက်ကျမှု အကြောင်းရင်းထွက်ပေါ်လာ 

ပိုချက်တီနိုဟာ ပြီးခဲ့တဲ့နွေရာသီကမှ တစ်နှစ်လုပ်ခလစာပေါင် ၈သန်းနဲ့ ငါးနှစ်သက်တမ်းတိုးစာချုပ်,ချုပ်ဆိုထားတာပါ။ ဒီအတွက် မန်ယူအသင်းဟာ ပိုချက်တီနိုကို နည်းပြသစ်ခန့်မယ်ဆိုရင် ပေါင်သန်း ၄၀လျော်ကြေးပေးရဖို့ရှိနေပြီး ဒီအတွက်လည်း မန်ယူကပြင်ဆင်ထားပြီး ဖြစ်တယ်လို့လည်း The Sun ကဖော်ပြထားပါတယ်။ မန်ချက်စတာယူနိုက်တက်အသင်းဟာ ပိုချက်တီနိုကိုရဖို့အတွက် ရီးယဲလ်မက်ဒရစ်အသင်းနဲ့ယှဉ်ပြိုင်ရဖို့ရှိနေပြီး မန်ယူကို ကာရစ်၊ ဘာဘာတော့ဗ် တို့ကိုရောင်းချခဲ့တဲ့ စပါးဥက္ကဌ ဒင်နီရယ်လီဗိုင်းကြောင့် မန်ယူအတွက်အသာရစေနိုင်ပါတယ်။

Photo: The Sun

 

ပိုချက်တီနိုဟာ ၂၀၁၄ကတည်းက ဆောက်သမ်တန်အသင်းကနေ စပါးကိုပြောင်းလာတဲ့သူဖြစ်ပြီး သူ့လက်ထက်မှာ စပါးကို အဆင့်၄အတွင်း သုံးကြိမ်ဝင်အောင် စွမ်းဆောင်ပေးထားနိုင်ပါတယ်။ ဒါပေမယ့် ဒီနှစ်ဘောလုံးရာသီမှာတော့ စပါးအသင်းဟာ ကစားသမားသစ်တစ်ဦးမှခေါ်ယူခဲ့ခြင်းမရှိပဲ လူငယ်တွေကို အစားထိုးပွဲထုတ်နေရတဲ့အခြေအနေက နည်းပြ ပိုချက်တီနိုအတွက် အခက်တွေ့နေစေပါတယ်။ မန်ယူနဲ့ ပိုချက်တီနိုရဲ့ဇာတ်လမ်းကတော့ ဘာဆက်ဖြစ်မလဲဆိုတာ ဆက်ပြီးစောင့်ကြည့်ရဦးမှာပါ။

Share

Loading Next Article...
က္က